ကိုယ်အလေးချိန် ချဖို့ ရည်မှန်းထားတဲ့ မိန်းကလေးတွေအတွက် စားပေးသင့်တဲ့ အသီးတွေထဲမှာ ပါပါတယ်။ ငှက်ပျောသီးမှာ ကယ်လိုရီပမာဏ နည်းပြီး ပရိုတင်းဓါတ်နဲ့ တခြားအကျိုးပြု အာဟာရဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ အမျှင်ဓါတ်ပါဝင်မှု များလို့ ကိုယ်အလေးချိန်ကို ကျစေပြီး အစာမကြာခဏ စားချင်စိတ်ကို ထိန်းချုပ်ပေးလို့ အဝမလွန်စေဖို့ ကူညီပေးနိုင်တာပေါ့။
၅။ နှလုံးနဲ့ ကျောက်ကပ်ကို ကျန်းမာစေတယ်။
ငှက်ပျောသီးမှာ နှလုံးနဲ့ ကျောက်ကပ်အတွက် မရှိမဖြစ်အာဟာရ ပိုတက်စီယမ်ဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်ဓါတ်ဟာ သွေးတိုးကျစေလို့ နှလုံးနဲ့ ဆက်စပ်ရောဂါတွေ ဖြစ်မလာစေဖို့ ကာကွယ်ပေးနိုင်တယ်။ နှလုံးအားကောင်းစေတဲ့ သက်လုံကောင်းပြီး အမောခံနိုင်ရည်ရှိစေတာပေါ့။
၆။ ငှက်ပျောသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေမှာ ကိုယ်ခန္ဓါအကျိုးပြု ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်တာကို သိပြီးသားဖြစ်မှာပါ။ ဒီဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါတွေကို တိုက်ထုတ်ပေးနိုင်တယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်တယ်။ နှလုံးရောဂါ၊ သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
၇။ အားကစားသမားတွေအတွက် အကျိုးပြုပေးတယ်။
ငှက်ပျောသီးက တစ်နေ့တာအတွင်း ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်လို့ အားကစားသမားတွေအတွက်သာမက လေ့ကျင့်ခန်းလိုက်စားသူတွေအတွက်ပါ ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ ပိုပြီး အမောခံနိုင်တဲ့အတွက် အလေးအပင်တွေ မတဲ့အခါမှာလည်း အားစိုက်လို့ ရတာပေါ့။ အချိန်တိုအတွင်း ကြွက်သားတည်ဆောက်ဖို့ ရည်မှန်းထားတဲ့ ကိုကိုတွေအနေနဲ့ ငှက်ပျောသီးကို Gym မကစားခင် တစ်လုံးလောက်ဖြစ်ဖြစ် စားပေးတာ ပိုကောင်းတယ်နော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။