backup og meta

နွေပူပူမှာ စားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်လေးတွေ

နွေပူပူမှာ စားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်လေးတွေ

နွေပူလာရင် အတော်လေး နေရခက်တာပါ။ နေပူချိန် အရမ်းပြင်းတဲ့အခါ နေ့ခင်းဘက်မှာ ပူသလို ညဘက်တွေမှာလည်း အရမ်းပူပါတယ်။ ဒီလို ပူပြင်းနေချိန်မှာ ကျန်းမာပြီး ခန္ဓာကိုယ်က အပူချိန်ကို ခံနိုင်စေဖို့ စားပေးသင့်တဲ့ အသီးအနှံလေးတွေက သပ်သပ်ကို ရှိတာပါ။ ဒီတော့ နွေပူပူမှာ စားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်လေးတွေ က ဘာတွေများ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

နွေရာသီမှာ မှန်ကန်စွာ စားသောက်မိဖို့ လိုပါမယ်

နွေပူပူမှာ အပူအစပ်တွေ၊ အချဉ်ကဲတာ၊ အငန်ကဲတာတွေကို ရှောင်ဖို့ လိုသလို ရေဓာတ် ခမ်းခြောက်စေနိုင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တော်တော်များများကိုလည်း မသောက်သုံးသင့်ပါဘူး။

နောက်တစ်ချက်ကတော့ ရေဓာတ်ပြည့်ဝစေမယ့် အသီးအနှံတွေ စားပေးဖို့နဲ့ ရေများများသောက်ပေးဖို့ပါ။ အုန်းစိမ်းရည်လိုမျိုး သဘာဝ အချိုရည်လေးတွေကိုလည်း သောက်သုံးပေးလို့ ရပါတယ်။

နွေရာသီမှာ ဆီကြော်စာတွေ စားတာကလည်း နေထိုင်မကောင်း ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်က လတ်ဆတ်တာကို စားဖို့ပါ။ လတ်ဆတ်မှုရှိတဲ့ စားစရာတွေက အစာခြေစနစ်ပြဿနာ ကင်းစေနိုင်လို့ပါ။

ဒီတော့ နွေရာသီမှာ အပူဒဏ် ခံနိုင်ဖို့နဲ့ ကျန်းမာစေဖို့ဆိုရင် မှန်မှန်ကန်ကန် စားသောက်မိဖို့ လိုပါမယ်။

နွေပူပူမှာ စားပေးသင့်တဲ့ အသီးအနှံလေးတွေ

ပူပြင်းနေတဲ့ အချိန်မှာ ရေဓာတ်ပြည့်ဝစေဖို့နဲ့ ကျန်းမာနေစေဖို့အတွက် နွေပူပူမှာ စားပေးသင့်တဲ့ အသီးအနှံလေးတွေ က ဒါလေးတွေပါ။

သခွားသီး 

သခွားသီး 

သခွားသီးမှာ ရေဓာတ်ကြွယ်ဝစွာ ပါဝင်နေတာက အပူချိန်မြင့်တက်နေတဲ့ အချိန်မှာ ခန္ဓာကိုယ် အေးမြနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။  နောက်တစ်ချက်ကတော့ သခွားသီးက ရေဓာတ်ကြွယ်ဝတာအပြင်၊ ဗီတာမင် K နဲ့ ဗီတာမင် C လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ နွေအပူဒဏ်ကြောင့် ရေနဲ့ ကိုယ်တွင်းသတ္တုဓာတ်တွေ ဆုံးရှုံးတာကို ထိထိရောက်ရောက် ဖြည့်ပေးနိုင်မှာပါ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက ဟင်းလျာတွေရဲ့ အရသာကို တိုးစေနိုင်ပါတယ်။ သုပ်စားစား၊ ဖျော်သောက်သောက်၊ အစိမ်းစားစား စားလို့ရတဲ့ ခရမ်းချဉ်သီးက နွေအပူဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံး အသီးအရွက် တစ်မျိုးပါ။

ခရမ်းချဉ်သီးက ဗီတာမင် C၊ ဗီတာမင် K၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ဘူးသီး

ဗူးသီး

အာဟာရ ကြွယ်ဝသလို ရေဓာတ်လည်း ပြည့်ဝပါတယ်။ နွေအပူဒဏ်ကို ခံနိုင်စေဖို့ဆိုရင် အရသာရှိပြီး ရေဓာတ်ကြွယ်ဝတဲ့ ဘူးသီးလေးကို စားပေးပါ။ ဘူးသီးက ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် အရိုးတွေကို ကျန်းမာစေနိုင်သလို အစာအိမ်ကို ကျန်းမာစေနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးတွင်းကိုလက်စထရော မတက်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ခရမ်းသီး

ခရမ်းသီး

ခရမ်းသီးကလည်း နွေရာသီမှာ စားပေးသင့်တဲ့ အသီးအနှံတစ်ခုပါ။ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဖလေဗာနွိုက်၊ ဗီတာမင်၊ ပိုတက်ဆီယမ် နဲ့ အခြားသော အာဟာရဓာတ်တွေ ပါဝင်နေတာက ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ရွှေဖရုံသီး

ရွှေဖရုံသီး

အရသာချိုချိုလေးနဲ့ စားလို့ ကောင်းတဲ့ ရွှေဖရုံသီးက ကိုယ်တွင်းမှာ သကြားဓာတ် ပြည့်ဝနေစေဖို့ ထောက်ကူပေးသလို နွေအပူဒဏ်ကို ခံနိုင်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ခံအားကိုလည်း ကောင်းစေနိုင်ပါတယ်။

ကြက်ဟင်းခါးသီး

ကြက်ဟင်းခါးသီး

အရသာ ခါးခါးနဲ့ ကြက်ဟင်းခါးသီးက လူတိုင်း မကြိုက်ပေမယ့် နွေရာသီမှာတော့ စားပေးသင့်ပါတယ်။ အပူဒဏ်ကို ခံနိုင်စေသလို အပူဒဏ်ကြောင့် အရေပြား ထိခိုက်မှု ဖြစ်တာမျိုးကစလို့ အမျိုးမျိုးသော ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ကြက်ဟင်းခါးသီးမှာ ဗီတာမင် C၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပိုဆက်ဆီယမ်တို့ ပါဝင်နေပါတယ်။ အပူဒဏ်ကြောင့် သွေးတိုးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာကြေစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ငရုတ်ပွ

ငရုတ်ပွ

ငရုတ်ပွကလည်း နွေရာသီမှာ စားပေးသင့်တဲ့ အသီးအနှံတစ်ခုပါ။ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်ပြီး နွေပူပူမှာ ကျန်းမာနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဗိုလ်စားပဲ

ဗိုလ်စားပဲ

အမျှင်ဓာတ် ကြွယ်ဝသလို ဗီတာမင် K၊ ပရိုတင်း၊ သံဓာတ်၊ ဇင့်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ ဗိုလ်စားပဲက နွေပူပူမှာ စားပေးသင့်တဲ့ အသီးအနှံတစ်မျိုးပါ။

မုန်လာဥနီ

မုန်လာဥနီ

ဗီတာမင် A နဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ မုန်လာဥနီက နွေပူပူမှာ ကျန်းမာနေစေဖို့ အတော်လေး ထောက်ကူပေးနိုင်တာပါ။ ဟင်းချက်စားလို့ ရသလို ဖျော်ရည်အနေနဲ့ ဖျော်သောက်လို့လည်း ရပါတယ်။

နွေပူပူမှာ စားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်လေးတွေ

နွေပူပူမှာ စားပေးသင့်တဲ့ ဟင်းသီးဟင်းရွက်လေးတွေက
  • သခွားသီး
  • ခရမ်းချဉ်သီး
  • ဘူးသီး
  • ခရမ်းသီး
  • ရွှေဖရုံသီး
  • ကြက်ဟင်းခါးသီး
  • ငရုတ်ပွ
  • ဗိုလ်စားပဲ
  • မုန်လာဥနီ

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Summer Vegetables to Add in Your Diet https://parenting.firstcry.com/articles/magazine-10-summer-vegetables-to-add-in-your-diet/ Accessed Date 29 April 2022

This summer, eat these 10 fruits and vegetables in moderation to stay healthy https://www.healthshots.com/healthy-eating/nutrition/10-summer-foods-you-must-eat-in-moderation/ Accessed Date 29 April 2022

Healthiest Vegetables to Eat in Summer https://www.eatthis.com/healthiest-vegetables-to-eat-in-summer/ Accessed Date 29 April 2022

4 Summer Vegetables to Add to Your Diet https://www.partnermd.com/blog/summer-vegetables-add-diet Accessed Date 29 April 2022

Summer: Seasonal fruits and vegetables https://www.parenthub.com.au/food/summer-seasonal-fruits-vegetables/ Accessed Date 29 April 2022

ယခုပုံစံ

30/05/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နွေပူပူရဲ့ trademark ကြံရည် ချိုချိုလေး

နွေပူပူဒဏ်ကို ရင်ဆိုင်နိုင်စေဖို့ ဘာတွေ စားမလဲ...........


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement