backup og meta

နှမ်းကပေးတဲ့ အသားအရေ လှပမှု

နှမ်းကပေးတဲ့ အသားအရေ လှပမှု

တဖောက်ဖောက် နဲ့ စားကောင်းတဲ့ နှမ်းစေ့လေးက သင့် ကျန်းမာရေးကို သာမက အလှအပကိုပါ စောင့်ရှောက်မှု ပေးပါ သေးတယ်။ နှမ်းစေ့လေးတွေက ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက် ပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ အရေပြား ကျန်းမာစေဖို့ အာဟာရ ဖြည့်ပေးသလို အသားအရေ ကျန်းမာစေဖို့ လိုအပ်တဲ့ သွေးစီးဆင်းမှု ကောင်းစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ နှမ်းစေ့မှာ ပါတဲ့ omega-6၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ phosphorus၊ သံဓာတ်၊ ဗီတာမင် Bဗီတာမင် E တို့ကလည်း ပါဝင်နေပါတယ်။  ကဲ နှမ်းကပေးတဲ့ အသားအရေ လှပမှု ကို ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်နော်။

နှမ်းကပေးတဲ့ အသားအရေ လှပမှု

နှမ်းစေ့လေးက အသားအရေကို အခုလိုတွေ အထောက်အကူ ပြုပေးပါတယ်။ နှမ်းကပေးတဲ့ အသားအရေ လှပမှု ကတော့

အနာကျက်စေနိုင်တယ်

နှမ်းစေ့က ရောင်ရမ်းမှုကို ကျဆင်း စေနိုင်ပြီး အနာကျက် စေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိတာကြောင့် အရေပြားကို ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

နေလောင်တာကို သက်သာစေတယ်

နေတွေ၊ လေတွေကြောင့် နေလောင်တာကို သက်သာစေဖို့လည်း နှမ်းစေ့ကို အသုံးပြုလို့ ရပါတယ်။ ခရမ်းလွန် ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်တာ ကိုလည်း ကာကွယ်ပေး ပါတယ်။ အရေးအကြောင်း ဖြစ်တာကို ကာကွယ်ပေးပြီး အသားအရောင် ပြောင်းတာကို အထိရောက်ဆုံး ကာကွယ်ပေး ပါတယ်။ ကလိုရင်းကြောင့် အသားအရေ ထိခိုက်မှု မရှိစေဖို့လည်း ကာကွယ်ပေးပါတယ်။

အရေပြားက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်

နှမ်းစေ့မှာ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် အရေပြားက အဆိပ်အတောက် တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်။ နှမ်းစေ့ကို စားပေးတာ ဒါမှမဟုတ် အရေပြားမှာ နှမ်းဆီ လိမ်းပေးတာက အသားအရေကို အဆိပ်အတောက် ကင်းစေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်မှာပါ။

အသားအရေကို ကြည်လင်ဝင်းပစေတယ်

နှမ်းစေ့က လေဒီတိုင်း နှစ်ခြိုက်တဲ့ Glow Skin လေး ရစေဖို့လည်း အထောက်အကူ ပြုပေးပါသေးတယ်။  အသားအရေကို တင်းရင်းစေပြီး နူးညံ့စေပါတယ်။ အရေပြား ကျန်းမာဖို့ လိုအပ်တဲ့ အာဟာရ တွေကို ပြည့်ဝစေပြီး ထိခိုက် ရှနာတွေကို အမြန်ဆုံး သက်သာစေနိုင် ပါတယ်။ ချွေးပေါက်တွေကို ကျဉ်းစေနိုင် ပါတယ်။

နှမ်းကို ဒီတိုင်းစားပေးလို့ရသလို အသုပ်၊ ဟင်းချက်တဲ့ထဲ ထည့်ပြီးလည်း စားလို့ရပါတယ်။ အရေပြားမှာ လိမ်းမယ်ဆိုရင်တော့ အရေပြားမှာ လိမ်းဖို့ ထုတ်ထားတဲ့ နှမ်းဆီဖြစ်ဖို့ လိုပါတယ်။

အသားအရေ ကြည်လင်စေဖို့ ဆိုရင် နေ့စဉ် စားသောက်မှုကို သေချာလေး ဂရုစိုက်ဖို့ လိုသလို ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ ရေများများ သောက်တာ၊ အိပ်ရေးဝဝ အိပ်တာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ အသားအရေ ထိန်းသိမ်းမှုကိုလည်း မမေ့နဲ့ပေါ့နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sesame-Sesamum indicum https://www.healthbenefitstimes.com/health-benefits-sesame-seeds/ Accessed Date 7 July 2020

15 Health and Nutrition Benefits of Sesame Seeds https://www.healthline.com/nutrition/sesame-seeds Accessed Date 7 July 2020

SESAME https://www.webmd.com/vitamins/ai/ingredientmono-1514/sesame Accessed Date 7 July 2020

29 Amazing Benefits Of Sesame Seeds For Skin And Health https://www.stylecraze.com/articles/benefits-of-sesame-seeds-for-skin-hair-and-health/ Accessed Date 7 July 2020

ယခုပုံစံ

10/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စတော်ဘယ်ရီ နဲ့ အလှအပရေးရာ

ကြက်သွန်နီ လေးရဲ့ အလှအပကောင်းကျိုးတွေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 10/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement