ဇီးဖြူသီးက လူတိုင်းနဲ့ ရင်းနှီးပြီးသား အသီးတစ်မျိုးပါ။ အရောင်လေး လှသလို ပုံစံလေးကလည်း ချစ်စရာကောင်းပါတယ်။ ဒီတစ်ခေါက်တော့ ဇီးဖြူသီး အမျိုးအစား တစ်မျိုး ဖြစ်ပြီး ပုံစံလေးက ချစ်စရာကောင်းလွန်းတဲ့ ကြယ်ပုံစံ ဇီးဖြူသီးလေးအကြောင်း ပြောပြပေးချင်ပါတယ်။
အသားအရေ ကျန်းမာစေတယ်
ဗီတာမင် C ပါဝင်နေမှုက အသားအရေကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အသားအရေကို နူးညံ့ပြီး ကြည်လင်ဝင်းပ စေပါတယ်။ ဗီတာမင် C က အသားအရေ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနေတာပါ။
ကော်လာဂျင် ထွက်ရှိစေဖို့လည်း လှုံ့ဆော်ပေးပါတယ်။
အစာခြေစနစ် ကျန်းမာစေတယ်
ကြယ်ပုံစံ ဇီးဖြူသီးလေးက အစာအိမ် အပါအဝင် အစာခြေစနစ်ကို ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒီအသီးလေးမှာပါတဲ့ အက်ဆစ်က အစာအိမ်ရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပြီး အစာမကြေတာမျိုးကို သက်သာစေနိုင်ပါတယ်။
ကင်ဆာ သက်သာစေနိုင်တယ်
ကြယ်ပုံစံ ဇီးဖြူသီးလေးကို အသီး၊ အရွက်တွေကို ဆေးဖက်ဝင် တရုတ် တိုင်းရင်းဆေးတွေနဲ့ သေချာ ဖော်စပ် သောက်သုံးပေးမယ် ကင်ဆာကို သက်သာစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရှိရပါတယ်။
ပန်းနာရင်ကျပ် သက်သာစေနိုင်တယ်
ကြယ်ပုံစံ ဇီးဖြူသီးလေးရဲ့ အစေ့ကို ကြက်သွန်နီနဲ့ ရောစပ်ပြီး ရေနွေးဆူဆူထဲမှာ ကျိုသောက်ပေးတာက ပန်းနာရင်ကျပ်ကို သက်သာစေနိုင်ပါတယ်။ အရွက်ပြုတ်ရည်ကလည်း ချောင်းဆိုးတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။