backup og meta

ရေချိုးနေတဲ့ နည်းစနစ်မှန်ရဲ့လား

ရေချိုးနေတဲ့ နည်းစနစ်မှန်ရဲ့လား

ရေချိုးတာများ ဘာများဆန်းလို့လဲလို့တွေးနေတာလား။ ရေချိုးတာကတော့ ရေလောင်း ဆပ်ပြာတိုက်ပြီးသွားတာပဲလေလို့ တွေးနေတာလား။ ဒါပေမယ့် ဒီလောက်တော့မရိုးစင်းဘူးလေ။ နည်းစနစ်ကျကျချိုးမှ အဆင်ပြေတာပါ။ ရေချိုးတဲ့အခါ ဘယ်အစိတ်အပိုင်းကိုရေအရင်ထိတာလဲ။ ဒီအချက်လေးကိုပြောချင်တာပါ။

ရေချိုးတာက လူတိုင်းတစ်နေ့တစ်ကြိမ်တော့အနည်းဆုံးလုပ်လေ့ရှိတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ငန်းစဉ်တစ်ခုပါ။ ခန္ဓါကိုယ်မှာ အနံ့အသက်ဆိုးကင်းစင်ပြီး လန်းဆန်းနေစေဖို့ လူတိုင်းလိုလိုရေချိုးကြပါတယ်။ ဒီလိုရေချိုးတဲ့အခါရေအကြာကြီးမချိုးနဲ့ အအေးပတ်မယ်၊လေဖြတ်မယ်လို့ပြောကြတာရှိတယ်နော်။ ဒါက တကယ်လားဆိုတာကို ဒီဆောင်းပါးလေးထဲမှာကြည့်ရအောင်နော်။

လူကြီးတွေရေကြာကြာချိုးမိလို့ ခြေလက်တွေထုံတယ်၊ကျဉ်တယ်၊လေဖြတ်တာမျိုးတွေဖြစ်ကြတယ်နော်။ ဒါကအသက်အရွယ်ကြောင့်ဖြစ်တယ်လို့ထင်လား၊ လူငယ်တွေမှာ မဖြစ်နိုင်ဘူးလား။ တကယ်ပြောရရင် ဒါက အသက်အရွယ်ကြောင့်ဆိုတာထက်ရေချိုးတဲ့ နည်းစနစ်မှားနေတာလည်းဖြစ်နိုင်ပါတယ်။ ဒီတော့ အခုလိုပြဿနာမျိုးမကြုံရအောင် နည်းစနစ်မှန်မှန်လေးရေချိုးကြဖို့ပြောပါရစေနော်။

ကဲ နည်းစနစ်မှန်မှန် ဘယ်လိုရေချိုးမလဲ

ရေချိုးတဲ့အခါရေကိုခွက်နဲ့ခပ်ပြီးလောင်းချိုးရင်ဖြစ်ဖြစ်၊ရေပန်းနဲ့ပဲ ချိုးချိုး အရင်ဆုံးရေထိတွေ့ပေးသင့်တဲ့ အစိတ်အပိုင်းကခြေထောက်ပါ။ခြေထောက်ကိုရေစထိတာက ကျန်းမာရေးအတွက် ထိခိုက်စရာမရှိတော့ပါဘူး။ အချို့ကရေချိုးတဲ့အခါ မျက်နှာကို အရင်သစ်တာမျိုးရှိသလိုရေပန်းဖွင့်ချရင်းခေါင်းကို အရင်ဆုံးရေစွတ်လိုက်တာမျိုးရှိတတ်ပါတယ်။ရေချိုးတဲ့အခါခေါင်းကိုအရင်ဆုံးရေထိတာက အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ အန္တရာယ်များတဲ့လုပ်ရပ်ပါနော်။

ရေချိုးတဲ့အခါ အရင်ဆုံးခြေဖျားကိုရေလောင်းပါ။ပြီးရင်ခြေမျက်စိအထက်ပိုင်းကနေလောင်းပါ။ပြီးမှာခြေသလုံး၊ ဒူးတို့ကိုလောင်းချပါ။ပြီးရင် ခါးကနေရေလောင်းချပါ။ ဒီလိုကနေတဆင့်ချင်းတက်သွားပါ။ပြောချင်တာကတော့ရေချိုးတဲ့အခါ ခန္ဓါကိုယ်အောက်ပိုင်းကနေစဖို့ပါ။ တကယ်တော့ ဒီလိုလုပ်ဖို့ဆိုတာ အချိန်တစ် မိနစ်လောက်ပဲပေးရတာပါ။ ဒီအချိန် တစ်မိနစ်လေးကပဲ သင့်ကို အသက်အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒီအချက်ကို စိတ်အထင်နဲ့ပြောနေတယ်လို့များထင်နေလား။ စာဖတ်ပရိသတ်ကြီး တကယ်တော့ ဒီအချက်က သိပ္ပံနည်းကျကျလေ့လာဆန်းစစ်ထားတာပါ။

နေရာတိုင်းမှာ လျှပ်စစ်သံလိုက်လှိုင်းတွေရှိနေပါတယ်။ ခန္ဓါကိုယ်မှာလည်း ဒီလိုပါပဲ သံလိုက်လှိုင်းရှိနေပါတယ်။ ခန္ဓါကိုယ်အနှံ့မှာသွေးတွေက အဆက်မပြတ်စီးဆင်းနေတာကြောင့် ခန္ဓါကိုယ်မှာ သံလိုက်လှိုင်းတွေရှိနေတာပါ။သွေးတွေက ခန္ဓါကိုယ်အထက်ပိုင်းကနေအောက်ပိုင်းကိုစီးဆင်းမှ ကျန်းမာမှာပါ။ ဦးနှောက်ထဲကသွေးကြောလေးတွေက အရမ်းသေးငယ်ပြီးသွေးတွေကလည်း အဆက်မပြတ်စီးဆင်းနေတာပါ။

တကယ်လို့များရေချိုးတဲ့အခါခေါင်းပေါ်ကနေရေတွေအများကြီးလောင်းချိုးချလိုက်မယ်ဆိုရင် ဒီသွေးကြောလေးတွေပါ်ကို တိုက်ရိုက်သက်ရောက်မှုတွေဖြစ်ပေါ်ပြီးသွေးခဲသွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးရေရှည်လုပ်လာတဲ့အခါ ဦးနှောက်ထဲကိုသွေးစီးဆင်းရောက်ရှိမှုတဖြည်းဖြည်းနှေးလာပြီးနောက်ဆုံ းမှာ ဦးနှောက်ထိခိုက်တာနဲ့ လေဖြတ်တာမျိုးတွေအထိဖြစ်လာရတာပါ။

အခြေအနေကပိုပြင်းထန်လာတဲ့အခါ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်လျော့ကျသွားတာကို တုံ့ပြန်ဖို့အတွက် နှလုံးကမြန်မြန်အလုပ်လုပ်ရပါတော့တယ်။ ဒီလိုမျိုးနှလုံးခုန်နှုန်းမြန်လာတဲ့အခါ ရုတ်တရက်ဆိုသလိုလေဖြတ်တာနဲ့ ရုတ်တရက်နှလုံးရပ်သွားတာမျိုးတွေခံစားရနိုင်သလို အခြားသောကျန်းမာရေးထိခိုက်မှုတွေကို ပါခံစားရနိုင်ပါတယ်။

ဒါကြောင့်ရောဂါကင်းပြီး သက်ရှည်ကျန်းမာဖို့ ဒီနေ့ကစလို့ရေကိုနည်းစနစ်မှန်မှန်လေးချိုးပေးပါနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Scientific way of Bathing for a long and healthy lifehttps://www.theayurveda.org/general-awareness/scientific-way-bathing-long-healthy-life Accessed Date 24 December 2018

How To Take A Shower TheRightWayhttps://www.teenvogue.com/story/best-showering-skincare-tips Accessed Date 24 December 2018

What is the correct way to take a shower?https://youngwomenshealth.org/2017/05/24/what-is-the-correct-way-to-take-a-shower/ Accessed Date 24 December 2018

ယခုပုံစံ

20/09/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စနစ်တကျလက်ဆေးခြင်းဖြင့် ရောဂါပိုးမွှားတွေကို ကာကွယ်ပါ

ရေချိုးဇလုံထဲ စိမ်တဲ့အခါ သုံးသင့်တဲ့ အကောင်းဆုံးပါဝင်ပစ္စည်း ရှစ်မျိုး



Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement