ဝိတ်ချဖို့ ဗီတာမင်တွေသောက်သင့်လား…..
ဝိတ်ကျစေဖို့ ကူညီပေးမယ့် ဗီတာမင်တွေက ဘာတွေဖြစ်မလဲ
ဒီဗီတာမင်တွေ ဝိတ်ကျစေဖို့ တကယ်ကို အထောက်အကူပြုနိုင်မှာပါ။
(၁) ဗီတာမင် B – ဗီတာမင် B ဆိုတဲ့နေရာမှာ ဗီတာမင် B အုပ်စုဝင်တွေဖြစ်တဲ့ သီရာမင်း (ဗီတာမင် B1)၊ ရီဗိုဖလာဗင် (ဗီတာမင် B2)၊ နီကာဆင် (ဗီတာမင် B3)၊pantothenic acid(ဗီတာမင် B5)၊pyridoxine(ဗီတာမင် B6)၊ ဘိုင်အိုတင် (ဗီတာမင် B7)၊ဖောလိတ် (ဗီတာမင် B9)၊cobalamin (ဗီတာမင် B12) တို့ပါဝင်နေတာပါ။ ဗီတာမင် B အုပ်စုတွေကကိုယ်တွင်းက ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလုပ်ဆောင်ပေးနိုင်စေပြီးစားသုံးလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီတွေကို အကောင်းဆုံးဖြိုခွဲပေးပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက ဝိတ်ကျစေဖို့ အကောင်းဆုံးတွန်းအားပေးနိုင်မှာပါ။
ဘာတွေစားရမလဲ…. ပဲအမျိုးမျိုး၊ ပဲနီလေး၊ နို့၊ ဥအမျိုးမျိုး၊ အဆီမပါတဲ့အသား၊ အာလူး၊ ငှက်ပျောသီးတို့ကို စားသုံးပေးသင့်ပါတယ်။
(၂) ဗီတာမင် D – ကိုယ်ခံအားကောင်းစေဖို့ အရေးပါတဲ့ ဓါတ်တစ်ခုပေါ့။ ယနေ့ခေတ်မှာ လူတော်တော်များများကနေရောင်နဲ့ ထိတွေ့မှုနည်းလာကြပါတယ်။ ဒါကြောင့်လည်း ဗီတာမင် D ရရှိဖို့ ခဲယဉ်းလာကြပါတယ်။ ဗီတာမင် D ကိုရရှိနိုင်တဲ့ အဓိကရင်းမြစ်ကနေရောင်ခြည်ပါ။ ဗီတာမင် D ရရှိမှုနည်းပါးတာက အဝလွန်စေနိုင်သလို စိတ်ဓါတ်ကျမှုကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် D ကိုလုံလောက်စွာရရှိအောင်လုပ်ဆောင်နိုင်မှုကလည်း ဝိတ်ကျစေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။
ဘာတွေစားရမလဲ….. ဗီတာမင် D ကို အဓိကရရှိစေနိုင်တာကနေရောင်ခြည်ပါ။ ဒါပေမယ့် ဆာဒင်းငါး၊ တူနာငါး၊ ဆယ်လ်မွန်ငါး၊ ကြက်ဥအနှစ်၊ ဗီတာမင် Dဖြည့်စွက်ထားတဲ့ နို့နဲ့ဒိန်ချဉ်တွေကိုစားပေးလို့လည်းရပါတယ်။
(၃) သံဓါတ် –စားလိုက်တဲ့ အစာအာဟာရတွေကို စွမ်းအင်အဖြစ်ပြောင်းလဲဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သံဓါတ်က ခန္ဓါကိုယ်ကဆဲလ်တွေဆီကိုအောက်ဆီဂျင်ရောက်ရှိအောင်ပို့ဆောင်ပေးသလို ကြွက်သားတွေဆီကို လည်းအောက်ဆီဂျင်ကို ပို့ဆောင်ပေးပါတယ်။ သံဓါတ်ရဲ့နောက်ထပ်အားသာချက်တစ်ခုက အဆီတွေကိုလောင်ကျွမ်းစေနိုင်တာပါပဲ။
ဘာတွေစားရမလဲ…….အဆီမပါတဲ့ အသား၊ အခွံမာပင်လယ်စာတွေ၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ်ရွက်တို့ကို စားပေးလို့ရပါတယ်။
(၄) မဂ္ဂနီဆီယမ် –ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးပေါ့။သွေးတွင်းသကြားဓါတ်ထိန်းညှိဖို့၊သွေးပေါင်ချိန်ထိန်းညှိဖို့၊ အရိုးတွေ သန်မာစေဖို့၊ အာရုံကြောစနစ်တွေ အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ထောက်ပံ့ပေးပါတယ်။ ခန္ဓါကိုယ်ကို မလိုအပ်ဘဲ ကိုယ်အလေးချိန်မတက်စေဖို့ဆိုရင် ဒီသတ္တုဓါတ်ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။
ဘာတွေစားရမလဲ……. အခွံမာသီးတွေ၊ အစေ့အဆံတွေ၊ပဲတောင့်ရှည်၊ ဟင်းနုနွယ်လိုမျိုး အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကိုစားပေးဖို့လိုပါမယ်။
(၅) ကယ်လ်ဆီယမ် –ငယ်စဉ်ကတည်းကစပြီး အသက်ကြီးတဲ့အထိ ကယ်လ်ဆီယမ်က အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ အရိုးနဲ့သွားတွေကြံ့ခိုင်သန်စွမ်းစေဖို့ထောက်ပံ့ပေးသလို ကယ်လ်ဆီယမ်ကို လိုအပ်တဲ့ ပရိုတင်းနဲ့ သင့်တင့်မျှတအောင်စားသုံးပေးမယ်ဆိုရင် ကယ်လ်လိုရီတွေကို အထိရောက်ဆုံးလောင်ကျွမ်းပေးနိုင်မှာ အသေအချာပါ။ ကယ်လ်ဆီယမ်ကို ကယ်လ်လိုရီနည်းတဲ့ အစားအသေကာ်တွေနဲ့ တွဲဖက်စားသုံးပေးမှုကလေ့ကျင့်ခန်းလုပ်စရာမလိုဘဲ ခန္ဓါကိုယ်က အဆီတွေကိုလောင်ကျွမ်းစေနိုင်မှာပါ။ ဒါကြောင့် ကိုယ်အလေးချိန်ကိုလျှော့ချချင်တယ်ဆိုရင် ကယ်လ်ဆီယမ်ကိုလည်းမေ့ထားလို့ မဖြစ်ပါဘူး။
(၆) Omega-3 fatty acids –ဝိတ်ကျစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။omega-3 fatty acids က ကိုယ်တွင်းကအဆီပိုတွေကိုဖယ်ရှားပေးတဲ့အပြင် နှလုံးကျန်းမာအောင်ထောက်ပံ့ပေးပါတယ်။သွေးကြောလေးတွေကို ကျန်းမာစေနိုင်ပြီးရောဂါတစ်ခုခုကြောင့် နှလုံးနဲ့ သွေးကြောလေးတွေ ထိခိုက်မှုမဖြစ်အောင်လည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
ဘာတွေစားရမလဲ……. ဆယ်လ်မွန်၊ မက်ကာရယ်၊ ထရောက်ငါး၊ ဆာဒင်း၊ တူနာ တို့ကို စားသုံးပေးလို့ရပါတယ်။
[embed-health-tool-bmi]