backup og meta

ဖျားနေချိန် ဒါတွေ မလုပ်ပါနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖျားနေချိန် ဒါတွေ မလုပ်ပါနဲ့

    ကိုယ်လက်တွေ ကိုက်ခဲနေတယ်။ အသက်ရှူလိုက်တိုင်း လေတွေက ပူနေသလိုပဲ။ ရေတွေလည်း ဆာတယ်။ အိပ်လည်း အရမ်းငိုက်နေတယ်လို့များ ခံစားနေရပြီလား ……. ဒါဆိုရင် သင်ဖျားနေတာ ဖြစ်နိုင်ပါတယ် မိတ်ဆွေ။ ဖျားနေချိန် သတိထားရမယ့် အချက်လေးတွေ ရှိပါတယ်။

    ဖျားနေတဲ့အခါ အတောင့်တဆုံး အရာက အမြန်ဆုံး ပြန်သက်သာဖို့ဟုတ်။ ဒါဆို ဖျားနေတာကို သက်သာစေဖို့ အဖျားရှိနေချိန်မှာ ရှောင်ရမယ့် အချက်လေးတွေကို ပြောပြပေးသွားပါမယ်။

    ဖျားနေချိန် ဒါတွေ မလုပ်ပါနဲ့

    ဖျားနာတယ်ဆိုတာက ခန္ဓာကိုယ်က အနားယူဖို့ လိုအပ်နေတဲ့ အချက်ပြမှု တစ်ခုဆို မမှားပါဘူး။  ဒီလို ဖျားနာနေတဲ့အခါ အမြန်ဆုံး သက်သာလာစေဖို့ဆိုရင်

    ဖျားနေချိန် မှာ ကော်ဖီ ပူပူလေး၊ လက်ဖက်ရည် ပူပူလေး သောက်ချင်တယ်ဆိုတဲ့ ဆန္ဒမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို သောက်စရာတွေက ကဖင်းပါတာကြောင့် အများအပြားသောက်မိတဲ့အခါ ကိုယ်တွင်း ရေဓာတ် ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပြီး အဖျား ရှည်စေနိုင်ပါတယ်။

    ဖျားနေချိန်မှာ နဂိုထက် ရေပိုဆာတတ်ပါတယ်။ ရေဆာရင် ရေသောက်တာ၊ ဓာတ်ဆားရည်သောက်တာ၊ ရေနွေးသောက်တာတွေ လုပ်ပေးနိုင်ပါတယ်။

  • အိပ်ရေး ပျက်မခံပါနဲ့
  • အချို့သော သာမန် ဖျားနာမှုတွေက အိပ်ရေးဝဝ အိပ်လိုက်ရုံနဲ့ သက်သာသွားတတ်ပါတယ်။ ဒါကြောင့် ဖျားနေချိန် မှာ မြန်မြန် သက်သာချင်တယ်ဆိုရင် အိပ်ရေးပျက်ခံပြီး ဖုန်းသုံးတာ၊ ဂိမ်းဆော့တာလိုမျိုး ပင်ပန်းတာမျိုးတွေ မလုပ်ပါနဲ့။

    ပြည့်ပြည့်ဝဝ အိပ်စက် အနားယူလိုက်ဖို့ ပြောပါရစေ။

    ဖျားနေတဲ့အခါ နို့ထွက်ပစ္စည်းတွေ စားလိုက်တာက အာဟာရပြည့်ပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မယ်လို့ ယူဆကောင်း ယူဆနိုင်ပေမယ့် တကယ်ကတော့ ဖျားနေချိန်မှာ နို့ထွက်ပစ္စည်းတွေကို မစားသင့်ပါဘူး။

    အစာခြေစနစ်က ဖျားနေချိန်မှာ ကောင်းကောင်း အလုပ်မလုပ်နိုင်တာကြောင့် အဆီများတဲ့ နို့ နဲ့ နို့ထွက် ပစ္စည်းတွေကို ချေဖျက်ဖို့ ခက်ခဲပြီး ခန္ဓာကိုယ်ကို ဝန်ပိစေနိုင်တာကြောင့်ပါ။

    ဒါကြောင့် ဖျားနေချိန်မှာ အမြန်ဆုံး သက်သာဖို့ဆိုရင် အဆီများတဲ့ နို့၊ ဒိန်ချဉ် စတာတွေ အပါအဝင် နို့ထွက်ပစ္စည်းတွေကို မစားပါနဲ့။ အဆီထုတ်ထားတာမျိုးဆိုရင်တော့ သင့်တင့်တဲ့ ပမာဏ စားပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ခန္ဓာကိုယ်ကို အားဖြစ်စေမှာပါ။

    ဆေးလိပ်က ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိပြီးသားဖြစ်မှာပါ။ ပုံမှန် ကျန်းမာနေချိန်မှာတောင် ဆေးလိပ်မသောက်သင့်ဘူးဆိုရင် ကိုယ်ခံအား အားနည်းတာကြောင့် ဖျားနေချိန်မှာ ပိုလို့တောင် ဆေးလိပ် မသောက်သင့်ပါဘူး။

    ဖျားနေချိန်မှာ ဆေးလိပ်သောက်တာက အဖျားတာရှည်စေနိုင်လို့ပါ။

    ဖျားနာနေချိန်မှာ လက်မဆေးဘဲ မျက်နှာ အစိတ်အပိုင်းတွေ ဖြစ်တဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိတွေ့တာက မလိုအပ်ဘဲ ရောဂါတွေ ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ဖျားနေချိန်မှာ ပြင်ပက ကူးစက်ရောဂါတွေ မဝင်စေဖို့ရော အဖျား မြန်မြန်သက်သာဖို့ပါ။ မျက်နှာကို လက်နဲ့ ကိုင်တွယ် ထိတွေ့တာမျိုး မလုပ်ပါနဲ့။

  • လိုအပ်ရင် ဆေးသောက်ပါ 
  • ဖျားနာတဲ့အခါ ကိုယ်လက်ကိုက်ခဲတာ၊ နှာစေးနှာပိတ်တာ၊ ချောင်းဆိုးတာတွေပါ တွဲဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေက သင့်ကို နေရထိုင်ရခက်စေမယ်ဆိုရင် ဆေးသောက်ပြီး ဖြေရှင်းနိုင်ပါတယ်။

    လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေတယ်ဆိုပေမယ့် ဖျားနေချိန်မှာတော့ လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်ကို ပင်ပန်းစေပြီး အဖျားတာရှည်စေနိုင်ပါတယ်။ ဒါကြောင့် ဖျားနေချိန်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို ရှောင်ပါ။ လမ်းလျှောက်တာ၊ ယောဂ၊ အပေါ့စားလေ့ကျင့်ခန်းတွေ လုပ်တာကတော့ သွေးလည်ပတ်မှု ကောင်းစေပြီး ခုခံအားကို အားဖြည့်ပေးတာကြောင့် ဒါကိုတော့ လုပ်နိုင်ပါတယ်။

    ဖျားနေချိန် မှာ မြန်မြန်သက်သာစေဖို့ဆိုရင် အခုပြောခဲ့တဲ့အချက်လေးတွေကို ရှောင်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement