ဒါ့အပြင် အနက်ရောင် ချောကလက်စစ်စစ် က ချောင်းဆိုးတာကို သက်သာစေနိုင်သလို ဇင့်ပါဝင်နေမှုကြောင့် အအေးမိတာကို သက်သာစေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။
ကိုယ်ခံအားကောင်းစေဖို့ ချောကကလက် စားရတယ်ဆိုတဲ့နေရာမှာ အချိုမများဖို့ လိုသလို အနက်ရောင် ချောကလက် ဖြစ်ဖို့ လိုပါမယ်။ ဒါကြောင့် သကြားပါဝင်မှု နည်းတာ၊ နို့ ပါဝင်မှု နည်းတာမျိုး ဖြစ်ဖို့ လိုပါတယ်။
ကိုယ်ခံအားကောင်းပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် အနက်ရောင်ချောကလက်ကို တစ်ပတ်ကို ၁ ဂရမ် စားပေးလို့ ရပါတယ်။ ကဲ V-day မှာပေးကြတဲ့ ချောကလက် ကိုယ်ခံအားကို ဘယ်လို ထောက်ကူပေးသလဲ ဆိုတာကို သိလောက်ပြီ ထင်ပါတယ်နော်။ ကိုယ်ခံအားကိုရော စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့ အနက်ရောင်ချောကလက်လေးတွေ စားရင်း ကိုဗစ်အန္တရာယ်ကနေ ကင်းဝေးကြပါစေကြောင်း …….
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။