ထွက်မှာ သေချာပြီလား။
အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့ အရေးကြီးတဲ့အချက်က ကိုယ်ခံအားပါ။ ကိုယ်ခံအားက ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မှ ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်နိုင်မှာ ဖြစ်သလို ပြင်းထန် နာမကျန်းမှုတွေ ကနေလည်း ကင်းဝေးမှပါ။ ဒါကြောင့် အသက်အရွယ် ရလာတဲ့အခါ ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းအောင် လုပ်ဆောင်ဖို့ လိုပါမယ်။
ကိုယ်ခံအားဆိုတာက ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ စနစ် တစ်ရပ်ပါ။ ဒီအရာလေးတွေက အတူပူးပေါင်းပြီး ဘက်တီးရီးယားလိုမျိုး ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ကူးစက်စေနိုင်တဲ့အရာတွေကို တိုက်ထုတ်တာပါ။
ဒီလိုစွမ်းဆောင်ရည်က အသက်အရွယ်တိုင်းမှာ တသမတ်တည်းသွားလာဆိုတော့ မသွားပါဘူး။ အသက်အရွယ်ရလာလေလေ ကိုယ်ခံအားရဲ့ တုံ့ပြန်နိုင်စွမ်းကလည်း ကျလာလေလေပါပဲ။ အသက်အရွယ်ရလာလေလေ ဘာကြောင့် ကိုယ်ခံအားက ကျလာရတာလဲဆိုတဲ့ အကြောင်းအရင်းကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
ကိုယ်ခံအားစနစ်မှာ T-cell လို့ခေါ်တဲ့ နာမကျန်းမှုကို ဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ပေးတဲ့ ဆဲလ်လေးတွ ပါဝင်နေပါတယ်။ သူတို့က ခန္ဓာကိုယ်ထဲကို ကျူးကျော်သူတွေ ဝင်ရောက်လာတဲ့အခါ အကောင်းဆုံး တုံ့ပြန်တိုက်ခိုက်နိုင်စေဖို့ ရန်သူမှန်း သိအောင် အချက်ပြ ပေးပါတယ်။
အသက်အရွယ် ရလာတဲ့အခါ ဒီလို အချက်ပြပေးတဲ့ တိုက်ထုတ်ပေးတဲ့ T-cell လေးတွေ နည်းလာပါတယ်။ ဒါကပဲ ကိုယ်ခံအား ကျလာရတဲ့ အကြောင်းအရင်းပါ
ဒါ့အပြင် ခန္ဓာကိုယ်က ကိုယ်ခံအားဆဲလ်တွေက အသက်အရွယ်ရလာတဲ့အခါ နည်းလာတာ၊ တစ်ခုခုနဲ့ တစ်ခု ချိတ်ဆက် နိုင်စွမ်း ကျလာတာကြောင့်လည်း အသက်ကြီး လာတဲ့အခါ ကိုယ်ခံအားက ငယ်ရွယ်စဉ်ကထက် နည်းလာတာပါ။
ဆိုလိုတာကတော့ ခုခံပေးမယ့် ဆဲလ်လေးတွေ နည်းလာတာကြောင့် ပြင်ပက ဝင်ရောက်လာတဲ့ ဘက်တီးရီးယားတွေကို တိုက်ခိုက်ဖို့ အရင်ကထက် အချိန် ပိုယူလာရတဲ့ သဘောပါ။ ဒါကြောင့် အသက်ကြီးတဲ့အခါ အဖျား တာရှည်တာ၊ နလန်ထချိန် ကြာတာ၊ အနာ ကျက်ခဲတာတွေ ခံစားရတာပါ။
အသက်အရွယ် ကြီးရင့်လာတဲ့အခါ ခန္ဓာကိုယ်က သွေးဖြူဥတွေ အပါအဝင် ကိုယ်ခံအားဆဲလ်တွေ ထုတ်လုပ်နိုင်စွမ်းလည်း ကျဆင်း လာပါတယ်။
ကိုယ်ခံအားကျလာတာကို အပြင်ကမြင်ရုံနဲ့ သိနိုင်လား
အစားနည်းတာ၊ အာဟာရ ပြည့်ဝအောင် မစားသုံးတာ၊ အိပ်ရေးပျက်တာ များတာ၊ ကိုယ်လက်လှုပ်ရှားမှု မရှိတာ၊ စိတ်ဖိစီးမှု များတာတွေကလည်း ကိုယ်ခံအားကို ကျဆင်းစေတဲ့ အချက်တွေပါပဲ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Aging changes in immunity https://medlineplus.gov/ency/article/004008.htm Accessed Date 29 January 2021
Effects of Aging on the Immune System https://www.msdmanuals.com/home/immune-disorders/biology-of-the-immune-system/effects-of-aging-on-the-immune-system Accessed Date 29 January 2021
The Immune System in the Elderly: A Fair Fight Against Diseases? https://www.medscape.com/viewarticle/780507_2 Accessed Date 29 January 2021