home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အသားအရေလေး ဝါဝါဝင်းချင်လို့ကတော့ ရွှေဖရုံသီးသာ စားပေတော့ဗျို့။ ။

အသားအရေလေး ဝါဝါဝင်းချင်လို့ကတော့ ရွှေဖရုံသီးသာ စားပေတော့ဗျို့။  ။

ဝါဝါဝင်းဝင်းလေးနဲ့ စိမ့်ပြီး စားလို့ကောင်းလှတဲ့ ရွေဖရုံသီးဟာ ကျန်းမာရေးအတွက် ကောင်းကျိုးအများကြီးရှိတယ်ဆိုတာ သင်သိပါသလား။ ကိုယ်တွေနဲ့ မစိမ်းတဲ့ ဟင်းပွဲတစ်ခုဖြစ်ပေမယ့် ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးလေးတွေ ရှိလဲဆိုတာ သိထားတော့ ပိုကောင်းတာပေါ့နော်။

ရွှေဖရုံသီးရဲ့ ကျန်းမာရေးအပေါ် အကျိုးပြုမှုများ ။ ။

အာဟာရဓါတ်များစွာနဲ့ ဗီတာမင် A တွေ ကြွယ်ဝစွာပါပါတယ်။ ။

ဗီတာမင် A အများကြီးပါတဲ့ ဒီ ရွှေဖရုံသီးမှာ အခြား ဗီတာမင် နဲ့ သတ္တုဓါတ်တွေ များစွာပါတဲ့အပြင် ကယ်လိုရီ ၄၉ လောက်ပဲပါတာကြောင့် ဝိတ်ချနေတဲ့သူတွေ ထိပ်ဆုံးက စားသင့်တဲ့အစားအသောက်တစ်ခုပါ။ ဒါ့အပြင် မျက်စိကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့ beta-carotene တွေလည်း အများဆုံးပါတဲ့ အစားအသောက်တစ်ခုဖြစ်တာကြောင့် အမြင်အာရုံ မကြည်မလင် ဖြစ်နေသူတွေ စားပေးသင့်တဲ့ ရွှေဖရုံသီးပါ။

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါပါတယ်။ ။

အသီးအနှံတိုင်းကတော့ ဓါတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေနဲ့ ပြည့်နှက်နေပြီး နာတာရှည်ရောဂါတွေကနေ ကာကွယ်ပေးနိုင်တဲ့ သူချည်းပါပဲ။ ရွှေဖရုံသီးလည်း အပါအဝင်ပေါ့။

ခုခံအားကို တိုးတက်ကောင်းမွန်စေပါတယ်။

ဗီတာမင် A ပါတဲ့အပြင် ဗီတာမင် C လည်း အများကြီးပါတာကြောင့် ရွှေဖရုံသီးဟာ ခုခံအားကို ကောင်းစေတဲ့ အရာတစ်ခုဆိုတာ ယုံမှားဖွယ်မရှိပါဘူး။

မျက်စိကျန်းမာရေးကို အထူးကောင်းမွန်စေပါတယ်။ ။

ဗီတာမင် A၊ beta-carotene ၊ lutein နဲ့ zeaxanthin တို့လိုမျိုး မျက်လုံး ကျန်းမာရေးအတွက် အဓိက လိုအပ်တဲ့ အာဟာရဓါတ်တွေ ရွှေဖရုံသီးမှာ ပြည့်နေတာကြောင့် အသက်ကြီးလာရင် ဖြစ်တတ်တဲ့ မျက်လုံးနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ရွှေဖရုံသီးက ကာကွယ်ပေးနိုင်မှာ အသေအချာပါ။

အမျှင်ဓါတ်ကြွယ်ဝစွာပါပါတယ်။

အမျှင်ဓါတ် ကြွယ်ဝစွာပါတဲ့ ဒီရွှေဖရုံသီးကြောင့် ဝမ်းမှန်စေသလို ကယ်လိုရီနည်းပြီး စားပြီးရင်လည်း ဗိုက်ပြည့်လွယ်စေတာကြောင့် ကိုယ်အလေးချိန် လျှော့ချနေတဲ့သူတွေ အတွက် ကောင်းလွန်းလှတဲ့ အစားအသောက်တစ်ခုပါ။

ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။ ။

ရွေဖရုံသီးမှာပါတဲ့ ဗီတာမင် A ဗီတာမင် C နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက သင့်ကို ကင်ဆာရောဂါကနေ ကာကွယ်ပေးနိုင်မယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်။

နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ။

ရွှေဖရုံသီးက သွေးတွင်းမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စရော ကို လျှော့ချပေးနိုင်လို့ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းတွေကိုလည်း လျှော့ချနိုင်သလို နှလုံးကြွက်သားတွေ ကျန်းမာဖို့အတွက် အဓိက လိုအပ်တဲ့ ပိုတက်ဆီယမ် သတ္တုဓါတ်တွေ ကြွယ်ဝတဲ့ အစားအသောက်တစ်ခုပါ။

အသားအရေကို လှပစေပါတယ်။

ထမင်းစားဝိုင်းမှာ ရွှေဖရုံသီး ဟင်းတစ်ခွက်ပါလို့ကတော့ အခြားဟင်းပွဲတွေ အားလုံးမှေးမှိန်သွားလောက်အောင် သူ့ရဲ့ရွှေဝါရောင်လေးက ထင်ပေါ်ပြီး ဆွဲဆောင်နေတတ်ပါတယ်။ ပါဝင်တဲ့ ဗီတာမင် A၊ beta-carotene ၊ lutein နဲ့ zeaxanthin တို့ကြောင့် ရွှေဖရုံသီး စားနေကျဖြစ်တဲ့ လူတစ်ယောက်ရဲ့ အသားအရေဟာလည်း အများကြားထဲမှာ ထင်းနေမှာ အသေအချာပါ။

ဒါတွေကတော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး လူတိုင်းစားသင့်တဲ့ ရွှေဖရုံသီး အကြောင်းလေးပဲဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 4 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။