backup og meta

ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး

ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး

မိုးက မုန်တိုင်းကြောင့် အဖျားခတ်ပြီး  ရွာခဲ့ပေမယ့် ခုရက်ပိုင်းတော့ တော်တော်လေး ပြန်ပူလာပြီနော်။ ပြင်ပက အပူချိန် မြင့်တက်မှုက ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။  ဒီတော့ နွေပူပူမှာ ကိုယ်အပူချိန် မမြင့်တက်စေဖို့ ဘာတွေ စားရမလဲဆိုတာ ပြောပြပေးမယ်နော်။

ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာများ

ကိုယ်အပူချိန် မြင့်တက်နေတာကို သက်သာစေဖို့ လက်တစ်ကမ်းမှာရှိတဲ့ အစားအစာလေးတွေက ကူညီပေးနိုင်ပါတယ်။ ဒီတော့ ကိုယ်အပူချိန် သက်သာစေဖို့အတွက် ဒါလေးတွေကို စားပေးသင့်ပါတယ်။

(၁) ဂေါ်ဖီထုပ်

နေပူတဲ့အချိန်မှာ ကိုယ်အပူချိန် မြင့်တက်မှု ကင်းစေဖို့ ဂေါ်ဖီထုပ်ကို စားပေးသင့်ပါတယ်။ ဂေါ်ဖီထုပ်က ရေဓာတ် ၉၆ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး အခြား ဟင်းသီးဟင်းရွက်တွေထက် ရေဓာတ် ပါဝင်မှု များပါတယ်။ ရေဓာတ် မြင့်မားစွာ ပါဝင်မှုက ကိုယ်အပူချိန်ကို ကျဆင်းစေနိုင်ပါတယ်။

အခြား အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက ရေဓာတ်ဖြည့်ပေးသလို ကိုယ်အပူချိန်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် နွေပူတဲ့အခါ ဂေါ်ဖီကို စားပေးပါ။

(၂) သခွားသီး 

သခွားသီးက ရေဓာတ် ပြည့်ဝတဲ့ အသီးဆိုတာကို တော်တာ်များများ လက်ခံထားပါတယ်။ ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတဲ့ သခွာသီးက ခန္ဓာကိုယ်ကို လန်းဆန်းစေပြီး ရေဓာတ်ပြည့်ဝစေပါတယ်။  နွေပူတဲ့အခါ သခွားသီးကို ပါးပါးလှီးပြီး ဆား ဖြူးလို့ စားပေးတာက ကိုယ်အပူချိန်ကို ကျဆင်းစေတဲ့အပြင် ရေနဲ့ ဆားဓာတ်ကိုပါ ဖြည့်တင်းပေးပြီးသား ဖြစ်သွားပါတယ်။

(၃) ခရမ်းချဉ်သီး 

ခရမ်းချဉ်သီး နီနီရဲရဲလေးက ကျန်းမာရေး အာနိသင် များသလို အရသာလည်း ရှိပါတယ်။ နွေပူပူမှာ ခန္ဓာကိုယ် အပူချိန် ကျစေဖို့လည်း ခရမ်းချဉ်သီးက အထောက်အပံ့ပေး ပါသေးတယ်။ အရည်ရွှမ်းတဲ့ ခရမ်းချဉ်သီးကို စားသုံးပေးတာက အရေပြား ကျန်းမာစေသလို ခန္ဓာကိုယ် အပူချိန်ကိုလည်း လျှော့ချပေးပါတယ်။

(၄) ချယ်ရီသီး

အိန္ဒိယ လူမျိုးတွေ ဆေးဖက်ဝင် အနေနဲ့ အသုံးပြုခဲ့ကြတဲ့ ချယ်ရီသီးလေးတွေက အရောင်အသွေးနဲ့ အရသာ ပြည့်စုံသလို ရေဓာတ် ဖြည့်ပေးပြီး ခန္ဓာကိုယ် အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ချယ်ရီသီးက ဖရဲသီး၊ စပျစ်သီး နဲ့ သရက်သီးတို့နည်းတူ ကိုယ်အပူချိန်ကို အကောင်းဆုံး လျှော့ချပေးနိုင်ပါတယ်။

(၅) ငရုတ်သီး

ငရုတ်သီးက ဒီလောက် စပ်တာ ဖြစ်နိုင်ပါ့မလားလို့ တွေးမိကောင်း တွေးမိနိုင်ပါတယ်။ ခပ်စပ်စပ် အရသာရှိတဲ့ ငရုတ်သီးက ချွေးထွက်လာအောင် လုပ်ပေးပြီး အသားအရေကို အေးစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် နွေပူတဲ့အခါ ကိုယ်အပူချိန်ကို လျှော့ချဖို့ ငရုတ်သီး စားပေးလို့ရပါတယ်။

ခန္ဓာကိုယ် အပူချိန်ကိုအထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာလေးတွေကို စားပြီး နွေအပူကို အံတုနိုင်ကြပါစေကြောင်း

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Keep Cool: 5 Foods That Lower Your Body Temperature https://www.foodnetwork.com/healthyeats/healthy-tips/2015/05/keep-cool-5-foods-that-lower-your-body-temperature Accessed Date 25 May 2020

BEAT SUMMER HEAT BY SNACKING ON THESE AYURVEDIC COOLING FOODS https://www.wellandgood.com/good-food/cooling-foods-for-the-body/ Accessed Date 25 May 2020

Foods that Cool https://fruitguys.com/2011/09/foods-that-cool/ Accessed Date 25 May 2020

ယခုပုံစံ

20/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညအိပ်ရာ မဝင်ခင် ရှောင်သင့်တဲ့ အစားအစာတွေ

သင့်အစားအစာများထဲမှာ ခိုအောင်းနေနိုင်သော ကပ်ပါးပိုးနှင့် ဘက်တီးရီးယားများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement