အချိုရည်မှပါဝင်တဲ့ သကြားဓာတ်များဟာ သွားကြိုသွားကြားအတွင်း ဘက်တီးရီးယား ပေါက်ပွားမှုကိုလည်း အားပေးတာကြောင့် သွားကျောက်တွေဖြစ်ပေါ်ပြီး သွားများကို လျင်မြန်စွာ ပျက်စီးစေပါတယ်။
စွမ်းအားဖြည့်အချိုရည်များ သောက်သုံးခြင်းဟာ ကိုယ်အလေးချိန်လည်း တက်လာစေပါတယ်။ ၂၅၀ မီလီလီတာလောက်ပါတဲ့ စွမ်းအားဖြည့်အချိုရည်တဘူးမှာ ကယ်လိုရီ ၁၁၀ လောက် ပါဝင်ပါတယ်။ အဓိကလက်သည်ကတော့ သကြားဓာတ် ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေ များစေပါတယ်။
စွမ်းအားဖြည့်အချိုရည်စွဲတာကို ဘယ်လိုရင်ဆိုင်မလဲ
စွမ်းအားဖြည့်အချိုရည်တွေကို မသောက်ရမနေနိုင်ဖြစ်သွားရင် ချက်ချင်းဖြတ်ဖို့တော့ ခက်ပါတယ်။ လုံးဝမသောက်ဘဲ ဖြတ်ပစ်ခြင်းမျိုး လုပ်နိုင်သလို ဖြည်းဖြည်းချင်းစီ လျှော့ချသွားပြီးမှ ဖြတ်လိုက်တာမျိုးလည်း ရှိပါတယ်။ နည်းလမ်းနှစ်ခုစလုံးမှာ အားနည်းချက် အားသာချက် ရှိပါတယ်။ မိမိရဲ့ နေထိုင်စားသောက်မှုပုံစံအရ လိုက်လျောညီထွေဖြစ်အောင် ရွေးချယ်ရပါမယ်။
ရုတ်တရက် တိကနဲ့ ဖြတ်တဲ့အခါမှာတော့ စွဲလမ်းတာကြောင့်ဖြစ်တတ်တဲ့ လက္ခဏာတွေ ပိုမို ကြုံနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း စတာမျိုးတွေ ဖြစ်တတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။