brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရေကညွတ်လေး စားကြမယ်။

ရေနွေးလေး ဖျောပြီး ပုစွန်ခြောက် မြေပဲတို့ကို ထောင်းပြီး ကြက်သွန်နီငရုတ်သီးစိမ်း၊ သံပုရာရည်လေး ညှစ်လို့ ဆီချက်နိုင်နိုင်လေးနဲ့ သုပ်စားရင် စားလို့ ကောင်းသလို ဟင်းချက်စားလည်း စားလို့ကောင်းတဲ့ ရေကညွတ်လေး ကို လူတိုင်း စားဖူးမယ်ထင်ပါတယ်။

ရေကညွတ်လေး စားကြမယ်။

ဒီ ရေကညွတ်လေး တွေက အမြင်မှာ ချစ်စရာကောင်းသလို စားရတာလည်း ကောင်းတဲ့အပြင် ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးပါသေးတယ်။ ဘယ်လိုများ ကျန်းမာရေးကို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ရေကညွတ် ဆိုတာ

ရေကညွတ် ဆိုတာက ငယ်ငယ်က ကစားရင်း ရေစပ်လေးတွေမှာ မြင်ဖူးတဲ့ အရိုးနီနီနဲ့ အရွက်လေးတွေက ပန်းပွင့်လေးလို လိပ်လိပ်ခွေခွေလေးဖြစ်နေတဲ့ အလေ့ကျပေါက်ပင်လေး တစ်မျိုးပါ။ ရိုးတံရဲ့ အဆစ်ကနေ အပင်လေးတွေ ထွက်တတ်ပါတယ်။ ရေစပ်တွေမှာ အစုလိုက် ပေါက်တတ်ပြီး အင်းအိုင်တွေ၊ ရေတက်ရေကျရှိတဲ့ ရေရှင်တွေမှာ အများဆုံး တွေ့ရပါတယ်။

အပင်က ၆၀ စင်တီမီတာလောက် အမြင့်ရှိပြီး အရိုးတံ ပွပွလေးနဲ့ ရေပေါ်မှာ ပေါ်ပါတယ်။ အပွင့်ပွင့်ပေမယ့် ပွင့်ခဲပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်၊ မလေးရှားနိုင်ငံ တို့မှာ ပေါက်ရောက်ကျသလို အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။

ရေကညွတ်လေး ဆေးဖက်ဝင်လား။

ရေကညွတ်လေး ဆေးဖက်ဝင်လား။

ရေကညွတ်လေးက ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်လဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ အစိမ်းစားလို့ရသလို ဟင်းချက်ပြီးဖြစ်ဖြစ် သုပ်ပြီးဖြစ်ဖြစ် စားလို့ရတဲ့ ရေကညွတ်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။

  • အရေပြား ကျန်းမာစေတယ်။
  • အနာတွေ သက်သာစေတယ်။
  • အနာပိုးဝင်ရောင်ရမ်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ်။
  • အဆစ်တွေ ရောင်တာကို သက်သာစေတယ်။
  • အရိုး ကျန်းမာစေတယ်။
  • ဆီးရွှင်စေတယ်။
  • အဖျားကျစေတယ်။
  • အပူလောင်တာ သက်သာစေတယ်။
  • အနာစိမ်း သက်သာစေတယ်။
  • ပိုးကောင်ကိုက်တာတွေကို သက်သာစေနိုင်တယ်။
  • ချောင်းဆိုး ပျောက်စေတယ်။
  • ဦးရေပြား ကျန်းမာစေတယ်။
  • ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးတယ်။
  • ရာသီသွေး မှန်စေတယ်။
  • ဝမ်းမှန်စေတယ်။
  • အစာခြေစနစ် ကျန်းမာစေတယ်။
  • ဝမ်းပျက်ဝမ်းလျှော သက်သာစေတယ်။
  • အဆစ်အမြစ် နာတာကို သက်သာစေနိုင်တယ်။
  • ဆီးကျဉ်တာကို သက်သာစေနိုင်တယ်။
  • ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်။
  • ဆီးပိုးကြောင့် ဆီးအိမ်ရောင်တာကို သက်သာစေနိုင်တယ်။
  • ဆီးထဲ သွေးပါတာကို သက်သာစေနိုင်တယ်။
  • ဝမ်းကိုက်တာကို သက်သာစေနိုင်တယ်။
  • မျက်စိနာတာကို သက်သာစေနိုင်တယ်။

ဒီ ကျန်းမာရေး အာနိသင်တွေ ရရှိစေဖို့ ရေကညွတ်ကို စားပေးလို့ ရသလို အရွက်ကို ကြိတ်ခြေပြီး အုံပေးတာ၊ သတ္တုရည်ကို အသုံးပြုပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။

ဘာတွေ သတိထားရမလဲ!

ရောဂါအခံ ရှိမယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ အသုံးပြုစေချင်ပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်း ဆေးဖက်ဝင်တယ်ဆိုပေမယ့် အလွန်အကျွံ အသုံးပြုတာမျိုး မလုပ်ဖို့ အကြံပြုပါရစေ။

ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအနေနဲ့လည်း ရေကညွတ်ကို မစားခင်မှာ ဆရာဝန်နဲ့ သေချာတိုင်ပင်စေချင်ပါတယ်။

ရေကညွတ် ဆိုတာ

ရေကညွတ် ဆိုတာက ငယ်ငယ်က ကစားရင်း ရေစပ်လေးတွေမှာ မြင်ဖူးတဲ့ အရိုးနီနီနဲ့ အရွက်လေးတွေက ပန်းပွင့်လေးလို လိပ်လိပ်ခွေခွေလေးဖြစ်နေတဲ့ အလေ့ကျပေါက်ပင်လေး တစ်မျိုးပါ။ ရိုးတံရဲ့ အဆစ်ကနေ အပင်လေးတွေ ထွက်တတ်ပါတယ်။ ရေစပ်တွေမှာ အစုလိုက် ပေါက်တတ်ပြီး အင်းအိုင်တွေ၊ ရေတက်ရေကျရှိတဲ့ ရေရှင်တွေမှာ အများဆုံး တွေ့ရပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/05/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။