home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ပိန်းရွက်က စားလို့ရတယ်ဆိုတာ သိပြီးပြီလား ........

ပိန်းရွက်က စားလို့ရတယ်ဆိုတာ သိပြီးပြီလား ........

ပိန်းပင်တွေကို မြင်လိုက်ရင် ပိန်းရွက်က စားလို့ရတယ်လို့ တွေးမိဖို့ နေနေသာသာ ကိုင်ပြီး ဆော့မိရင်တောင် လက်တွေ ယားမှာစိုးလို့ ပိန်းရိုးပွပွကြီးကို လှီးပြီး ဆော့ချင်တာတောင် စိတ်ကို မနည်း ထိန်းခဲ့ရဖူးပါတယ်။ စာဖတ်သူတွေထဲမှာရော အခုလို အခြေအနေမျိုးနဲ့ ကြုံခဲ့ရဖူးသူတွေ ရှိလား …..

ဒါဆိုရင်တော့ ပိန်းရွက်က ဆော့ရုံတင် မဟုတ်ဘဲ စားပါ စားလို့ရတယ်ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။

ပိန်းရွက် ဆိုတာ

ပိန်းရွက် ဆိုတာက အလေ့ကျ ပေါက်ရောက်နေတတ်တဲ့ ပိန်းပင်တွေရဲ့ အရွက်ကို ဆိုလိုတာပါ။ အရွက်က အစိမ်းရောင် ခပ်ဖားဖား ရှိပါတယ်။ အရိုးက အစိမ်းရယ် အနီရယ်ဆိုပြီး ကွာပါတယ်။

ဒါကိုမှ ပိန်းစိမ်းရယ် ပိန်းနီရယ်ဆိုပြီး ခွဲခြား ခေါ်ဝေါ်တာပါ။ ပိန်းစိမ်းက ရိုးတံရော ရွက်ကြောလေးတွေပါ အစိမ်းရောင်ပါ။ ပိန်းနီကတော့ ရိုးတံနဲ့ ရွက်ကြောလေးတွေက အနီရောင်ပါ။ ခရမ်းရောင်ဘက်တောင် နည်းနည်းလုပါတယ်။

ပိန်းရွက်က စားလို့ ရလား …….

ပိန်းရွက်က စားလို့ ရလား .......

ဒီ အဖြေကတော့ အံ့ဩစရာ ကောင်းစွာပဲ စားလို့ရပါတယ်။ သတိထားရမယ့် အချက်လေးတွေတော့ ရှိတာပေါ့။ အဓိက သတိထားရမယ့် အချက်တစ်ခုက ပိန်းရွက်တွေကို အစိမ်း မစားဖို့ပါ။

ပိန်းရွက်ကို အစိမ်းစားတာက အဆိပ်ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ပိန်းရွက်တွေမှာ အပင် အများစုမှာ တွေ့ရတဲ့ သဘာဝ ဒြပ်ပေါင်း တစ်မျိုးဖြစ်တဲ့ oxalate များစွာ ပါဝင်နေလို့ပါ။

ဒီလို oxalate များစွာ ပါဝင်နေမှုက ကျောက်ကပ်မှာ ကျောက်တည်စေနိုင်ပါတယ်။ ပိန်းရွက်မှာမှ ဒီဒြပ်ပေါင်း ပါဝင်နေတာ မဟုတ်ပါဘူး။ ဟင်းနုနွယ်၊ ပဲ၊ ပဲပိစပ်၊ beet root တို့မှာလည်း ပါဝင်နေပါတယ်။ ပါဝင်မှု ပမာဏ နည်းတာ များတာပဲ ကွာခြားတာပါ။

ပိန်းရွက် နုနုလေးတွေမှာ ပိန်းရွက် ရင့်ရင့်တွေထက် အဆိပ်အတောက် ပိုများပါတယ်။ အရွက် ရင့်လေလေ oxalate နည်းလာလေလေပါ။ ဒါကြောင့် ပိန်းရွက်ကို ကိုင်တဲ့အခါ လက်ယားတယ်လို့ ခံစားရတာပါ။

ဒါကြောင့် ပိန်းရွက်ကို ကိုင်တဲ့အခါ လက်အိတ်စွပ်ပြီး ကိုင်တာက အကောင်းဆုံး ဖြစ်မှာပါ။

ပိန်းရွက်ကို စားသုံးဖို့ ဘယ်လို ပြင်ဆင်မလဲ …..

ပိန်းရွက်ကို စားသုံးမယ်ဆိုရင် အရွက်ထဲက အဆိပ်အတောက်တွေ ကုန်စင်သွားစေဖို့အတွက် အရွက်ကို ရေစင်အောင် ဆေးပြီး နာရီဝက်၊ ၁ နာရီလောက် ရေနွေးဆူဆူထဲမှာ ပြုတ်ပါ။

မဟုတ်ရင်လည်း မချက်ခင် တစ်ည ကြိုပြီး ရေစိမ်ထားပေးပါ။ ဒီလို လုပ်ပြီးရင်တော့ ပိန်းရွက်က စားလို့ရသွားပါပြီ။ အဆိပ်အတောက် ကင်းသွားပါပြီ။

ပိန်းရွက်ကို oxalate ပါဝင်နေတဲ့ အခြား အစားအစာတွေနဲ့တော့ တွဲဖက် မစားတာ အကောင်းဆုံးပါ။

ပိန်းရွက်ကအာဟာရ ရှိလို့လား ……..

ပိန်းရွက်က oxalate ပါဝင်နေတယ်ဆိုပေမယ့် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အာဟာရတွေကိုလည်း သယ်ပိုးထားပါသေးတယ်။ ပိန်းရွက်မှာ

ကဲ …… ငယ်ငယ်က အရမ်းဆော့ချင်ခဲ့ပေမယ့် လက်တွေယားမှာ စိုးလို့ မဆော့ခဲ့ရတဲ့ ပိန်းရွက်က စားလို့လည်း ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Taro Leaves: Nutrition, Benefits, and Uses https://www.healthline.com/nutrition/taro-leaves Accessed Date 2 November 2021

22 Scientific Taro Leaves Benefits (No.18 Shocking You) https://drhealthbenefits.com/herbal/leaves/taro-leaves-benefits Accessed Date 2 November 2021

Taro Leaves health benefits and nutrition facts https://www.healthbenefitstimes.com/taro-leaves/ Accessed Date 2 November 2021

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 3 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။