ဒါဆို နို့တိုက်ချိန်မှာရှောင်ရမယ့်အစားအစာတွေရှိသလား။
မိခင်တွေဟာ မိမိကလေးကိုထိခိုက်မှာစိုးတဲ့ မေတ္တာကြောင့်လည်းကောင်း၊ ရှေးလူကြီးတွေဖြစ်တဲ့ မေမေတို့ရဲ့ ဖွားဖွား၊ဒေါ်ဒေါ်တို့ရဲ့ ကြားဖူးနားဝတွေကိုနားယောင်ပြီးတော့လည်းကောင်း နို့တိုက်ချိန်မှာ အစားအလွန်ရှောင်ကြပါတယ်။ ဒါဟာမှားယွင်းတဲ့အယူအဆပါ။
အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းသာတိုက်ကျွေးရန် လိုအပ်တဲ့ အတွက် ရင်သွေးလေးထံသို့ အာဟာရစုံလင်စွာ ရောက်ရှိဖို့ မိခင်နို့ဟာအာဟာရပြည့်ဝနေဖို့လိုအပ်ပါတယ်။ ဒါကြောင့် အစားမရှောင်ဘဲ စုံလင်မျှတအောင် စားပေးရမှာပါ။ ရှောင်သင့်တဲ့ အရာတွေမရှိဘူးလားဆိုတော့မဟုတ်ပါဘူး။ ရှိပါတယ်။
အောက်ပါအစားအစာတွေကိုတော့ရှောင်ပါ။
- ငါးပုတ်သင်၊ ကကတစ်နဲ့ တူနာငါးကဲ့သို့ မာကျူရီဓာတ်များတဲ့ ငါးများ
- အရက်၊ ဘီယာ
- ဆေးလိပ်
- နေ့စဉ် ကဖင်းဓာတ်များစွာသောက်သုံးခြင်း (ကော်ဖီနှစ်ခွက်ထက်ပိုသောက်ခြင်း)
- တိုင်းရင်းဆေး၊ အားဆေး (ဆရာဝန်၏ညွှန်ကြားချက်မပါဝင်သည့်)
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။