Tea Tree Oil လို့ ခေါ်တဲ့ လက်ဖက်ပင်က ရတဲ့အဆီတွေဟာ ဝက်ခြံ၊ အမာရွတ်အတွက်သာမက ဗောက်ပြဿနာကိုပါ ထိထိရောက်ရောက်ဖြေရှင်းနိုင်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဦးရေပြားပေါ်က မှိုကြောင့် ဖြစ်တဲ့ ဗောက် ကို လျော့နည်းသွားစေပြီး ဦးရေပြားပေါ်က ယားနေတာ၊ အဆီပြန်နေတာကို သက်သာစေနိုင်ပါတယ်။
အုန်းဆီထဲကို လက်ဖက်ပင်က ရတဲ့အဆီ ၁စက်၊ ၂စက်လောက် ထည့်ပြီး သေချာရောမွှေပေးပါ။ ပြီးမှ ဦးရေပြားကို နှံ့စပ်အောင် ပွတ်လိမ်းပေးပါ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက်တော့ အနည်းငယ် ယားယံစေနိုင်ပါတယ်။
၂။ အုန်းဆီ
အသားအရေအတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ အုန်းဆီကို ဗောက်ရှင်းတဲ့ နေရာမှာလည်း အသုံးပြုကြပါတယ်။ အုန်းဆီဟာ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး ခြောက်သွေ့ယားယံတာတွေ မဖြစ်စေပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။