backup og meta

ဝိတ်ကျအောင် ကူညီပေးမယ့် အသီးအနှံများ ။ ။

ဝိတ်ကျအောင် ကူညီပေးမယ့် အသီးအနှံများ ။ ။

ဝိတ်ကျချင်တဲ့သူတိုင်း အသားလျှော့၊ ထမင်းလျှော့ အသီးအရွက်များများစားပေးရမယ် ဆိုတဲ့ စကားလေးကြားဖူးကြမှာပါ။ ဒါက မှန်သင့်သလောက်မှန်ပါတယ်။ အသီးအရွက်တွေထဲမှာမှခုပြောပြမယ့် အသီးအနှံတွေက အဆီလောင်ကျွမ်းခြင်းကို မြန်စေပြီး ကယ်လိုရီလောင်ကျွမ်းခြင်းကို အားပေးလို့ ဝိတ်ကျချင်တဲ့သူတိုင်း စားပေးသင့်တဲ့ အသီးအနှံတွေပါ။ ဘာတွေလဲဆိုတာ ကြည့်ရအောင် ။

ဝိတ်ကျစေမယ့် အသီးအနှံများ ။ ။

( ၁ ) ဘယ်ရီသီးများ။ ။

ဘလူးဘယ်ရီ။ ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ဘယ်ရီသီးတွေမှာ အာဟာရဓာတ်တွေ အမျှင်ဓာတ်တွေ ပြည့်ဝနေပြီး ငှက်ပျောသီး သရက်သီးတို့ထက်စာရင် ကယ်လိုရီနည်းပါးပါတယ်။ ဘယ်ရီသီး တစ်ခွက်မှာ ပါဝင်တဲ့ အမျှင်ဓာတ်ကလည်း ၈ ဂရမ်တောင်ရှိတာဆိုတော့ အမျိုးသမီးတစ်ယောက်တစ်နေ့လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ သုံးပုံတစ်ပုံရှိပြီး အမျိုးသားတစ်ယောက် တစ်နေ့လိုအပ်တဲ့ အမျှင်ဓာတ်ရဲ့ ၂၀ ရာခိုင်နှုန်းရှိပါတယ်။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်ကလည်း ကြွယ်ဝတာကြောင့် သရေစာအဖြစ်စားပေးသင့်တဲ့ ကယ်လိုရီနည်းတဲ့ အသီးတွေပါ။

( ၂ ) ဖရဲသီး။

ရေဓာတ် ၉၂ ရာခိုင်နှုန်းတောင် ပါဝင်တဲ့ဖရဲသီးက ကိုယ်အလေးချိန်ကို တိုက်ရိုက်ကျဆင်းစေမှာ မဟုတ်ဘဲ ကယ်လိုရီလောက်ကျွမ်းတဲ့နေရာမှာ အရေးပါတဲ့ ရေဓာတ်ကို ဖြည့်တင်းပေးမှာ ဖြစ်ပါယတ်။ ပါဝင်တဲ့ ကယ်လိုရီကလည်း နည်းတဲ့အပြင် အမျှင်ဓာတ်လည်း ကြွယ်ဝတာကြောင့် တစ်ခါစားပြီးတာနဲ့ ဗိုက်ပြည့်စေမှာပါ။ ကိုယ်အလေးချိန်ကျချင်တဲ့သူတိုင်း ဆောင်ထားသင့်တဲ့အသီးတစ်ခုနော်။

( ၃ ) ပဲ အမျိုးမျိုး။

ပရိုတင်းပမာဏများများနဲ့ သံဓာတ်အများကြီးပါဝင်တဲ့ ပဲ အမျိုးမျိုးဟာ ဝမှာဆိုးလို့ အသားမစားဘဲ ပရိုတင်းလိုချင်သူတွေအတွက် အားထားရတဲ့ အရာတစ်ခုပါ။ နောက်ပြီး ကိုယ်ခန္ဓာ ကျစ်လစ်စေဖို့လည်း အကူအညီပေးတာကြောင့် ဝိတ်ကျချင်တဲ့သူရော ကြွက်သားတက်ချင်တဲ့သူရော ပဲစားပေးလို့ရပါတယ်။

( ၄ ) နာနတ်သီး

ဗီတာမင် စီ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်တွေ အများကြီးပါတဲ့ နာနတ်သီး ဟာ သင့်ကိုယ်အလေးချိန် မတက်အောင် ကူညီပေးမယ့် အသီးတစ်ခုဆိုလည်း မမှားပါဘူး။ ကယ်လိုရီနည်းတယ်ဆိုပေမယ့် ပါဝင်တဲ့ သကြားပမာဏက အခြားအသီးတွေထက်များတာကြောင့် အချိုကြိုက်တဲ့သူတိုင်း စားပေးလို့ရတဲ့ အသီးတစ်ခုပါ။ နောက်ပြီး နာနတ်သီးမှာ bromelain ဆိုတဲ့ အရောင်ကျစေတဲ့ ဓာတ်ပေါင်းတစ်ခုပါဝင်တာကြောင့် လေ့ကျင့်ခန်းလုပ်ပြီးလို့ရလာတဲ့ကြွက်သားနာကျင် ကိုက်ခဲမှုတွေကို သက်သာစေမှာပါ။

( ၅ ) ငရုတ်ပွ။

ငရုတ်ပွတွေမှာ ကယ်လိုရီ ၃၇ လောက်သာပါဝင်ပြီး ပရိုတင်း ၂ဂရမ်၊ အမျှင်ဓာတ် ၁ ဂရမ်နဲ့ သဘာဝသကြားဓာတ် ၅ ဂရမ်လောက်သာပါပါတယ်။

ဒီအသီးငါးမျိုးကတော့ ဝိတ်ကျချင်တဲ့သူတိုင်း မဖြစ်မနေစားပေးသင့်တဲ့ အသီးတွေဖြစ်ပါတယ်။ ကိုယ်ကလည်း ဝိတ်ကျချင်နေတယ် အသားမစားဘူးဆိုရင်တော့ ဒီအသီးတွေကိုရွေးစားလို့ရပါတယ်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://blog.myfitnesspal.com/5-summer-foods-boost-weight-loss/

Accessed Date 12.7.2019

https://www.healthline.com/nutrition/best-weight-loss-fruits

Accessed Date 12.7.2019

https://www.verywellfit.com/top-five-fruits-for-weight-loss-1087931

Accessed Date 12.7.2019

 

ယခုပုံစံ

20/06/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပိန်ချင်လို့ Gymဆော့ မှ ကိုယ်အလေးချိန်ပိုတက်လာတဲ့ ပျိုမေတွေ

လေ့ကျင့်ခန်းလုပ် နေပေမယ့် ပေါင်ချိန်စက်ကပြတဲ့ အလေးချိန်တွေ မကျသေးလို့ စိတ်ဓါတ်ကျနေပြီလား။



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement