backup og meta

ကြယ်ပုံစံ ဇီးဖြူသီးလေးတွေ ကပေးတဲ့ ကျန်းမာရေး

ကြယ်ပုံစံ ဇီးဖြူသီးလေးတွေ ကပေးတဲ့ ကျန်းမာရေး

ဇီးဖြူသီးက လူတိုင်းနဲ့ ရင်းနှီးပြီးသား အသီးတစ်မျိုးပါ။ အရောင်လေး လှသလို ပုံစံလေးကလည်း ချစ်စရာကောင်းပါတယ်။ ဒီတစ်ခေါက်တော့ ဇီးဖြူသီး အမျိုးအစား တစ်မျိုး ဖြစ်ပြီး ပုံစံလေးက ချစ်စရာကောင်းလွန်းတဲ့ ကြယ်ပုံစံ ဇီးဖြူသီးလေးအကြောင်း ပြောပြပေးချင်ပါတယ်။

ကြယ်ပုံစံ ဇီးဖြူသီးဆိုတာ

ကြယ်ပုံစံ ဇီးဖြူသီးဆိုတာက ဇီးဖြူသီး အမျိုးအစား တစ်မျိုးပါပဲ။ အရသာကတော့ မတူပါဘူး။ အာနိသင်ကတော့ အများကြီး ကွာခြားတာမျိုးတော့ မရှိပါဘူး။ အချဉ်စိမ်ပြီး စားရင်တော့ ကြယ်ပုံစံ ဇီးဖြူသီးက ပုံမှန် ဇီးဖြူသီးထက် ပိုစားကောင်းပါတယ်။ ခပ်ကြွပ်ကြွပ်လေးပါ။

ကြယ်ပုံစံ ဇီးဖြူသီးက အသားလေး ခပ်မွမွ ရှိပြီး အရသာက နုစဉ်မှာ ဖန်ပါတယ်။ အသီးရင့်လာတဲ့အခါ ချဉ်ပြီး စားရတာ ခံတွင်းတွေ့လှပါတယ်။ အရောင်က အစိမ်းရောင် နုနုလေး ဖြစ်နိုင်သလို မှည့်လာတဲ့အခါ အဝါရောင်ဖျော့ဖျော့လေး ဖြစ်လာပါတယ်။

အချဉ် စိမ်စားတာ၊ သနပ်လုပ်စားတာတွေ လုပ်လို့ရပေမယ့် မြန်မာနိုင်ငံမှာတော့ ဒီဇီးဖြူသီးလေးတွေကို အချဉ်ပေါင်း အနေနဲ့ စားကြတာ ပိုများပါတယ်။

ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ……..

ကြယ်ပုံစံ ဇီးဖြူသီးလေးမှာ

  • ရေဓာတ်
  • အဆီဓာတ်
  • ပရိုတင်း
  • အမျှင်ဓာတ်
  • ကာဗိုဟိုက်ဒရိတ်
  • ကယ်လ်ဆီယမ်
  • သံဓာတ်
  • ဖော့စဖရိတ်တို့ ပါဝင်နေပါတယ်။

ကြယ်ပုံစံ ဇီးဖြူသီးလေးတွေ ကပေးတဲ့ ကျန်းမာရေး

ကြယ်ပုံစံ ဇီးဖြူသီးလေးက ကျန်းမာရေးကို အခုလို အထောက်အကူ ပြုပေးပါတယ်။

ဝမ်းမှန်စေတယ်

ကြယ်ပုံစံ ဇီးဖြူသီးလေးက ဝမ်းချုပ်တာကို သက်သာစေနိုင်တယ်။ အကြောင်းကတော့ ဒီချစ်စရာကောင်းတဲ့ အသီးလေးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေပြီး အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပါတယ်။

အူလမ်းကြောင်းကို သန့်စင်ပေးပြီး ဝမ်းမှန်စေဖို့နဲ့ ကိုယ်တွင်း အဆိပ်အတောက် ကင်းစေဖို့ အကောင်းဆုံး ထောက်ကူ ပေးပါတယ်။ အူသန့်ချင်သူတိုင်း စားပေးသင့်တဲ့ အသီးလေးပါ။

အသားအရေ ကျန်းမာစေတယ်

ဗီတာမင် C ပါဝင်နေမှုက အသားအရေကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အသားအရေကို နူးညံ့ပြီး ကြည်လင်ဝင်းပ စေပါတယ်။ ဗီတာမင် C က အသားအရေ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနေတာပါ။

ကော်လာဂျင် ထွက်ရှိစေဖို့လည်း လှုံ့ဆော်ပေးပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

ကြယ်ပုံစံ ဇီးဖြူသီးလေးက အစာအိမ် အပါအဝင် အစာခြေစနစ်ကို ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒီအသီးလေးမှာပါတဲ့ အက်ဆစ်က အစာအိမ်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပြီး အစာမကြေတာမျိုးကို သက်သာစေနိုင်ပါတယ်။

ကင်ဆာ သက်သာစေနိုင်တယ်

ကြယ်ပုံစံ ဇီးဖြူသီးလေးကို အသီး၊ အရွက်တွေကို ဆေးဖက်ဝင် တရုတ် တိုင်းရင်းဆေးတွေနဲ့ သေချာ ဖော်စပ် သောက်သုံးပေးမယ် ကင်ဆာကို သက်သာစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရှိရပါတယ်။

ပန်းနာရင်ကျပ် သက်သာစေနိုင်တယ်

ကြယ်ပုံစံ ဇီးဖြူသီးလေးရဲ့ အစေ့ကို ကြက်သွန်နီနဲ့ ရောစပ်ပြီး ရေနွေးဆူဆူထဲမှာ ကျိုသောက်ပေးတာက ပန်းနာရင်ကျပ်ကို သက်သာစေနိုင်ပါတယ်။ အရွက်ပြုတ်ရည်ကလည်း ချောင်းဆိုးတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

အရိုးတွေ သန်မာစေနိုင်တယ်

ကြယ်ပုံစံ ဇီးဖြူသီးလေးတွေ က အရိုးတွေကိုလည်း သန်မာစေဖို့ အားဖြည့်ပေးပါတယ်။ ကြယ်ပုံစံ ဇီးဖြူသီးမှာ ကယ်လ်ဆီယမ် နဲ့ သံဓာတ် ပါဝင်နေမှုက အရိုးတွေကို သန်မာကြံ့ခိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

ကဲ ….. ချစ်ဖို့လည်းကောင်း စားလို့လည်း ကောင်းတဲ့ ကြယ်ပုံစံ ဇီးဖြူသီးလေးက အခုလို ကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Health benefits of Star Gooseberry https://www.healthbenefitstimes.com/star-gooseberry/ Accessed Date 7 October 2021

Otaheite gooseberry https://www.fruitsinfo.com/otaheite-gooseberry.php Accessed Date 7 October 2021

ယခုပုံစံ

08/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗောက်သီး ( Cape Gooseberry)

ကလေးငယ် အာဟာရအကြောင်းနဲ့ ပတ်သက်လို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement