အငြိမ်မနေလှုပ်ရှားနေရသူတွေအနေနဲ့ ထိခိုက်ရှနာ ဖြစ်တာကရှောင်လွှဲလို့မရတဲ့အရာတစ်ခုပါ။ ထိခိုက်ဒဏ်ရာတစ်ခု ရလာတာက သိပ်အရေးကြီးတဲ့ ကျန်းမာရေးထိခိုက်မှုတော့မဟုတ်ပေမယ့်သေချာမစောင့်ရှောက်ရင်တော့ပေးဆပ်ရမယ့် အရင်းအနှီးကကြီးပါတယ်။ အနာကနေတဆင့်မေးခိုင်ပိုးဝင်တာမျိုးများဖြစ်သွားရင်ဖြစ်လာမယ့်နောက်ဆက်တွဲပြဿနာကတော်တော်လေးကြီးပြီလေ။