backup og meta

နှာခေါင်းသွေးယို လာရင် ဘာတွေလုပ်ကြမလဲ

နှာခေါင်းသွေးယို ခြင်းဟာ နှာခေါင်းအတွင်းမှာ ရှိတဲ့ သွေးကြောသေးသေးလေးတွေ အကြောင်းတစ်ခုခုကြောင့် ထိခိုက်မိပြီး ဖြစ်လာရတာပါ။ နှာခေါင်းကို မကြာခဏ လက်နဲ့ နှိုက်ခြင်း၊ တစ်ခုခုနဲ့ တိုက်မိ၊ ထိခိုက်မိခြင်းနဲ့ နှာခေါင်းအတွင်းပိုင်းတွေ ခြောက်သွေ့လာခြင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ တစ်ကြိမ်တစ်ခါလောက် နှာခေါင်းသွေးယိုတာကတော့ စိတ်ပူစရာမရှိပါဘူး။ ဒါပေမယ့် မကြာခဏဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာ ပြသသင့်ပါတယ်။ ဒီဆောင်းပါးလေးမှာကတော့ ရုတ်တရက် နှာခေါင်းသွေးယို လာရင် ဘာတွေလုပ်ကြမလဲ ဆိုတာလေးကို ပြောပြပေးသွားမှာပါ။

နှာခေါင်းသွေးယို လာရင် ဘာတွေလုပ်ကြမလဲ

နှာခေါင်းသွေးယို လာရင် ဘာတွေလုပ်ကြမလဲ

များသောအားဖြင့်တော့ နှာခေါင်းသွေးယိုတာက အန္တရာယ်ရှိတဲ့ ကျန်းမာရေးပြဿနာတော့ မဟုတ်ပါဘူး။ နှာခေါင်းသွေးယို လာရင် ဘာတွေလုပ်ကြမလဲ ဆိုတော့

၁။ စိတ်ကို ငြိမ်အောင်ထားပါ။

စိတ်လှုပ်ရှားရင် ပိုဆိုးနိုင်တဲ့အတွက် စိတ်ကိုတည်ငြိမ်အောင် ထားသင့်ပါတယ်။

၂။ မတ်မတ်ထိုင်ပါ။

တချို့က နှာခေါင်းသွေးယိုရင် လှဲအိပ်ရမယ်ဆိုပြီး အထင်မှားနေကြပါတယ်။ တကယ်ကတော့ ခေါင်းကို နှလုံးရှိတဲ့ နေရာရဲ့ အမြင့်ပိုင်းကို ရောက်နေအောင် မတ်မတ်ထိုင်နေသင့်ပါတယ်။

၃။ ခန္ဓာကိုယ်ကို အရှေ့ကို အနည်းငယ်ကိုင်းထားပါ။

များသောအားဖြင့် နှာခေါင်းသွေးယိုလာပြီဆိုတာနဲ့ သွေးတွေအပြင်ကို မထွက်အောင် ဆိုပြီး ခန္ဓာကိုယ် (အထူးသဖြင့် ခေါင်း) ကို အနောက်ဘက်ကို လှန်ပြီးနေကြတာ များပါတယ်။ အမှန်တကယ်ကတော့ အဲဒီနည်းလမ်းက အခန့်မသင့်ရင် သွေးတွေကို လည်ပင်းနဲ့ လေပြွန်တွေဆီရောက်သွားစေနိုင်ပြီး သီးနိုင်တဲ့အတွက် အန္တရာယ်များပါတယ်။

ဒါကြောင့် နှာခေါင်းသွေးထွက်ပြီဆိုရင် ခန္ဓာကိုယ်ကို အနည်းငယ်အရှေ့ကို ကိုင်းထားတာအကောင်းဆုံးပါပဲ။

၄။ နှာခေါင်းပေါက်ကို ပိတ်ထားပေးပါ။

လက်မနဲ့ လက်ညှိုးကို အသုံးပြုပြီး နှာခေါင်းအပေါက်ကို ပိတ်နေအောင် ၅မိနစ်မှ ၁၀မိနစ်လောက်ထိ အနည်းငယ် ညှစ်ထားပေးသင့်ပါတယ်။ အဲဒီအချိန်မှာ ပါးစပ်ကနေတစ်ဆင့် အသက်ရှုသွင်း ရှုထုတ်လုပ်နိုင်ပါတယ်။ အဲဒီနည်းလမ်းက သွေးထွက်နေတဲ့နေရာကို ဖိအားပေးလိုက်သလိုဖြစ်စေတဲ့အတွက် သွေးအမြန်တိတ်ဖို့ ကူညီပေးမှာပါ။

၅။ Decongestant spray လေးတွေ ဖြန်းပေးပါ။

 Decongestant spray လို့ခေါ်တဲ့ ဖြန်းဆေးလေးတွေဟာ နှာခေါင်းမှာရှိတဲ့ သွေးကြောလေးတွေကို တောင့်တင်းစေတဲ့အတွက် ရောင်ရမ်းခြင်းကို သက်သာစေနိုင်ရုံသာမကဘဲ သွေးထွက်ခြင်းကိုလည်း လျော့နည်းစေနိုင်ပါတယ်။

သွေးထွက်တာက မိနစ်၃၀ လောက်နေတဲ့အထိ မသက်သာဘူးဆိုရင်၊ သွေးထွက်တဲ့ ပမာဏက အရမ်းများနေရင်၊ မကြာခဏ နှာခေါင်းသွေးယိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

သွေးတိတ်သွားပြီ ဆိုရင်တော့ သွေးပြန်မထွက်စေဖို့ နှာခေါင်းပေါက်ကို သွားထိတာမျိုး၊ လေကို မှုတ်ထုတ်တာမျိုး ၊ လက်နဲ့ သွားနှိုက်တာမျိုး မလုပ်မိဖို့ ဂရုစိုက်ပေးရပါမယ်။ ဒါ့အပြင် ရေခဲကို အဝတ်လေးနဲ့ အုပ်ပြီး နှာခေါင်းပေါ်ကို ကပ်ပေးမယ်ဆိုရင်လည်း သွေးတိတ်အောင် ပိုပြီး အထောက်အပံ့ ပေးနိုင်တဲ့အပြင် ရောင်ရမ်းခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် အရေပြားကို မထိခိုက်မိစေဖို့ အတွက် ၁၀ မိနစ်ထက် ပိုပြီး ရေခဲ ကပ်မထားဖို့ အကြံပေးချင်ပါတယ်။

ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါ နှာခေါင်းသွေးယိုတာတွေ ဖြစ်လာတိုင်း အန္တရာယ်ကင်းပြီး မှန်ကန်တဲ့ နည်းလမ်းတွေကို စိတ်အေးအေးနဲ့ လုပ်ဆောင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

ကျန်းမာကြပါစေ။

ရေးသားသူ –  Khine Phoo Ngon

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/how-to-stop-a-nosebleed

https://www.webmd.com/first-aid/nosebleeds-causes-and-treatments

https://www.webmd.com/first-aid/qa/how-do-i-treat-a-nosebleed

ယခုပုံစံ

05/02/2024

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှာခေါင်းသွေးလျှံ ခဲ့ရင် ဘာလုပ်ကြမလဲ

ရုတ်တရက် နှာခေါင်းသွေးလျှံတာကို ရပ်တန့်အောင် ဘယ်လိုလုပ်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/02/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ