backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ခံတွင်းအနာများ


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခံတွင်းအနာများ

အဓိပ္ပါယ်ဖွင့်ဆိုချက်။

Mouth Sores (ခံတွင်းအနာ) ဆိုတာ ဘာလဲ။

• ခံတွင်းကျန်းမာရေးဆိုတာ သွားတွေအတွက်ပဲရည်ရွယ်တာမဟုတ်ပါဘူး။ ပါးစပ်တစ်ဝိုက် သို့မဟုတ် အတွင်းထဲမှာလည်း အနာတွေဖြစ်ပေါ်တတ်ပါတယ်။ ကံကောင်းတာကတော့ သူတို့ဟာ ရက်သတ္တ တစ်ပတ် သို့မဟုတ် ၂ပတ်အတွင်းမှာ အလိုလိုပျောက်ကင်းသွားနိုင်တာပါပဲ။ ခံတွင်းနာကျင်မှုတွေဟာ အမျိုးမျိုးကွဲပြားနိုင်ပြီး အကြောင်းရင်းတွေကလည်း အမျိုးမျိုးရှိနိုင်ပါတယ်။

• ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုတွေမှ ကူးစက်ခြင်း

• လျော့ရိလျော့ရဲဖြစ်နေသော သွားညှိ နန်းကြိုးတွေကြောင့် နာကျင်ခြင်း၊ သွားတု သို့မဟုတ် အံကပ်က အံဝင်ခွင်ကျမဖြစ်ခြင်း သို့မဟုတ် သွားအကျိုးသို့မဟုတ် ဖာထားတဲ့သွားရဲ့ ထက်ရှတဲ့အစွန်းတွေကြောင့် နာကျင်ခြင်း

• ရောဂါတစ်ခုခုရဲ့ လက္ခဏာ စတဲ့အကြောင်းရင်းတွေပါဝင်ပါတယ်။

လက္ခဏာများ

ခံတွင်းအနာများ ၏ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အောက်ပါအချက်တွေ သင့်မှာဖြစ်နေပြီဆိုရင် ခံတွင်းထဲမှာအနာရှိနေပါပြီ။

• နာကျင်နေတဲ့ အနာ သို့မဟုတ် ပါးစပ်ထဲမှာ၊ လျှာပေါ်မှာ၊ အာခေါင်ပျော့မှာ ၊ဒါမှမဟုတ် ပါးအတွင်းဘက်မှာ အနာဖြစ်နေရင်

• ပါးစပ်ထဲကအနာက ဝိုင်းပြီး အဖြူသို့မဟုတ် မီးခိုးရောင်ရှိကာ အနားသတ်တွေက နီရဲနေမယ်ဆိုရင်ပေါ့။

ပြင်းထန်တဲ့ ခံတွင်းအနာတွေဖြစ်နေပြီဆိုရင် သင်ဟာ

• ဖျားခြင်း

• လှုပ်ရှားမှုနှေးကွေးခြင်း

• ပြန်ရည်ကျိတ်ရောင်ခြင်းစတာတွေဖြစ်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

ဒါတွေဖြစ်လာခဲ့ရင် ဆရာဝန်ခေါ်ပါ။

• ဆေးအသစ်သောက်ပြီးမှ အနာဖြစ်လာရင်

• အာခေါင်မှာ သို့မဟုတ် လျှာမှာ ကြီးမားတဲ့အဖြူကွက်ကြီးတွေဖြစ်လာရင် (ဒါဟာ မှိုကြောင့်ဖြစ်နိုင်သလို အခြားပိုးဝင်မှုတစ်ခုခုလည်းဖြစ်နိုင်ပါတယ်။)

• ပါးစပ်ထဲကအနာက ၂ပတ်ထက်ကြာနေတာတောင်မပျောက်သေးရင်။

• ခုခံအားနည်းနေရင် (ဥပမာ ကင်ဆာ သို့မဟုတ် HIV)

• ဖျားတာ၊ အင်ပြင်ထတာ၊ သွားရည်ကျတာ သို့မဟုတ် မြိုချရာမှာခက်ခဲတာ စတဲ့ အခြားလက္ခဏာရပ်တွေရှိနေရင်

ကာကွယ်ခြင်း နှင့် ကုသမှု

ဘယ်လိုကာကွယ်ရမလဲ။

ခံတွင်းအနာတွေကို ကုသဖို့နည်းလမ်းမရှိပေမယ့် ဒါတွေကလည်းမကြာခဏဖြစ်နေတဲ့အခါမျိုးမှာ ဖြစ်တဲ့အကြိမ်ရေကို လျှော့ချနိုင်ဖို့အတွက် ခံတွင်းသန့်ရှင်းရေးကောင်းမွန်အောင်ထားရမှာဖြစ်ပြီး အောက်ပါအချက်တွေကိုလည်းလုပ်ဆောင်ပေးလို့ ရပါတယ်။

• ပါးစပ်ကိုထိခိုက်နိုင်တဲ့စားစရာတွေ၊ အက်ဆစ်ပါဝင်တဲ့စားစရာ သို့မဟုတ် စပ်တဲ့အစာတွေကိုရှောင်ပါ။

• ပီကေဝါးခြင်းကလည်း ထိခိုက်စေနိုင်တာမို့ ဒါကိုလည်းရှောင်ကြဉ်ပါ။

• စားသောက်ပြီးတဲ့အခါတိုင်း အမွေးနုတဲ့ သွားပွတ်တံနဲ့သွားတိုက်ပြီး နေ့စဉ်သွားပွတ်ကြိုး နဲ့ သွားကြားထိုးပါ။ ဒါကခံတွင်းအနာဖြစ်စေတဲ့ အစာတွေကိုဖယ်ရှားပေးပါလိမ့်မယ်။

ဘာလုပ်သင့်သလဲ။

ခံတွင်းအနာတွေဟာ သင်ဘာမှမလုပ်ရင်တောင် ၁၀ရက်ကနေ ၁၄ရက်အတွင်းမှာ အလိုလိုပျောက်သွားတတ်ပါတယ်။ တစ်ခါတလေမှာတော့ ရက်သတ္တ ၆ပတ်ထိကြာမြင့်တတ်ပါတယ်။ အောက်ပါအချက်တွေက သင့်ကိုပိုပြီးသက်သာလာအောင်လုပ်ပေးနိုင်မှာပါ။

• ပူတဲ့စားသောက်ဖွယ်ရာတွေ၊ စပ်ပြီးငန်တဲ့စားစရာတွေနဲ့ အက်ဆစ်ဓါတ်ပါတဲ့စားစရာတွေကိုရှောင်ပါ။

• ဆားရည် သို့မဟုတ် ရေအေးနဲ့ အာလုပ်ကျင်းပါ။

• သစ်သီးအရသာရှိတဲ့ ရေခဲချောင်းကိုစားပါ။ ဒါက ပါးစပ်တွင်းပူစပ်ပူလောင်ခံစားရခြင်းကိုလည်း သက်သာစေပါတယ်။

• Acetaminophen ကဲ့သို့သော နာကျင်မှုကို သက်သာစေတဲ့ဆေးသုံးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement