backup og meta

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အိပ်စက်ခြင်းဟာ မွေးဖွားခြင်းအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အိပ်စက်ခြင်းဟာ မွေးဖွားခြင်းအပေါ် အကျိုးသက်ရောက်မှုဖြစ်စေသလား

    အိပ်ချိန်လုံလောက်ဖို့နဲ့ ကောင်းကောင်းအိပ်ပျော်ဖို့ဆိုတာ ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။ အိပ်စက်ခြင်းဟာ အမျိုးသားတွေရော အမျိုးသမီးတွေအတွက်ပါ ခုခံအားစနစ်အတွက် အကျိုးသက်ရောက်စေပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ခြင်းဟာ အိပ်ပျော်ဖို့နဲ့ အိပ်စက်ချိန်တွေအတွက် အကျိုးသက်ရောက်စေသလို ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုကလည်း ဒီကာလအတွင်းမှာ အိပ်ရေးပျက်ခြင်းကို ခံစားကြရပါတယ်။

    အိပ်ရေးပျက်ခြင်းဟာ ခုခံအားစနစ်အပေါ် လွှမ်းမိုးသက်ရောက်စေပါတယ်။ တကယ်လို့များ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ လုံလောက်အောင် မအိပ်ရဘူးဆိုရင် ဒါမှမဟုတ် ကောင်းကောင်းအိပ်မပျော်ဘူးဆိုရင် ခန္ဓါကိုယ်ရဲ့ ရောင်ရမ်းတတ်တဲ့ တုံ့ပြန်မှုကို ပိတ်ချလိုက်ပါတယ်။ ဒါဟာ cytokines တွေ ပိုထုတ်ပေးခြင်းကို ဖြစ်စေနိုင်ပါတယ်။ Cytokines တွေဟာ ခန္ဓါကိုယကနေ ခုခံအာစနစ်ကို အချက်ပြသတင်းပို့တဲ့ မော်လီကျူးတွေဖြစ်ပါတယ်။

    Cytokines တွေဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲက ကောင်းမွန်တဲ့ အရာတွေဖြစ်ပေမယ့် ဒါတွေများလာခြင်းဟာ ကျန်းမာတဲ့ဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ သူတို့တွေဟာ ကျန်းမာတဲ့ တစ်ရှူးတွေကို ဖျက်ဆီးပစ်ပြီး ရောဂါတွေကို ခုခံကာကွယ်နိုင်တဲ့ စွမ်းရည်ကို လျှော့ချပစ်လိုက်ပါတယ်။ Cytokines စုစည်းမှုတွေ များလာခြင်းကိုခံစားရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မွေးဖွားရာမှာအခက်အခဲတွေတွေ့ရနိုင်ပါတယ်။ ဥပမာ – ကိုယ်ဝန်သွေးတိုးခြင်း(preeclampsia)နဲ့ စောစီးစွာမွေးဖွားခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် Cytokins တွေ ပိုလျှံနေခြင်းဟာ စိတ်ဓာတ်ကျဆင်းခြင်း၊ သွေးကြောဆိုင်ရာရောဂါတွေ နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ အချင်းကိုဖြစ်ပေါ်စေတဲ့ ကျောရိုးသွေးကြောတွေမှာ ပြဿနာဖြစ်စေနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်နေစဉ်မှာ အိပ်စက်ခြင်းပြဿနာနဲ့ ရင်ဆိုင်နေရတ့ အမျိုးသမီးတွေဟာ ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်နဲ့ အချိန်ကြာကြာအိပ်ပျော်စေဖို့ သူတို့လုပ်နိုင်သမျှ ကြိုးစားဆောင်ရွက်သင့်ပါတယ်။

    ပိုပြီးအိပ်လို့ကောင်းစေဖို့ သင့်ကို ကူညီပေးနိုင်မယ့် နည်းလမ်း ၁၃မျိုး

    – အိပ်စက်ဖို့နဲ့ လိင်မှုကိစ္စတွေအတွက် အိပ်ရာထားပါ။

    – အိပ်စက်ချိန်ပုံမှန်ဖြစ်အောင် အချိန်ဇယားဆွဲပါ။

    – ကဖိန်းမပါတဲ့ လက်ဖက်ရည်နွေးနွေးတစ်ခွက်သောက်ပါ။ ဒါမှမဟုတ် အိပ်ရာမဝင်ခင် အမျိုးသားကို ပုခုံးကို ညင်ညင်သာသာ နှိပ်နယ်ခိုင်းပါ။

    – အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေမယ့်အရာတွေ ဥပမာ ရုံးအလုပ်တွေ၊ တစ်ညလုံး TV ဖွင့်ထားတာတွေ ဒါမှမဟုတ် အိမ်ထောင့်တွေက အလင်းရောင်စူးစူးတွေကို ရှောင်ကြဉ်ပါ။

    – အိပ်ရာမဝင်ခင် သွားရည်စာနည်းနည်းစားပါ။ အစာမကြေခြင်းဟာလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အိပ်စက်ရာမှာ အနှောက်အယှက်ဖြစ်စေတယ်ဆိုတာကို မမေ့ပါနဲ့။

    – အရေပြားကို သက်တောင့်သက်သာဖြစ်စေမယ့် အိပ်ရာခင်းတွေကို အသုံးပြုပါ။

    – ကိုယ်ဝန်ဆောင်ခေါင်းအုံးကို အသုံးပြုပါ။ ဒါမှမဟုတ် သင့်ရဲ့ ကိုယ်အနေအထားကို ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး သက်သောင့်သက်သာဖြစ်စေမယ့် ဖက်လုံးကို သုံးပါ။

    – တကယ်လို့များ စိုးရိမ်သောကတွေကြောင့် အိပ်မပျော်ဘူးဆိုရင် ပူပန်စရာတွေအားလုံးကို ချရေးထားပြီး မအိပ်ခင်လွှင့်ပစ်လိုက်ပါ။ အနားယူပြီးတဲ့နောက် နောက်တစ်နေ့မှာ အားလုံးကိုဖြေရှင်းလိုက်ပါ။

    – ဖြည်းဖြည်းမှန်မှန်အသက်ရှူတဲ့လေ့ကျင့်ခန်းတွေ၊ ကိုယ်ဝန်ဆောင်ယောဂတွေ ဒါမှမဟုတ် တရားထိုင်တာတွေ လုပ်ပါ။

    သင့်လိုအင်ကို သင်ဆန့်ကျင်နေတာကလည်း စိတ်ဖိစီးမှုတွေဖြစ်ပေါ်စေပြီး အိပ်စက်ရာမှာ အနှောက်အယှက်ဖြစ်စေပါတယ်။

    – စားလိုက်ပြီးတာနဲ့ လေပွတာ ဒါမှမဟုတ် အစာမကြေဖြစ်စေပြီး သင့်ကိုညဘက်မှာပြန်နိုးလာစေတဲ့ ဘယ်အစားအစာကိုမဆို မှတ်သားထားပါ။

    – ဖြစ်နိုင်မယ်ဆို တစ်ရေးတစ်မောအိပ်ပါ။

    – သင့်ရဲ့အဓိကတာဝန်က အိပ်စက်ခြင်းပါ။ အိပ်မပျော်အောင် သင့်ကိုယ်သင်တားဆီးနေခြင်းဟာ သင့်ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

    ခုခံအားစနစ်မှာ အနှောက်အယှက်တစ်ခုခုရှိခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်အတွက်တော့ ကိုယ်ဝန်ပြဿနာတွေဖြစ်လာနိုင်ချေတိုးလာစေပါတယ်။ ဒီအနှောက်အယှက်တွေထဲမှာ အိပ်ရေးမဝခြင်းနဲ့ စိတ်ဓာတ်ကျဆင်းခြင်းဟာလည်း အပါအဝင်ပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement