backup og meta

သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင်

သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင်

သင်ဟာ ကော်ဖီကြိုက်သူ တစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ပေးပါ။ သင်သောက်နေကျ သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင် ပါ။

ကော်ဖီတစ်ခွက်ဟာ သင့်ကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ ဒီကော်ဖီထဲကို သင့်ကျန်းမာရေးအတွက် အကျိုးဖြစ်စေမယ့် ဗီတာမင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ တခြားအာဟာရဓာတ်တွေ ဖြည့်စွက်လိုက်တဲ့အခါ သင့်ကော်ဖီဟာ ပိုမိုပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။ ကော်ဖီစွဲနေသူများအတွက်လည်း အာဟာရဓာတ်များ ပေါင်းထည့်ပေးခြင်းအားဖြင့် ပိုမိုအကျိုးရှိစေမှာ ဖြစ်ပါတယ်။

ယခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ သင့်ရဲ့ကော်ဖီကို ပိုမိုအသက်ဝင် ထူးခြားအောင် ဘယ်လိုအာဟာရပစ္စည်းများနဲ့ အားဖြည့်ရမလဲ ဆိုတာပါပဲ။

သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင်

သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင် ဆိုတော့ ဘယ်လို အားဖြည့်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ကော်ဖီထဲကို သစ်ကြံပိုးခေါက်မှုန့်ထည့်ခြင်းဟာ အရသာပိုမိုထူးခြားစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုလည်း ပိုမိုအားကောင်းသွားစေပါတယ်။ သစ်ကြံပိုးခေါက်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ရော ဆေးဘက်ဝင်ပစ္စည်းအနေနဲ့ပါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြပါတယ်။

သစ်ကြံပိုးခေါက်ဟာ နှလုံးအတွက်ရော ဦးနှောက်အတွက်ပါ အကျိုးပြုပါတယ်။ ရိုးရိုးသစ်ကြံပိုးခေါက်ထက်စာရင် သီဟိုဠ်သစ်ကြံပိုးခေါက်က ပိုမိုသင့်တော်ပါတယ်။

သင်ကြားဖူးနေကျ စကား ဂျင်းထည့်တယ်ဆိုတာ ဒီနေရာမှာတော့ အကောင်းဖက်က ဖြစ်ပါတယ်။ ကော်ဖီထဲကို ချင်းထည့်သောက်ခြင်းအားဖြင့် အနံ့ရော အရသာပါ ထူးခြားစေပါတယ်။

ချင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ ကြွက်သားများ နာကျင်ခြင်းကိုလည်း သက်သာစေပါတယ်။ ကိုလက်စထရော ကျစေပြီး အစာခြေ လမ်းကြောင်းကို ကောင်းမွန်စေပါတယ်။

ကော်ဖီ နဲ့ မှိုဆိုတဲ့ အတွဲအစပ်ကို သင်တော်ရုံနဲ့ စဉ်းစားမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ် အကောင်အထည်ဖော်နိုင်ပါတယ်။ မှိုမှာ ဗိုင်းရပ်စ်ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှု ကျစေတဲ့ ဂုဏ်သတ္တိနဲ့ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးတဲ့ အာနိသင်တွေ ရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ အစာခြေလမ်းကြောင်းကို ကောင်းမွန်စေပါတယ်။

ရှီးပဒီးမှိုဟာ စွမ်းအင်ကို မြင့်မားစေပြီး လင်ဇီးမှိုကတော့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေပြီး အိပ်ပျော်စေပါတယ်။ ကြိုက်နှစ်သက်ရာ မှိုအမျိုးအစားကို အမှုန့်အနေနဲ့ ရွေးဝယ်နိုင်သလို မှိုရောစပ်ပြီးသား ကော်ဖီတွေကိုလည်း ရွေးချယ်နိုင်ပါသေးတယ်။

နနွင်းကို တိုင်းရင်းဆေးမှာလည်း ဆေးဝါးအနေနဲ့ သုံးကြပါတယ်။ နနွင်းမှာပါဝင်တဲ့ curcumin ဆိုတဲ့ဓာတ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ရောင်ရမ်းမှုကျဆင်းစေတဲ့ အာနိသင်ပါရှိပါတယ်။ အသည်းအတွက် အကျိုးပြုပါတယ်။ အစာခြေစနစ်ကို ပံ့ပိုးပေးပြီး စိတ်ကျခြင်းကိုလည်း လျော့ပါးစေပါတယ်။

  • မကာမှုန့် (maca) ထည့်ပါ

မကာအမြစ်ကနေ ထုတ်လုပ်ထားတဲ့ မကာအမှုန့်ကို ဖြင်ဖူးကြပါလိမ့်မယ်။ မကာမြစ်မှာ ဟော်မုန်းမျှတစေတဲ့ အာနိသင်ရှိပါတယ်။ စွမ်းအင်မြှင့်တင်ပေးပြီး အားကစားလှုပ်ရှားမှုတွေကို စွမ်းဆောင်ရည်တက်စေပါတယ်။ လိင်စိတ်ဆန္ဒကိုလည်း စေ့ဆော်ပေးနိုင်ပါတယ်။ မကာမှုန့်မှာ အမိုင်နိုအက်ဆစ်အမျိုး ၂၀ ကျော် ပါဝင်ပါတယ်။ ပရိုတင်းနဲ့ ဗီတာမင် C လည်း ကြွယ်ဝပါတယ်။

  • ကိုကိုးသုံးပါ

ချောကလက်နဲ့ ကော်ဖီ ဆိုတဲ့ အတွဲအစပ်ဟာ အင်မတန်နှစ်သက်ဖွယ်ကောင်းမယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ကိုကိုးမှုန့်ကို ကော်ဖီ ထဲထည့်ပေးခြင်းအားဖြင့် ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကို ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်။ သံဓာတ်လည်း ကြွယ်ဝပါတယ်။ နှလုံးအတွက်လည်း ကောင်းစေပါတယ်။

ကိုကိုးရဲ့ ရောင်ရမ်းမှုကျစေတဲ့ ဂုဏ်သတ္တိဟာ သွေးတိုးကိုကျစေပြီး အကျိုးပြု HDL ကိုလက်စထရောကို မြှင့်တင်ပေးပါတယ်။ စိတ်ကိုကြည်လင်စေတဲ့ အာနိသင်ရှိလို့ စိတ်ကျခြင်းကို ကာကွယ်ပေးပါတယ်။ ဦးနှောက်အတွက်လည်း အကျိုးပြုပါတယ်။

လန်းဆန်းစေဖို့ ကော်ဖီ

ကော်ဖီတစ်ခွက်ဟာ သင့်ကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ ဒီကော်ဖီထဲကို သင့်ကျန်းမာရေးအတွက် အကျိုးဖြစ်စေမယ့် ဗီတာမင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ တခြားအာဟာရဓာတ်တွေ ဖြည့်စွက်လိုက်တဲ့အခါ သင့်ကော်ဖီဟာ ပိုမိုပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/food-nutrition/vitamin-coffee-natural-boost Accessed Date 4 August 2020

ယခုပုံစံ

21/11/2023

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား

တစ်နေ့တာမှာ ကော်ဖီသောက်လို့ အကောင်းဆုံးအချိန်


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement