ဝမ်းချုပ်တာက အသက်အရွယ်ကြီးရင့်လာတဲ့ ဖိုးဖိုးဖွားဖွားတို့မှာ ခံစားရနိုင်တဲ့ အခြေခံ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ဝမ်းချုပ်တာက အစာခြေစနစ်ကို ကာလရှည်ကြာ ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ် ဖြစ်ပြီး ဖိုးဖိုးဖွားဖွားတို့ ကျန်းမာပျော်ရွှင်စွာ ရှင်သန်နိုင်မှုကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ ဖိုးဖိုးဖွားဖွားတို့ကို ဝမ်းချုပ်စေနိုင်တဲ့ အကြောင်းအရင်းတွေက တစ်ခုမက ရှိနိုင်ပါတယ်။ တစ်ခါတလေမှာ သောက်သုံးနေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ပါတယ်။ (ဥပမာ အကိုက်အခဲပျောက်ဆေးတွေ၊ စိတ်ကျရောဂါ သောက်ဆေးတွေကြောင့် ဝမ်းချုပ်နိုင်ပါတယ်) ဒါတွေအပြင် အခုလို အကြောင်းအရင်းတွေကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။ ဖိုးဖိုးဖွားဖွားတို့မှာ အခုလို လက္ခဏာတွေ တွေ့ရရင် ဝမ်းချုပ်နေတာပါ။ ဝမ်းချုပ်တာက အချိန်ကြာလာမယ်ဆိုရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ အနေနဲ့ စအိုက သွေးကြောတွေ ရောင်ရမ်းတာ၊ ထိခိုက်တာတွေ ဖြစ်ပြီး လိပ်ခေါင်းရောဂါ ခံစားရနိုင်ပါတယ်။ ဝမ်းမာတာကြောင့် စအို တဝိုက်က အရေပြား စုတ်ပြဲတာတွေ ခံစားရနိုင်ပါတယ်။ ဝမ်းချုပ်လွန်းတာကြောင့် အစာဟောင်းအိမ်ထဲမှာ ဝမ်းတွေ ကျန်နေတာမျိုး ခံစားရနိုင် ပါတယ်။ ဝမ်းတအားချုပ်တာကြောင့် ဝမ်းတအားညှစ်သွားရင်း စအိုကနေ အူနံရံ ကျွံထွက်လာတာမျိုး ခံစားရနိုင်ပါတယ်။ အူမကြီးရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်စွမ်း မရှိတဲ့ အခြေအနေမျိုးပါ။ ဝမ်းချုပ်တာရဲ့ နောက်ဆက်တွဲ ပြဿနာ အနေနဲ့ pelvic floor ကြွက်သား အားနည်းပြီး ဆီးမထိန်းနိုင်တာမျိုး ခံစားရနိုင်ပါတယ်။ဖိုးဖိုးဖွားဖွားတို့ကို ဘာတွေကများ ဝမ်းချုပ်စေတာလဲ……………
ဝမ်းချုပ်နေတာလား…………
ဝမ်းချုပ်ရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်လဲ…………
လိပ်ခေါင်း ဖြစ်တာ
စအို ကွဲတာ
ဝမ်းကျန် နေတာ
စအို အူနံရံ ကျွံခြင်း
ဝမ်း မထိန်းနိုင်ခြင်း
ဆီး မထိန်းနိုင်ခြင်း
ဘယ်လို ကာကွယ်မလဲ………..
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။