backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ထိခိုက်ဒဏ်ရာ စောင့်ရှောက်မှုနဲ့ပတ်သက်လို့ လုပ်မိနေကြတဲ့ အလွဲလေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ထိခိုက်ဒဏ်ရာ စောင့်ရှောက်မှုနဲ့ပတ်သက်လို့ လုပ်မိနေကြတဲ့ အလွဲလေးများ

အနာတစ်ခုခုဖြစ်လာပြီဆိုရင် အနာကိုသန့်ရှင်းရေးလုပ်မယ်။ အရက်ပြန်နဲ့ဆေးမယ်။ ပတ်တီးစည်းမယ်။ ပလာစတာကပ်မယ်ပေါ့။ ဒါတွေကတော့ လူတိုင်းသိပြီးသားပါ။ တကယ်လို့ထိခိုက်မိတာက မျက်နှာနဲ့ဦးခေါင်းလိုမျိုးနေရာမှာ မဟုတ်ဘူးဆိုရင် အရမ်းဂရုစိုက်စရာမလိုဘူး မစိုးရိမ်ရဘူး၊လို့ ယူဆထားတာမျိုးလည်းရှိပါတယ်။ ဒီအယူအဆတွေက အနာတိုင်းမှာတော့ မမှန်နိုင်ပါဘူး။ ဒီတစ်ခေါက်တော့ အနာစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး သိထားတာတွေမှာ ဘာတွေကမှန်လို့ဘာတွေကလွဲနေတယ်ဆိုတာကိုပြောပြပေးမယ်နော်။

အနာဖြစ်ရင် အရက်ပြန်နဲ့ မဖြစ်မနေသန့်စင်ဆေးကြောရမယ်

နာလိုက်တာ၊ လက်ထိသွားပြီ။ ဓါးရှသွားတာလား။ အရက်ပြန်လေးပွတ်ထားလိုက်လေ၊လို့ပြောတာ ကြားဖူးမှာပေါ့။ အနာဖြစ်တိုင်း အရက်ပြန်ပွတ်လိုက်မှ ပိုးသေတယ်လို့ ထင်တတ်ကြပါတယ်။ အနာဖြစ်တဲ့အခါတိုင်း အရက်ပြန်စွတ်တာက အရေပြားကိုလောင်စေနိုင်သလို အနာတဝိုက်က တစ်ရှုးတွေကို ထိခိုက်စေနိုင်ပါတယ်။ အနာဖြစ်တဲ့အခါ အရက်ပြန်စွတ်မယ့်အစား ပိုးသေစေနိုင်တဲ့polyhexanide ပါတဲ့ဆေးတစ်မျိုးမျိုးနဲ့ သန့်စင်ဆေးကြောပေးတာက ပိုသင့်တော်ပါတယ်။

အပူလောင်နာတွေဖြစ်ရင်ထောပတ်လူးလို့ရတယ်

ဆီပူလောင်၊ရေနွေးပူလောင်တဲ့အနာတွေကိုထောပတ်လူးကြတာမျိုးရှိပါတယ်။ ဒါကရှေးအစဉ်အဆက်လုပ်လာလို့ ဆက်လုပ်မိနေကြတဲ့ အယူအဆမှားတစ်ခုပါ။ တကယ်တော့ အပူလောင်တဲ့အခါ အနာပေါ်ကိုထောပတ်လိုမျိုး ခပ်ပျစ်ပျစ်ရှိတဲ့အရာပွတ်လိုက်မယ်ဆိုရင် အပူတွေက အနာထဲကနေထွက်မသွားဘဲ အရေပြားထဲမှာလှောင်ပိတ်မိနေတာမျိုးဖြစ်ပြီး အရေပြားကို ပိုမိုပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အပူလောင်တဲ့အခါရေအေးအေးလေးနဲ့ပဲဆေးကြောပေးသင့်ပါတယ်။

အနာအားလုံးကို ဂရုစိုက်နေစရာတော့မလိုပါဘူး

ဒီအယူအဆကတော့ လုံးဝကိုမှားယွင်းနေတာပါ။ အနာဖြစ်ပြီဆိုရင် အပေါ်ယံအရေပြားကပေါက်ပြဲသွားပြီဖြစ်တာကြောင့် ဂရုမစိုက်ဘဲနေလို့မရပါဘူး။ အရေပြားပေါက်ပြဲမှုကနေတဆင့် ခန္ဓါကိုယ်ထဲကိုရောဂါပိုးတွေဝင်ရောက်နိုင်တာကြောင့် အနာဖြစ်လာရင်သေးသေးကြီးကြီးသေချာဂရုစိုက်ဖို့လိုမှာပါ။

ပလာစတာကပ်ရင် ဘက်တီးရီးယားတွေပိုပေါက်ဖွားနိုင်တယ်

ဒီအယူအဆကမှားနေပါတယ်။ လူတော်တော်များများက ပလာစတာကပ်တာ၊ ပတ်တီးစည်းတာက အနာကိုလှုံသွားစေပြီး ဘက်တီးရီးယားတွေကို ပိုမိုပေါက်ဖွားစေနိုင်တယ်လို့ ထင်နေကြပါတယ်။ တကယ်တော့ ဒီအယူအဆက မှားနေပါတယ်။ အနာဖြစ်တဲ့အခါပြင်ပက မသန့်ရှင်းတဲ့အရာတွေနဲ့ ဘက်တီးရီးယားတွေ ဝင်ရောက်မလာစေဖို့ အနာကို ပလာစတာကပ်တာ၊ ပတ်တီးစည်းတာတွေကို မဖြစ်မနေလုပ်ထားဖို့လိုပါမယ်။ အနာကို ပလာစတာကပ်ပေးတာက အနာကျက်တာကိုမြန်စေမှာပါ။

အနာကိုလေထိစေတာက အနာကျက်ပိုမြန်စေတယ်

အနာဖြစ်ရင် အနာကို အုပ်မထားနဲ့လေထိအောင်လုပ်ပေးနော်။ ဒါမှအနာကျက်မြန်မှာလို့ ကြားဖူးကြမှာပါ။ ဒါကမှားယွင်းနေပါတယ်။ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်အနေအထားက အနာတဝိုက်ကဆဲလ်တွေကိုသေစေနိုင်တာကြောင့် အနာကျက်တာကို ထိခိုက်စေမှာပါ။ ဒါကြောင့်အနာဖြစ်တဲ့အခါ အနာကိုလေထိစေချင်တယ်ဆိုရင်လည်း ခဏလောက်ပဲပေးထိပါ။ အနာကို ပတ်တီးစည်း ပလာစတာကပ်ပေးတာက အနာတဝိုက်သွေးစီးဆင်းမှုကောင်းမွန်စေနိုင်သလို အနာကျက်မြန်စေနိုင်ပြီး အနာတဝိုက်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement