backup og meta

ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့

အသက်အရွယ် ရလာတဲ့ အခါ အစာစားချင်စိတ် နည်းလာပါတယ်။ ဒီလို အနေအထားမှာ ကိုယ်အလေးချိန် ကျသွားတာ။ အင်အား နည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန် နည်းတာနဲ့အတူ ရေရှည်မှာ ကြွက်သားဆုံးရှုံးတာက ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ချစ်ရတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ ဘာတွေလုပ်ပေးရမလဲ ။

ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့

သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိမှ ရောဂါဘယတွေ အန္တရာယ်ကနေ ကင်းဝေးမှာ ဖြစ်သလို အသက်အရွယ်ကြောင့် ဖြစ်တဲ့ ကြွက်သားဆုံးရှုံးတာ၊ အရိုး ကျိုးလွယ်တာမျိုးတွေကို ကာကွယ်နိုင်မှာပါ။ ဒီတော့ အသက်အရွယ်ရလာတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ ဒါလေးတွေ ကျွေးပေးစေချင်ပါတယ်။

ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့

အသက်အရွယ်ရလာချိန်မှာ ကြွက်သားဆုံးရှုံးမှု မဖြစ်စေဖို့အတွက် ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ဆိုရင်

အဆီပါတဲ့ ငါး

အထူးသဖြင့်တော့ ဆယ်လ်မွန်ငါး၊ ထရောက်ငါးနဲ့ ဆာဒင်းငါးတို့ကို ပြင်ဆင်ပေးစေချင်တာပါ။ ဒီငါးတွေက အကျိုးပြု အဆီ ကြွယ်ဝစွာ ပါဝင်သလို ပရိုတင်းလည်း ပြည့်ဝပါတယ်။ အနံ့လည်း မဆိုးတာကြောင့် စားရမြိန်စေမှာ အသေအချာပါ။

တကယ်လို့ ငါး မကြိုက်ဘူးဆိုရင်လည်း ငါးကြီးဆီ တိုက်ပေးလို့ ရပါတယ်။

CHIA SEEDS

ဒါကနည်းနည်းတော့ အံ့ဩစရာကောင်းနိုင်ပါတယ်။ chia seeds မှာ အဆီ ပါဝင်မှုက ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ omega-3 fatty acids အများအပြား ပါဝင်နေသလို ကာဗိုဟိုက်ဒရိတ်နဲ့ အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

အစားကြေစေပြီး အစာခြေစနစ်ကို ကျန်းမာစေသလို အာဟာရတွေ ပြည့်ဝစွာ စုပ်ယူနိုင်စေပါတယ်။ ကိုယ်အလေးချိန် တက်စေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

အဆီပြည့် ဒိန်ချဉ်

အချို ထည့်မထားတဲ့ အဆီပြည့် ဒိန်ချဉ်က ပရိုတင်း ပြည့်ဝသလို အဆီဓာတ်နဲ့ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြု ဘက်တီးရီးယားလည်း ပါဝင်နေပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး အစာစားချင်စိတ် ဖြစ်စေသလို ကိုယ်အလေးချိန်တက်စေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

အခွံမာသီးတွေ

သစ်ကြာသီး၊ အယ်လ်မွန်စေ့၊ macadamia nuts တို့က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခွံမာသီးတွေပါ။ အဆီပါဝင်မှု မြင့်သလို အမျှင်ဓာတ်၊ ပရိုတင်းတို့လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတွေအပြင် ဗီတာမင် E နဲ့ မဂ္ဂနီဆီယမ်လည်း ကြွယ်ဝစွာ ပါဝင်နေသေးတာကြောင့် ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။

ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာ ပရိုတင်း ကြွယ်ဝသလို နေရောင်ခြည်ရဲ့ ဗီတာမင်လို့ တင်စားတဲ့ ဗီတာမင် D လည်း ပြည့်ဝစွာ ပါဝင်နေပါတယ်။ ဝါးရလွယ်သလို အာဟာရလည်း ပြည့်တဲ့ အစားအစားတစ်မျိုးပေါ့။

ပုံမှန် ကြက်ဥပြုတ်ကျွေးတာ၊ ကြက်ဥကြော်ကျွေးတာကလည်း ချစ်ရတဲ့ လူကြီးတွေကို ကိုယ်အလေးချိန် တိုးစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။

ချိစ်

ချိစ်က ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် အရိုးတွေ သန်မာစေဖို့ အားဖြည့်ပေးပါတယ်။ ဒါ့အပြင် လူကြီးတွေမှာ လိုအပ်တဲ့ ဗီတာမင် B12၊ phosphorus နဲ့ ပရိုတင်းတို့ ပါဝင်နေပါတယ်။

ကိုယ်အလေးချိန် တက်စေသလို ကိုယ်ခံအား ကောင်းစေဖို့လည်း ကူညီပေးပါတယ်။

ထောပတ်သီးက အခြားအသီးတွေနဲ့မတူဘဲ omega-3 fatty acids ပါဝင်နေပါတယ်။ ငှက်ပျောသီးထက် ပိုတက်ဆီယမ် ပါဝင်မှု ၄၀ ရာခိုင်နှုန်း ပိုများတဲ့ ထောပတ်သီးက သွေးတွင်းက အကျိုးမပြု ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရောကို တိုးစေပါတယ်။

အမျှင်ဓာတ်ပါဝင်လို့ အစာခြေစနစ် ကျန်းမာစေသလို ကိုယ်အလေးချိန်ကို ကျန်းမာစွာနဲ့ တက်လာစေမှာပါ။

ဒါတွေအပြင် ကိုယ်အလေးချိန် တက်စေဖို့

ကဲ …အခုပြောခဲ့တာလေးတွေကို စားချင်စဖွယ်ပြင်ဆင်လို့အသက်အရွယ်ရလာတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့  ဂရုစိုက်လိုက်ရအောင်လား……………

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Healthy Eating for Seniors https://www.healthline.com/health/healthy-eating-for-seniors Accessed Date 24 August 2020

ယခုပုံစံ

06/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဖေဖေမေမေနဲ့ ဖိုးဖိုးဖွားဖွားတွေ ကျန်းမာစေဖို့

ချစ်ရတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ကို ကူးစက်ရောဂါအန္တရာယ်ကနေ ကာကွယ်ကြရအောင်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/11/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ