brand logo
Discover
Health Tools
Communities

Share

V-day မှာပေးကြတဲ့ ချောကလက် ကိုယ်ခံအားကို ဘယ်လို ထောက်ကူပေးသလဲ။

V-day မှာ တစ်ဦးကို တစ်ဦး ချစ်ခြင်းမေတ္တာကို ပြသတဲ့အနေနဲ့ ပေးလေ့ရှိတဲ့ ချောကလက်က စားလို့ကောင်းရုံပဲလား အခုလိုမျိုး ကိုယ်ခံအား ကောင်းဖို့ အင်မတန် အရေးကြီးနေတဲ့ကာလမှာရော ချောကလက်က ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မလားဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား …… V-day မှာပေးကြတဲ့ ချောကလက် ကိုယ်ခံအားကို ဘယ်လို ထောက်ကူပေးသလဲ။

V-day မှာပေးကြတဲ့ ချောကလက် ကိုယ်ခံအားကို ဘယ်လို ထောက်ကူပေးသလဲ။

၂၀၂၀ ခုနှစ် အစောပိုင်းမှာကတည်းက ကိုဗစ်ဖြစ်ပွားမှုတွေ အများအပြားရှိနေပြီး အဆိုးဆုံးအနေနဲ့ အသက်ဆုံးရှုံးနိုင်တာကြောင့် ကိုဗစ်ကို ကာကွယ်ဖို့က အရေးကြီးတဲ့အရာ ဖြစ်လို့လာပါတယ်။ ကိုဗစ်ကို ကာကွယ်တယ်ဆိုတဲ့နေရာမှာ ကာကွယ်ဆေးတွေ ရှိပေမယ့် ထပ်ပြီး ဗီဇပြောင်းလာတဲ့ မျိုးစိတ်တွေကြောင့် ကိုဗစ်ကို ကာကွယ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းက ကိုယ်ခံအားကောင်းအောင် လုပ်ဖို့ပဲ ဖြစ်လာပါတော့တယ်။

ချောကလက်က ကိုယ်ခံအားကို ကောင်းစေနိုင်သလား …..

ချောကလက်က ကိုယ်ခံအားကို ကောင်းစေနိုင်ပါတယ်။ ချောကလက်က သာမန် ဖျားနာမှုတွေကို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အနက်ရောင် ချောကလက်တွေက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

အနက်ရောင် ချောကလက်တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေသလို သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ အခြား မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေနိုင်သလို သွေးအားနည်းတာမျိုး မဖြစ်စေဘဲ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။

ချောကလက်က လက်ရှိမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကို ကာကွယ်ပေးနိုင်စွမ်း ကုသပေးနိုင်စွမ်းမရှိပေမယ့် ကိုယ်ခံအားကိုတော့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

V-day မှာပေးကြတဲ့ ချောကလက် ကိုယ်ခံအားကို ဘယ်လို ထောက်ကူပေးသလဲ။

V-day မှာပေးကြတဲ့ ချောကလက် ကိုယ်ခံအားကို ဘယ်လို ထောက်ကူပေးသလဲ။

ကိုယ်ခံအားကောင်းမှ ပြင်ပက ဝင်ရောက်လာမယ့် ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်နိုင်မှာပါ။ လက်ရှိမှာဖြစ်ပွားနေတဲ့ ကိုဗစ်ကိုရော ကိုဗစ်ရဲ့ မျိုးဗီဇပြောင်း ပုံစံတစ်ရပ်ဖြစ်တဲ့ Omicron ကိုရောပါ။ လေ့လာမှုတွေအရကတော့ အနက်ရောင် ချောကလက်က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပြီး ဆောင်းအေးအေးမှာ ဖြစ်တတ်တဲ့ ဗိုင်းရပ်စ်တွေ ကူးစက်မှုကနေ ကာကွယ်ပေးနိုင်တယ် ဆိုတာပါ။

အကြောင်းကတော့ အနက်ရောင် ချောကလက်မှာ ကိုယ်ခံအားကို အားကောင်းစေနိုင်တဲ့ phenolic compound တွေ ပါဝင်နေတာကြောင့်ပါ။ ချောကလက်မှာ ကိုယ်ခံအားကောင်းစေတဲ့ phenolic compound အပါအဝင် အခြား မရှိမဖြစ် လိုအပ်နေတဲ့ အာဟာရတွေလည်း ပါဝင်နေပါတယ်။ ကိုယ်ခံအား ကောင်းမှလည်း အအေးမိ တုပ်ကွေး အပါအဝင် လက်ရှိဖြစ်ပွားနေတဲ့ Omicron အန္တရာယ်ကို အတိုင်းအတာ တစ်ခုအထိ ရှောင်ရှားနိုင်မှာပါ။

ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေက ကိုယ်ခံအားကို အားဖြည့်ပေးတယ်။ ဒါကြောင့် ကျန်းမာစေဖို့အတွက် ကိုယ်ခံအား ကောင်းစေဖို့အတွက် ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကို စားဖို့ လိုအပ်တယ်ဆိုပေမယ့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း ချန်ထားလို့ မဖြစ်ပြန်ပါဘူး။

နောက်တစ်ခုက ချောကလက်က ကိုယ်ခံအားကောင်းစေဖို့ ထောက်ပံ့ပေးသလို စိတ်ခံစားမှု ကောင်းစေဖို့ရော၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဟော်မုန်းတွေ ထွက်ရှိမှုကို ထိန်းညှိပေးပြီး စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကို ထွက်ရှိစေနိုင်ပါတယ်။

ဒါ့အပြင် အနက်ရောင် ချောကလက်စစ်စစ် က ချောင်းဆိုးတာကို သက်သာစေနိုင်သလို ဇင့်ပါဝင်နေမှုကြောင့် အအေးမိတာကို သက်သာစေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရောကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေဖို့ ချောကကလက် စားရတယ်ဆိုတဲ့နေရာမှာ အချိုမများဖို့ လိုသလို အနက်ရောင် ချောကလက် ဖြစ်ဖို့ လိုပါမယ်။ ဒါကြောင့် သကြားပါဝင်မှု နည်းတာ၊ နို့ ပါဝင်မှု နည်းတာမျိုး ဖြစ်ဖို့ လိုပါတယ်။

ကိုယ်ခံအားကောင်းပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် အနက်ရောင်ချောကလက်ကို တစ်ပတ်ကို ၁ ဂရမ် စားပေးလို့ ရပါတယ်။ ကဲ V-day မှာပေးကြတဲ့ ချောကလက် ကိုယ်ခံအားကို ဘယ်လို ထောက်ကူပေးသလဲ ဆိုတာကို သိလောက်ပြီ ထင်ပါတယ်နော်။ ကိုယ်ခံအားကိုရော စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့ အနက်ရောင်ချောကလက်လေးတွေ စားရင်း ကိုဗစ်အန္တရာယ်ကနေ ကင်းဝေးကြပါစေကြောင်း …….

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
Medically reviewed byHello Sayarwon Panel
Written by Aye Thi Mon · Updated 13/02/2024