backup og meta

မျှဝေပါ။

ပိုကောင်းမွန်သော ကျန်းမာရေးအတွက် ရက် ၃၀ Diet

Diet လုပ်တယ်ဆိုတာ ဘာလဲ။

ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခုရောက်အောင် အစာအာဟာရကို သင့်တင့်မျှတစွာ စားသုံးခြင်းကို ခေါ်တာပါ။ ဝတဲ့သူတွေဆိုရင်လည်း ကိုယ်အလေးချိန်ကျအောင်၊ ပိန်တဲ့သူတွေဆိုရင်လည်း ပြည့်ပြည့်ဖြိုးဖြိုးလေး ဖြစ်အောင် အစရှိသဖြင့်ပေါ့။ ခုပြောပြပေးမယ့် အကြောင်းအရာကတော့ အလှအပအတွက်မဟုတ်ဘဲ ကျန်းမာရေးကောင်းအောင် ကြိုးစားနေသူတွေအတွက် ပြင်ဆင်သင့်တဲ့ Diet plan ပဲဖြစ်ပါတယ်။

ရက် ၃၀ Diet ရဲ့ အကျိုးကျေးဇူးတွေ

Whole30 diet လို့အမည်ရတဲ့ ရက် ၃၀ Diet ဟာ ကျန်းမာရေးအတွက်ကို အဓိကရည်ရွယ်တဲ့ Diet ဖြစ်ပြီး ရက် ၃၀လုံး သတ်မှတ်ထားတဲ့ စားသောက်ပုံစံအတိုင်း မပျက်မကွက်လုပ်ဖို့လိုအပ်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ေတွကို ပုံမှန်အတိုင်းအလုပ်လုပ်စေပြီး အစာစားချင်စိတ်ကို ဖြစ်စေဖို့၊ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးမှုကို အစာအာဟာရဖြင့် ကူညီပေးပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ နီရဲရောင်ရမ်းတာ မဖြစ်စေဖို့၊ အစာအိမ်အူလမ်းကြောင်း ရှင်းစေဖို့၊ ဟော်မုန်းမျှခြေ ကမောက်ကမ မဖြစ်စေဖို့ ကူညီပေးပါတယ်။

နောက်ထပ်ကောင်းတာတွေကတော့ ညဘက်တွေမှာကောင်းစွာ အိပ်စက်နိုင်စေလို့ ညအိပ်မပျော်တဲ့ရောဂါရှိသူတွေအတွက် အဆင်ပြေစေတယ်။ မလိုအပ်ဘဲ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတယ်။ အားကစား၊ လေ့ကျင့်ခန်းလုပ်ရာမှာ ပိုပြီး အားစိုက်ထုတ်နိုင်စေကာ ပိုကောင်းတဲ့ရလဒ်ကိုတွေ့ရစေတယ်။

ဘာတွေကို စားပြီး ဘာတွေကို ရှောင်ဖို့လိုအပ်လဲ။

စားသင့်တဲ့ အစားအစာတွေ

  • အသား (ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ကြက်ဆင်သား၊ ဘဲသား)
  • ငါးနဲ့ ပင်လယ်စာ (အဆီများတဲ့ ငါး၊ ငါးပါးနီ၊ ပုဇွန်၊ ခရုကမာ၊ ဂဏန်း)
  • ဥအမျိုးမျိုး
  • သစ်သီးဝလံများ
  • ဟင်းသီးဟင်းရွက်
  • အခွံမာသီး
  • အစေ့အဆန်တွေ ဖြစ်ပါတယ်။

ရှောင်ရမယ့် အစားအသောက်တွေ

  • သကြားနဲ့ အချိုလွန်ကဲတဲ့ အစားအစာ၊ အအေးတွေ
  • အရက်၊ ဘီယာ၊ ဝိုင်
  • ဂျုံ၊ ပြောင်းဖူး၊ ထမင်း
  • ပဲအမျိုးမျိုး
  • နို့ထွက်ပစ္စည်းများ (နွားနို့၊ ဆိတ်နို့၊ ဒိန်ချဉ်၊ ချိစ်၊ ရေခဲမုန့်)
  • တာရှည်ခံအစားအစာများ (ကြက်အူချောင်း၊ ခေါက်ဆွဲခြောက်၊ အသားပြား)

နောက်ထပ်ဘာတွေ ရှောင်ဖို့လိုသေးလဲ။

သတိထားဖို့လိုတာကတော့ ရှောင်ရမယ့် အစားအစာတွေကို နည်းနည်းလေးတောင် မစားလိုက်ဖို့ပါပဲ။ ဒီအစားအစာတွေကို Diet လုပ်ပြီး ရက် ၃၀ပြည့်မှသာ နည်းနည်းချင်းစီ ပြန်စားပေးနိုင်ပါတယ်။ Diet လုပ်နေစဉ် စားမိသွားရင်တော့ နောက်ထပ် ရက် ၃၀ အစကနေ ပြန်စားရမှာဖြစ်ပါတယ်။ နောက်ထပ်မလုပ်သင့်တဲ့ အရာကတော့ ကိုယ်အလေးချိန်ကို လုံးဝမချိန်ကြည့်ဖို့ပါပဲ။ ကယ်လိုရီကိုတွက်ဆပြီး စားရတဲ့ အလှအပအတွက် Diet မဟုတ်တာကြောင့် ဝိတ်တက်လာပြီဆိုပြီး မစားဘဲနေလိုက်ရင် Diet လုပ်ထားသမျှ အလဟဿဖြစ်သွားနိုင်လို့ပါ။ အရက်အပြင် ဆေးလိပ်ကိုလည်း လုံးဝရပ်လိုက်ဖို့ လိုပါတယ်။

Diet လုပ်ပြီးသွားတဲ့အခါ ဘာတွေဆက်လုပ်ဖို့လိုမလဲ။

ရက် ၃၀ တိတိ ကိုယ်ခန္ဓါအတွက် ကောင်းကျိုးများစွာဖြစ်စေတဲ့ အစားအစာတွေကိုပဲ စားခဲ့ရတာမို့ Diet ပြီးတာနဲ့ အရင်တုန်းကလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ စားချင်စိတ် နည်းသွားမှာပါ။ ဒီအတွက် အရင်ကစားနေကျပုံစံကို ပြန်ရောက်အောင် ဖြည်းဖြည်းချင်းပဲစားပေးပါ။ အစားအစာတွေကို တစ်ထိုင်တည်းနဲ့ ပမာဏအများကြီးစားတာထက် လိုသလောက်ပမာဏ နည်းနည်းကို အကြိမ်ရေများများ စားပေးပါ။

Diet လုပ်ပြီးသွားတဲ့အခါ လျှာရဲ့ အရသာခံစွမ်းနဲ့ ကိုယ်ခန္ဓါက အစားအစာတွေကို တောင့်တမှုတွေဟာ သိသိသာသာပြောင်းလဲလာပါလိမ့်မယ်။ ဟိုးအရင်တုန်းက စွဲစွဲလမ်းလမ်း ကြိုက်ခဲ့ပါတယ်ဆိုတဲ့ အစားအစာတွေကို Diet ပြီးတော့ ပြန်စားကြည့်လိုက်တဲ့အခါ အရင်ကလောက် အရသာမကောင်းတော့တာ၊ စားချင်စိတ်မဖြစ်ပေါ်တာ၊ ပြီးတော့ အရေပြားမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို တွေ့ရမှာပါ။ အစားအစာကိုလည်း ချင့်ချိန်ပြီး စားတတ်လာမယ်။ ဘယ်အစားအစာက ကိုယ်ခန္ဓါအတွက် ကောင်းကျိုးပေးလဲ၊ ဘာတွေကတော့ ဆိုးကျိုးတွေပဲ ဖြစ်စေနိုင်လဲဆိုတာ တဖြည်းဖြည်းနဲ့ နားလည်လာစေဖို့၊ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးကိုပိုင်ဆိုင်ဖို့ လုပ်တဲ့ Diet ဖြစ်ပါတယ်။

ကျား၊ မ အသက်အရွယ်မရွေး လုပ်လို့ရတယ်ဆိုတော့ အသက်ရှည်ရှည် လူတန်းစေ့နေနိုင်အောင် ခုကတည်းက ရက် ၃၀ Diet plan ကို စလိုက်ကြရအောင်နော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/whole-30 (June 28, 2019)

 

ယခုပုံစံ

24/06/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Ye Myo Myat မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement