backup og meta

ဆံနွယ်လေးတွေ စိတ်ကူးထားတဲ့အတိုင်းဖြစ်လာစေဖို့ ဘာတွေစားမလဲ

သူ့ဆံပင်လေးက နက်မှောင်နေတာပဲ။ ထူထူထဲထဲလေးနော်။ ငါလည်း သူ့လိုလှပတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်ချင်လိုက်တာလို့ စိတ်ကူးနေတဲ့ လေဒီလေးတွေ များရှိလား။ ဒါဆိုရင်တော့ စိတ်ကူးထားတဲ့အတိုင်း ဆံသားလေးလှပစေဖို့ ဘာတွေစားပေးရင်ရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ဆံနွယ်လေးတွေ စိတ်ကူးထားတဲ့အတိုင်းဖြစ်လာစေဖို့ ဒါတွေစားပါ

ဆံနွယ်လေး နက်မှောင်လှပနေမှုကလည်း သင့်ကို အလှတိုးစေမယ့်အရာတစ်ခုပါ။ ဒီတော့ ဆံနွယ်လေးကို စိတ်ကူးထားတဲ့အတိုင်းလှပနေစေဖို့ဆိုရင်

ဆံသားတောက်ပြောင် စေဖို့

ဆံသားတောက်ပြောင်စေဖို့အတွက် omega-3 fatty acids ကြွယ်ဝစွာပါဝင်နေတဲ့ ဆယ်လ်မွန်၊ ဆာဒင်း၊ မက်ကာရယ် တို့လိုမျိုးငါးတွေစားပေးပါ။ ခန္ဓာကိုယ်က ဒီအဆီကိုမထုတ်လုပ်နိုင်တာကြောင့် အစားအစာကနေ အဓိကရယူရမှာပါ။ ဒီအဆီက ရောဂါတွေကနေ ကာကွယ်ပေးသလို ဆံသားကို သန်စွမ်းစေပြီး နက်မှောင် တောက်ပြောင်စေမှာပါ။

ဆံပင်သန် စေဖို့

ဆံပင်သန်ချင်တယ်ဆိုရင်တော့ ဒိန်ချဉ်သောက်တာက အဆင်အပြေဆုံးဖြစ်မှာပါ။ အကြောင်းကတော့ ဒိန်ချဉ်မှာ ပရိုတင်း ပြည့်ဝစွာပါဝင်နေပြီး ဦးရေပြားကို သွေးစီးဆင်းမှုကောင်းအောင် ထောက်ပံ့ပေးနိုင်တာကြောင့် ဆံသားကို သန်စွမ်းစေမှာပါ။ နောက်တစ်ချက်က ဒိန်ချဉ်မှာ ဆံပင်ပါးတာဆံပင်ကျွတ်တာကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် B5 ပါဝင်နေပါတယ်။

ကျိုးပျက်လွယ်မှုကို သက်သာစေဖို့

ဆံပင်ကဖြီးလိုက်တိုင်း ကျိုးပျက်လွယ်ပြီး ထိန်းသိမ်းရခက်နေတယ်ဆိုရင်တော့ ဗီတာမင် A၊ သံဓာတ်၊ ဘီတာကယ်ရိုတင်း၊ ဖောလိတ် နဲ့ ဗီတာမင် C တို့ပြည့်ဝဖို့လိုနေပါပြီ။ ဒီအာဟာရတွေပြည့်စုံမှ ဦးရေပြားကကျန်းမာပြီး ဆံသားတွေကို အာဟာရပြည့်အောင်ဖြည့်ပေးနိုင်မှပါ။ ဒါမှလည်း ဆံသားကျိုးပျက်လွယ်တာကို သက်သာစေနိုင်မှာပေါ့။ ဒီတော့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ကြတဲ့ ဟင်းနုနွယ်၊ ကိုက်လန်တို့လိုမျိုး အသီးအရွက်တွေကို စားပေးပါ။

ဆံပင်ပြတ်တာ သက်သာစေဖို့

ဆံပင်တွေအရင်းကနေပြတ်တာ၊ တဝက်ကနေ  ပြတ်တာမျိုးတွေဖြစ်နေတယ်ဆိုရင်တော့ ဗီတာမင် C လိုအပ်ချက်ရှိနေပါပြီ။ အကြောင်းကတော့ ဗီတာမင် C ကဆံသားပြတ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို မာလကာသီးတစ်လုံးစားပေးပါ။

ဆံပင်ကျွတ်တာ သက်သာစေဖို့

ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေကျွတ်နေတယ်ဆိုရင်တော့ သံဓာတ်ပြည့်ဝမှု လိုအပ်နေပါပြီ။ ဒါကြောင့် ဆံပင်ကျွတ်တာကိုကင်းစေချင်တယ်ဆိုရင်တော့ သံဓာတ်ဖြည့်ထားတဲ့ cereal၊ ပဲပိစပ်၊ ပဲနီလေး၊ အမဲသား၊ အသည်း နဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။

ဆံပင်ထူ စေဖို့

ဆံပင်သန်စွမ်းဖို့ ပရိုတင်းအလုံအလောက်မရတဲ့အခါ ဆံပင်အဟောင်းတွေက ကျွတ်တာမျိုးဖြစ်နိုင်ပါတယ်။ ဆံပင်အဟောင်းတွေကျွတ်သွားပေမယ့် ဆံပင်အသစ်တွေပြန်ထွက်မလာဘူးဆိုရင်တော့ ဆံပင်ကပါးလာတော့မှာပေါ့။ ဒီတော့ ဆံပင်ထူထူလေးနဲ့လှပချင်တဲ့ စိတ်ကူးပြည့်စေဖို့ဆိုရင် ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ကြက်သား၊ အဆီမပါတဲ့ အနီရောင်အသားတို့ကို စားပေးပါ။

ဆံသားခြောက်တာ သက်သာစေဖို့ 

ဆံပင်ကခြောက်သွေ့ပြီး အရောင်မွဲခြောက်ခြောက်ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဘီတာကယ်လ်ရိုတင်း လိုအပ်နေတာပါ။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့က လိမ္မော်ရောင်ပါတဲ့အသီးတွေဖြစ်တဲ့ မုန်လာဥနီ၊ ရွှေဖရုံသီး၊ သခွားမွှေး၊ ကန်စွန်းဥသရက်သီးတို့ကို စားပေးလို့ရပါတယ်။

ဆံပင်အရင်းကနေအဖျားထိ ကျန်းမာသန်စွမ်းစေဖို့

ဆံပင်အရင်းကနေအဖျားထိ ကျန်းမာသန်စွမ်းစေဖို့ဆိုရင် ဦးရေပြားက သွေးစီးဆင်းမှုကောင်းဖို့လိုသလို ဆံပင်အမြစ်တွေဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေရောက်ရှိစေဖို့လည်း လိုပါမယ်။ ဒီလိုအပ်ချက်ကို အကောင်းဆုံးဖြစ်စေဖို့က သစ်ကြံပိုးခေါက်မှုန့်လေး နည်းနည်းစားပေးရုံပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Top 10 Foods for Healthy Hair https://www.webmd.com/beauty/ss/slideshow-foods-healthy-hair Accessed Date 16 January 2020

Top 5 foods for hair growth https://www.medicalnewstoday.com/articles/324949.php Accessed Date 16 January 2020

ယခုပုံစံ

06/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပျော့ပျောင်းတဲ့ ဆံသားလေးတွေ လိုချင်တယ်ဆိုရင်

ဆံသားခြောက်တဲ့ ပြဿနာ ဘယ်လိုဖြေရှင်းမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement