brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးတွေမှာ အဝလွန်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေ

ကလေးပဲ ဝပါစေ၊ ချစ်ဖို့တောင် ကောင်းသေးဆိုပေမယ့် အရမ်းဝတာကတော့ မကောင်းဘူးနော်။ ကလေးက ဖွံ့တာလောက်က ကိစ္စမရှိပေမယ့် အရမ်းဝလွန်းနေရင်တော့ မကောင်းပါဘူး။ အဝလွန်တာက အဝလွန်တယ်ဆိုတာမှာတင် ရပ်မနေပါဘူး။ နောက်ဆက်တွဲပြဿနာတွေ တော်တော်များများ ရှိနေပါတယ်။

ကလေးတွေမှာ အဝလွန်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေ

လူကြီးအရွယ်မှာ အဝလွန်တာက ကိုယ်ဖန်တီးတဲ့ ကိုယ့်ကိစ္စလို့ ဆိုနိုင်ပေမယ့် ကလေးအရွယ်မှာ အဝလွန်တာ မဖြစ်စေဖို့ကတော့ မိသားစုမှာ တာဝန် ရှိပါတယ်။

ကလေးတစ်ယောက်ကို အဝလွန်စေတဲ့ အကြောင်းအရင်းတွေက ဒါတွေပါ

ကလေးက သူ့အသက်အရွယ်မှာ ရှိသင့်တဲ့ ပုံမှန် ကိုယ်အလေးချိန်ထက် များနေမယ်။ BMI က ရှိသင့်တာထက် ပိုနေမယ်ဆိုရင် အဝလွန် နေပြီလို့ ပြောလို့ရပါတယ်။ ကလေး တစ်ယောက်ကို အဝလွန်စေတဲ့ အကြောင်းအရင်းတွေက လူကြီးတွေမှာ အဝလွန်စေတဲ့ အကြောင်းအရင်းနဲ့ တူတူပါပဲ။ နေ့စဉ်နေထိုင်တဲ့အပြုအမူ အလေ့အထတွေ နဲ့ မျိုးရိုးလိုက်တာတွေကြောင့် ကလေးတွေမှာ အဝလွန်တာတွေ ဖြစ်နိုင်ပါတယ်။ အဝလွန်တာက နေ့စဉ်လူမှုဆက်ဆံရေးဘဝကို ထိခိုက်စေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

အဝလွန်စေနိုင်တဲ့ အပြုအမူတွေက

အဝလွန်တာက နေ့စဉ်လုပ်မိတဲ့ အပြုအမူတွေကြောင့် အများကြီးပါပါတယ်။

အဝလွန်စေနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေက

ပတ်ဝန်းကျင် အခြေအနေတွေကလည်း ကလေးတွေကို အဝလွန် စေနိုင်ပါတယ်။

  • မိဘတွေ ကိုယ်တိုင်က ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ ရှိနေတာ
  • ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ အားကစားမလိုက်စားတာ
  • ကလေးကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့လှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့ အားမပေးတာ
  • အချိုရည်နဲ့ အသင့်စား အစားအစာတွေကို အစားများတာ
  • အဆီအအိမ့်တွေ အစားများတာတွေကြောင့်လည်း အဝလွန် နိုင်ပါတယ်။

ကလေးတွေမှာ အဝလွန်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေ

အဝလွန်တာက ကလေးမှာရော လူကြီးမှာရော မကောင်းသလို ရေတို အတွက်ရော ရေရှည် အတွက်ပါ မကောင်းတာ အမှန်ပါ။ ကလေးငယ်တွေ အနေနဲ့ အဝလွန်မယ် ဆိုရင် နောက်ဆက်တွဲ မဖိတ်ခေါ်ဘဲ ဖြစ်လာနိုင်တဲ့ ပြဿနာတွေက –

ဒါတွေတင် မကပါဘူး။ ကလေးက အဝလွန်မယ်ဆိုရင် သူငယ်ချင်းတွေရဲ့ စနောက်မှုတွေကြောင့် စိတ်ထိခိုက်တာ၊ ကလေးအချင်းချင်းကြားမှာ အနိုင်ကျင့်ခံရတာတွေကြောင့် စိတ်ထိခိုက်ခံစားရနိုင်သလို စိတ်ဖိစီးတာ၊ စိတ်အားငယ်တာ၊ စိုးရိမ်စိတ် များတာလိုမျိုး ပြဿနာတွေလည်း ခံစားရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုတွေကြောင့် ကလေးဟာ သင်ယူမှုပိုင်းမှာပါ ထိခိုက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။