backup og meta

ဒါတွေကိုများတွဲစားမိနေပြီလား.................

ဒါတွေကိုများတွဲစားမိနေပြီလား.................

စားကောင်းလို့ဆိုပြီး တွဲစားလိုက်တယ်။ပြီးရင် ရင်ပြည့်သလိုလို၊ ဗိုက်ထဲမှာ မအီမသြာဖစ်သလိုလိုခံစားရတယ်ဟုတ်။ ဗိုက်ထဲမှာ မအီမသာဖြစ်တဲ့ ခံစားချက်ကနေ့စဉ်လုပ်ဆောင်မှုတွေအပေါ်မှာ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ဒီလိုမျိုး အစားတစ်လုတ်ေကြာင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေမထိခိုက်စေဖို့ အခုပြောမယ့်အချက်လေးတွေကို သတိထားပေးပါနော်။

ဒါတွေတွဲစားမိနေပြီလား

အချိုစာ နဲ့ အရက်

အရက်သောက်တဲ့အချိန်မှာ သစ်သီး ဒါမှမဟုတ် ဟင်းသီးဟင်းရွက်တွေနဲ့မြည်းတာက အကောင်းဆုံးပါ။ အရက်သောက်တဲ့အခါ အချိုဓါတ်ကဲတဲ့ အစားအစာတွေနဲ့တွဲမစားမိစေဖို့ သတိထားစေချင်ပါတယ်။ အယ်လ်ကိုဟောက အချိုဓါတ်ကိုပြည့်ဝအဆီအဖြစ်ပြောင်းလဲစေတာကြောင့် ခန္ဓါကိုယ်မှာ အဆီပိုတွေဖြစ်စေနိုင်ပါတယ်နော်။

ကြက်ဥ/ဘဲဥ နဲ့ အသားကြော်

ဒီနှစ်ခုကိုတွဲစားတာကအစာအိမ်ကိုတော်တော်လေးဝန်ပိစေတာပါ။ ပရိုတင်းကိုချေဖျက်ဖို့ဆိုရင် ပုံမှန်ထက်အချိန်ပိုယူနိုင်တာကြောင့် ဒီနှစ်ခုကို တွဲမစားစေချင်တာပါ။ အသားနဲ့ ကြက်ဥကိုတွဲစားမယ့်အစား၊ အသားကြော်ကို ဟင်းသီးဟင်းရွက်တစ်မျိုးမျိုးနဲ့ တွဲစားလိုက်တာက ပိုကောင်းပါတယ်။

ချိစ် နဲ့ ပဲအမျိုးမျိုး

ဒီနှစ်ခုကိုတွဲစားပြီးရင်ခေါင်းထဲက ညီးစီစီဖြစ်သလိုလိုလေပွနေသလိုလိုခံစားရတယ်ဟုတ်။ ဒီနှစ်ခုကို တွဲစားလိုက်တာကအစာခြေစနစ်ကိုလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခိုင်းလိုက်ရာရောက်ပါတယ်။ ဒါကြောင့် နို့ထွက်ပစ္စည်းတွေနဲ့ ပဲအမျိုးမျိုးကို တွဲမစားမိစေဖို့ သတိထားပေးပါ။

အစားအစာနဲ့ရေ

မဖြစ်နိုင်တာပါ၊ လို့တွေးနေပြီလား။ ထမင်းစားနေရင်းဖြစ်ဖြစ်၊ အစားတစ်ခုခုစားနေရင်းဖြစ်ဖြစ်ရေကို မသောက်ပါနဲ့။ အစားစားပြီး နာရီဝက်ကြာမှရေသောက်တာက အကောင်းဆုံးပါ။ ဒီလိုမှမဟုတ်ရင် အစာခြေအက်ဆစ်အားပျော့သွားပြီးအစာချေဖျက်ရချိန်က ပုံမှန်ထက် ပိုကြာသွားနိုင်ပါတယ်။

အာလူးချောင်းကြော်နဲ့ဘာဂါ

ဒီနှစ်ခုက တွဲစားလို့ တအားကောင်းတာနော်။ ဒါပေမယ့် မစားတာကတော့ အကောင်းဆုံးပါ။ အကြာကြီးကြော်ထားတဲ့ အစားအစာတွေကသွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်ပါတယ်။သွေးတွင်းသကြားဓါတ်ကျဆင်းမှုက ပင်ပန်းစေပြီး အားအင်ကုန်ခမ်းသလိုဖြစ်စေနိုင်ပါတယ်။

ကိုလာ နဲ့ ပီဇာ

ပီဇာမှာက ကစီဓါတ်နဲ့ပရိုတင်းပမာဏ ပါဝင်မှုများသလို ကိုလာမှာကလည်း အချိုဓါတ်ပါဝင်မှုမြင့်ပါတယ်။ ဒီနှစ်ခုကို တွဲပြီးစားသုံးတာက ကျန်းမာရေးကိုတော်တော်လေးထိခိုက်စေမယ့် အနေအထားပါ။ အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်သလိုသွေးတွင်းသကြားဓါတ်အပေါ်မှာပါ သက်ရောက်မှုရှိလာနိုင်ပါတယ်။

သစ်သီးတွေနဲ့ဒိန်ချဉ်

ဒိန်ချဉ်ထဲမှာ သစ်သီးလေးတွေထည့်တာက စားလို့ကောင်းတာတော့အမှန်ပါနော်။ ကျန်းမာရေးနဲ့ညီညွတ်တယ်၊လို့လည်း ယူဆလက်ခံထားကြပါတယ်။ ဒါပေမယ့် ဒီနှစ်မျိုးကလည်း တွဲမစားသင့်ပါဘူးတဲ့။ အကြောင်းကတော့ အသီးတွေကထွက်တဲ့ အက်ဆစ်နဲ့ ဒိန်ချဉ်မှာပါတဲ့ ပရိုတင်းတို့ဓါတ်ပြုတဲ့အခါ အစာခြေစနစ်က အကျိုးပြုအမျှင်ဓါတ်တွေကို ထိခိုက်စေနိုင်တာကြောင့်ပါ။ အခန့်မသင့်ရင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်နော်။

ထမင်းစားပြီး သစ်သီးအချိုတည်းခြင်း

ဒါကတော့ မှားယွင်းနေတဲ့ စားသောက်မှုအလေ့အထတစ်ခုပေါ့။ ထမင်းစားပြီးရင် သစ်သီးလေးအချိုတည်းက အလေ့အကျင့်လိုတောင်ဖြစ်နေပါပြီနော်။ ဒါပေမယ့် မစားဖို့ပြောပါရစေ။ သစ်သီးတွေက အစာကြေလွယ်ပေမယ့် ထမင်းစားလိုက်တဲ့အခါ စားသုံးမိတဲ့ ပရိုတင်း၊အဆီနဲ့ ကာဗိုဟိုက်ဒရိတ်တွေကတော့ အစာကြေမလွယ်ပါဘူး။ တကယ်လို့ သစ်သီးမှာပါတဲ့ အချိုဓါတ်က အစာအိမ်ထဲမှာ အချိန်ကြာမြင့်စွာရှိနေမယ်ဆိုရင် အစာအိမ်ထဲမှာ အချဉ်ပေါက်ပြီး ဗိုက်အောင့်ဗိုက်နာတာမျိုးဖြစ်စေနိုင်ပါတယ်။

ငှက်ပျောသီးနဲ့နို့
နွားနို့ထဲကို ငှက်ပျောသီးထည့်လိုက်ရင်တော်တော်မွှေးပြီး စားချင်စရာကောင်းတယ်နော်။ ဒီလိုတွဲစားတာက ခံတွင်းတွေ့စရာဆိုပေမယ့် အစာအိမ်ကတော့ သူတို့ကိုပေါင်းပြီးချေဖျက်ဖို့ အချိန်တော်တော်ယူရပါတယ်။ အစာခြေဖို့အချိန်ကြာမြင့်စွာယူရတာက ခန္ဓါကိုယ်ကို အားအင်ကုန်ခမ်းစေနိုင်ပါတယ်။

ဆိတ်သားနဲ့ပုဇွန်

ပုံမှန်အတိုင်းကတော့ ဒီနှစ်ခုကို တွဲချက်မိခဲပါတယ်။ ဒါပေမယ့် ညစားစားပွဲတွေသွားစားတဲ့အခါမျိုးမှာဖြစ်ဖြစ် ဘူဖေးသွားစားတဲ့အခါမျိုးမှာဖြစ်ဖြစ် တွဲစားမိနိုင်ပါတယ်။ ဒီလိုတွဲစားတာက အစာခြေစနစ်ကို အလုပ်များစေပြီး အစာမကြေတာလိုမျိုးပြဿနာတွေကိုခံစားရစေနိုင်ပါတယ်။

ဒီတော့ အစားတစ်လုတ်ကြောင့် ဒုက္ခမရောက်စေဖို့ ကိုယ့်ကိုယ်ကိုစောင့်ရှောက်လိုက်ပါနော်…. Hello ဆရာဝန်ပရိသတ်ကြီးရေ………………..

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Food Combinations You Should Strictly Avoid Eatinghttps://parenting.firstcry.com/articles/magazine-food-combinations-you-should-strictly-avoid-eating/ Accessed Date 12 April 2019

15 Food combinations can be potentially dangerous for your digestive systemhttps://nurserylive.com/15-food-combinations-can-be-potentially-dangerous-for-you Accessed Date 12 April 2019

21 ‘Health’ Foods You Should Never Eathttps://draxe.com/health-foods-you-should-never-eat/Accessed Date 12 April 2019

ယခုပုံစံ

06/10/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အချိန်အကန့်အသတ်နဲ့ အစာစားတာက ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်

အိုမင်းရင့်ရော်ခြင်းကို မြန်စေတဲ့ အစားအစာ (၇)မျိုး



Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement