home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

အစာစားချိန်နောက်ကျတာက လူ့ကျန်းမာရေးကို အကျိုးမပြုပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်က လူအများစုဟာ ညနေ ၆ နာရီနောက်ပိုင်းမှာ ညစာစား ကြတာများပါတယ်။ လေ့လာချက်တွေကတော့ အစာစားချိန်နောက်ကျပြီး ညဉ့်နက်တာ၊ မိုးချုပ်တာတွေဟာ ကိုယ်အလေးချိန် ပိုပြီး မြင့်တက်လာအောင် တွန်းအားပေးတယ်လို့ ဆိုကြပါတယ်။

ဗြိတိန်သိပ္ပံပညာရှင်တွေရဲ့ အဆိုအရဆိုရင် ညနေ ၆ နာရီနောက်ပိုင်းမှာ ညစာ ဒါမှမဟုတ် အဆာပြေစာ စားဖြစ်ရင် ကယ်လိုရီလောင်ကျွမ်းနိုင်စွမ်း ပိုမိုအားနည်းပြီး ကိုယ်အလေးချိန်ပိုမိုတိုးပွားစေလေ့ရှိတယ်လို့ ဆိုပါတယ်။

အိပ်ရာဝင်ခါနီး ဒါမှမဟုတ် ညဘက်ရောက်မှ ညစာစားသူတွေဟာ အချိန်စောစော ညစာစားသူတွေထက် BMI ရမှတ်မှာ ၁.၃ မှတ်အထိ ကွာဟနေတတ်တယ်လို့ လေ့လာချက်မှာဆိုထားပါတယ်။ BMI ၁.၃ အထိကွာဟတယ်ဆိုတာက အရပ် ၁၇၀ စင်တီမီတာရှိပြီး ညဘက် ညစာစောစောစားတဲ့လူတစ်ယောက်ဟာ ကိုယ်အလေးချိန် ပေါင် ၁၈၀ ပေါင်လေးမယ်ဆိုရင် သူနဲအရပ်တူ ညဘက်ညစာစားတဲ့သူတစ်ယောက်မှာတော့ သူ့ထက် ၇ ပေါင် ဝိတ်ပိုများနေမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ညဉ့်နက်မှ ဒါမှမဟုတ် နောက်ကျမှ ညစာစားတဲ့အခါ အောက်ပါပြဿနာတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါတွေကတော့

ယေဘုယျအားဖြင့်ဆိုရင် ညမိုးချုပ်ချိန်မှာ အစားမစားတာက ကောင်းမွန်တဲ့ အလေ့အထဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့၊ တစ်နေကုန်လန်းဆန်းကျန်းမာနေဖို့နဲ့ အိပ်စက်ရာမှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်စေဖို့ ညစာကို အိပ်ချိန်နဲ့ ခပ်ခွာခွာလေး စားသင့်ပါတယ်။

ဗီတာမင် C ပါဝင်တဲ့ သစ်သီးဝလံတွေကို အနည်းအကျဉ်းစားတာမျိုးကိုတော့ အတန်အသင့်ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် သတိထားသင့်တာကတော့ အလွန်အကျွံစားတာမျိုး မပြုမူမိဖို့နဲ့ အရမ်းချဉ်တာတွေ မစားမိဖို့လည်း လိုအပ်တယ်ဆိုတာပါပဲ။

အချဉ်ဓာတ်ကဲတဲ့ အစားအစာတွေရဲ့ အများစုမှာ Citric Acid ပါဝင်နေတတ်ပြီး အိပ်ချိန်နဲ့နီးကပ်နေချိန်မှာ အလွန်ချဉ်တဲ့ အစားအစာစာတွေကို မှီဝဲစားသောက်တာက အစာအိမ်အချဉ်ပေါက်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ယာဝင်ခါနီးမှာ ဘာမှမစားဖြစ်အောင် နေတာက ပိုကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်။

အိပ်ခါနီးမှာ အစာစားတာဟာ လည်ချောင်းအတွင်းမှာ ချွဲတွေကို ခဲနေစေတတ်တာကြောင့် ပင်ပန်းနွမ်းနယ်တာတွေ၊ မောပန်းနွမ်းလျတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အာဟာရဗေဒပညာရှင်တွေက အိပ်ချိန်နားကပ်နေရင် ချို၊ ချဉ်၊ ငံ၊ ခါး ဘာမှမစားဖို့ လမ်းညွှန်ကြတာပါ။

အကြမ်းဖျဉ်းအားဖြင့် အိပ်ရာဝင်ချိန်နဲ့ ညစာစားချိန်ကို ၃ နာရီလောက် ခြားထားပေးတာက နည်းလမ်းကောင်းဖြစ်ပြီး အကောင်းဆုံးနည်းလမ်းကတော့ ညနေ ၆ နာရီမတိုင်ခင်မှာ ညစာမစားတာပဲဖြစ်ပါတယ်။

တကယ်လို့ စားဖြစ်တယ်ဆိုရင်တောင်မှ အနည်းအကျဉ်းသာ မှီဝဲသုံးဆောင်စေချင်ပါတယ်။ ခုလိုပြုမူမယ်ဆိုရင် ဒါမှသာ အိပ်စက်ရာမှာလည်း အထောက်အကူဖြစ်စေမှာဖြစ်စေပြီး အိပ်ရာထချိန်မှာလည်း လန်းဆန်းတက်ကြွနေမှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Zon Aung မှ ရေးသားသည်။ 22/01/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Phyo Wai Lynn မှ အချက်အလက် စစ်ဆေးထားပါသည်။