backup og meta

ပျားရည် နဲ့ ကျန်းမာရေး

ရှေးယခင်ကာလတွေကတည်းက ပျားရည်ကို ဆေးဝါးအဖြစ်ရော စားသုံးစရာတစ်ခုအနေနဲ့ပါ အသုံးပြုခဲ့ကြတာပါ။ အပင်ကနေရတဲ့ ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေတဲ့ ပျားရည် ခန္ဓာကိုယ်ကို အားရှိစေသလို ကျန်းမာရေးအတွက်လည်း အကျိုးများပါတယ်။

ခပ်ချိုချိုအရသာရှိတာကြောင့် သကြားအစား အသုံးပြုကြတဲ့ ပျားရည်က ကယ်လ်လိုရီပါဝင်မှု လုံးဝမရှိတာကြောင့် ကျန်းမာရေးနဲ့ သင့်တော်ပါတယ်။ ဒိတစ်ခေါက်တော့ ရှေးယခင်ကာလတွေကတည်းက ဆေးဖြစ်ဝါးဖြစ် သုံးလာကြတဲ့ ပျားရည်က ဘယ်လိုမျိုး ကျန်းမာရေးအတွက် အထောက်အကူပြုလဲဆိုတာ ကြည့်လိုက်ရအောင်လား…………..

ပျားရည် ကပေးတဲ့ ကျန်းမာရေး

ချိုချိုလေးနဲ့ စားလိုက်ရင် အရသာရှိတဲ့ ပျားရည်လေးက

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတယ်

ပျားရည်စစ်စစ်က အပင်က ဓာတုပစ္စည်းတွေ ပါဝင်နေတာ​ကြောင့် ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝပါတယ်။ အချို့သော ပျားရည်တွေမှာ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေက ဓာတ်တိုးဆန့်ကျင် အာနိသင်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေက ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဓာတ်တိုးပစ္စည်းတွေက အရွယ်မတိုင်ခင် အိုမင်းတာနဲ့ ကင်ဆာ။ နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါ တယ်။ ပျားရည်ထဲမှာပါတဲ့ polyphenols  လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင် ပါတယ်။

ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တယ်

ပျားရည်က အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်ပါတယ်။ ပျားရည်မှာ ပိုးမွှားတွေကို သေစေနိုင်တဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ပါဝင်နေပါတယ်။ အရေပြားကျန်းမာစေဖို့ အတွက်ရော ပိုးမွှားတွေကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ဖို့အတွက်ပါ ပျားရည်ကို အသုံးပြုပေးလို့ရပါတယ်။

အနာကျက်စေနိုင်တယ်

ပျားရည်ကို အနာတွေကို ကုသဖို့အတွက် သဘာဝဆေးတစ်လက်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ အကြောင်းကတော့ ပျားရည်က ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တာကြောင့်ပါ။ အရေပြားတစ်ရှူးတွေကို ပြန်လည် ကျန်းမာလာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကို ပျားရည် စစ်စစ်လိမ်းပေးတာက အနာကျက်မြန်စေသလို အနားပိုးဝင်ကူးစက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ထိခိုက်မိတဲ့ ဒဏ်ရာ သိပ်မကြီးဘူးဆိုရင် အနာကို သန့်အောင် ဆေးကြောလို့ ပျားရည်လေး ပွတ်ထားလိုက်ရုံပါ။

အာဟာရ ကြွယ်ဝတယ်

ပျားရည်က သဘာဝ အာဟာရဓာတ်တစ်ခုပါ။ ပန်းပေါင်းစုံ အသီးအရွက်ပေါင်းစုံကနေရတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ကယ်လ်လိုရီပါဝင်မှုကင်းတာကြောင့် ကိုယ်အလေးချိန်အပေါ် သက်ရောက်မှုမရှိစေဘဲ ပြည့်ဝတဲ့ အာဟာရဓာတ်ကို ရရှိစေမှာပါ။

ပျားရည်ကို ဆေးဖြစ်ဝါးဖြစ်စားပေးတာက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ရာ ရောက်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

ဝမ်းပျက်ဝမ်းလျှောတာ၊ အစာအိမ်ပိုးဝင်တာနဲ့ အစာအိမ်အနာတို့လိုမျိုး အစာခြေစနစ် ပြဿနာတွေကို သက်သာစေဖို့ ပျားရည်ကို အသုံးပြုပေးလို့ရပါတယ်။ ပျားရည်က အကျိုးပြုဘက်တီးရီးယား အာဟာရ ပါဝင်နေတာကြောင့် အစာခြေစနစ်ထဲက အကျိုးပြုဘက်တီးရီးယားလေးတွေကို အကောင်းဆုံးအားဖြည့်ပေးလို့ အစာခြေစနစ် ကျန်းမာပြီး ဝမ်းဗိုက်ပြဿနာ ကင်းစေမှာပါ။

လည်ချောင်းနာ သက်သာစေတယ်

အအေးမိလို့ဖြစ်ဖြစ် ညစ်ညမ်းတဲ့အရာတစ်ခုခုကြောင့်ဖြစ်ဖြစ် လည်ချောင်းနာတဲ့အခါ သက်သာစေဖို့ ပျားရည်ကို သုံးစေချင်ပါတယ်။ ပျားရည်က လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့ အိမ်တွင်း ကုထုံးတစ်ရပ်ပါ။ ရေနွေးပူပူထဲကို ပျားရည်နဲ့ သံပုရာရည်ညှစ်ထည့်ပြီး သောက်ပေးတာက သာမန် အအေးမိဖျားနာတာကို သက်သာစေနိုင်သလို လည်ချောင်းနာတာကို သိသိသာသာ သက်သာစေမှာပါ။

ချောင်းဆိုးနေရင်လည်း ပျားရည်ကို ရေနွေးလေးနဲ့ဖျော်ပြီး သောက်ပေးလို့ရပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Surprising Health Benefits of Honey https://www.healthline.com/nutrition/10-benefits-of-honey Accessed Date 5 May 2020

The Top 6 Raw Honey Benefits https://www.healthline.com/health/food-nutrition/top-raw-honey-benefits Accessed Date 5 May 2020

ယခုပုံစံ

21/03/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝက်ခြံပျောက်ဖို့ ပျားရည်ကိုဘယ်လိုအသုံးချကြမလဲ

ဆီးချိုနဲ့ ပျားရည်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/03/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement