backup og meta

ဖရီးရယ်ဒီကယ်များအကြောင်း


Dr. Thant Zin မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖရီးရယ်ဒီကယ်များအကြောင်း

    သင့်အနေနဲ့ အသက်အရွယ်ကြီးရင့်လာသူတွေမှာ မျက်နှာအရေးအကြောင်းတွေ ပေါ်လာတာ၊ ဆံပင်တွေဖြူလာတာ သတိထားမိပါလိမ့်မယ်။ ဒါဟာ အသက်ကြီးလို့ပုံမှန်ဖြစ်စဉ်တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ဒီဇရာတရားရဲ့ နောက်ကွယ်မှာ လက်သည်ရှိနေပါတယ်။ အဲ့ဒါကတော့ ဖရီးရယ်ဒီကယ်တွေပါပဲ။

    ဖရီးရယ်ဒီကယ်ဆိုတာ ဖွဲ့စည်းပုံမတည်ငြိမ်တဲ့ အက်တမ်တွေဖြစ်ပြီး ကိုယ်ခန္ဓာရဲ့ဆဲလ်တွေကို ထိခိုက်စေပါတယ်။ ကိုယ်ခန္ဓာဆဲလ်တွေ ထိခိုက်ပျက်စီးတာကြောင့် နေထိုင်မကောင်းဖြစ်ခြင်း၊ အိုမင်းရင့်ရော်ခြင်း စတဲ့ပြဿနာတွေ ဖြစ်စေပါတယ်။

    ဖရီးရယ်ဒီကယ်တွေရဲ့ သဘောတရားကို နားလည်ဖို့ ဓာတုဗေဒအခြေခံနဲ့ ရှင်းပြလိုပါတယ်။ အရာဝတ္တုတိုင်းရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းဖြစ်တဲ့ အက်တမ်တွေမှာ အီလက်ထရွန်များဟာ သူ့ပတ်လမ်းနဲ့သူ ဘေးကနေဝန်းရံထားပါတယ်။ ပတ်လမ်းတိုင်းမှာ သူ့ဒြပ်စင်အလိုက် အီလက်ထရွန်ပမာဏ ပြည့်နေဖို့လိုပါတယ်။ အဆိုပါပတ်လမ်းဟာလည်း တစ်ခုမက တည်ရှိနေပါတယ်။

    တကယ်လို့ အက်တမ်တစ်ခုရဲ့ အပြင်ဆုံးပတ်လမ်းမှာ အီလက်ထရွန်မပြည့်ရင် သူ့ရဲ့ပတ်လမ်းကိုပြည့်ဖို့ တခြားအက်တမ်ကို ပေါင်းစပ်ဖို့ ကြိုးစားလာပါတယ်။ အဆိုပါအက်တမ်မျိုးကို ဖရီးရယ်ဒီကယ်လို့ ခေါ်ပါတယ်။

    အပြင်ပတ်လမ်းမှာ အီလက်ထရွန်ပမာဏပြည့်နေတဲ့ အက်တမ်တွေဟာ တည်ငြိမ်ပေမယ့် ဖရီးရယ်ဒီကယ်တွေကတော့ တည်ငြိမ်မှုမရှိဘဲ သူ့ရဲ့အပြင်ဆုံးပတ်လမ်းကို ဖြည့်ဖို့ ကြိုးစားနေပါတယ်။

    အကယ်၍သာ အောက်ဆီဂျင်မော်လီကျူးဟာ တွဲဖက်မရှိတဲ့ အီလက်ထရွန်တွေကိုယ်စီနဲ့ အက်တမ်နှစ်ခုအနေနဲ့ ပြိုကွဲတဲ့အခါ မတည်ငြိမ်တဲ့ ဖရီးရယ်ဒီကယ်ဘဝကို ရောက်ပါတယ်။ တခြားအက်တမ် ဒါမှမဟုတ် မော်လီကျူးနဲ့ ပေါင်းစပ်ဖို့ ရှာဖွေကြိုးစားပါတယ်။ အဆိုပါဖြစ်ရပ်ကို ဓာတ်တိုးဖိစီးခြင်း (Oxidative stress) လို့ ခေါ်ဝေါ်ပါတယ်။

    ဓာတ်တိုးဖိစီးခြင်းကြောင့် ကိုယ်ခန္ဓာရဲ့ဆဲလ်တွေကို ထိခိုက်ပျက်စီးစေပြီး ရောဂါတွေ ဖြစ်လာစေပါတယ်။ ဇရာရဲ့လက္ခဏာတွေဖြစ်တဲ့ အရေးအကြောင်းတွေ ပေါ်လာပါတယ်။

    ဖရီးရယ်ဒီကယ်တွေက ကိုယ်ခန္ဓာကို ဘယ်လိုထိခိုက်စေသလဲ

    ဖရီးရယ်ဒီကယ်တွေဖြစ်ပေါ်တာကြာလာတာနဲ့အမျှ ကိုယ်ခန္ဓာရဲ့ဆဲလ်တွေကို တဖြည်းဖြည်း ဖြိုခွဲလာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဖရီးရယ်ဒီကယ်တွေကို ခုခံတိုက်ထုတ်နိုင်စွမ်းလည်း နည်းလာပါတယ်။ ဒါကြောင့် ဖရီးရယ်ဒီကယ်တွေ များသထက်များ၊ ဓာတ်တိုးဖိစီးခြင်းတွေ တိုးသထက်တိုးပြီး ဆဲလ်တွေပိုမိုပျက်စီးကာ အိုမင်းမစွမ်း ဖြစ်လာပါတယ်။

    သုတေသနတွေအရ ဖရီးရယ်ဒီကယ်တွေကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာများကတော့

    – အယ်လ်ဇိုင်းမားကဲ့သို့ ဗဟိုအာရုံကြောဆိုင်ရာ ရောဂါများ

    သွေးကြောများပိတ်ဆို့ပြီး ဖြစ်ပွားသော နှလုံးနှင့်သွေးကြောရောဂါများ

    လေးဖက်နာအဆစ်ရောင်ခြင်းကဲ့သို့သော မိမိကိုယ်ခံစွမ်းအားက ပြန်လည်တိုက်ခိုက်သော ပြဿနာများ

    – မျက်စိအတွင်းတိမ်

    ဆီးချို

    – ဇရာပြောင်းလဲခြင်းများ။ အရေပြားများပျော့တွဲခြင်း၊ အရေးအကြောင်းများပေါ်ခြင်း၊ ဆံပင်ဖြူခြင်း၊ ဆံပင်ကျွတ်ခြင်း

    ဘယ်အရာတွေက ဖရီးရယ်ဒီကယ်တွေကို ပိုများလာစေသလဲ

    ကိုယ်ခန္ဓာထဲမှာ ဖရီးရယ်ဒီကယ်တွေ ထွက်လာခြင်းဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဆိုနိုင်ပေမယ့် ပိုဆိုးစေတဲ့ နေထိုင်မှုပုံစံတွေ ရှိပါတယ်။

    – အဆိပ်သင့် ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း၊ ဥပမာ ပိုးသတ်ဆေးများ ကိုင်တွယ်ခြင်း၊ လေထုညစ်ညမ်းခြင်း

    ဆေးလိပ်သောက်ခြင်း

    – အရက်သောက်ခြင်း

    – ပြန်ကြော်ထားသော အစားအသောက်များ စားသုံးခြင်း

    စတဲ့အကြောင်းအရာတွေကြောင့် ဖရီးရယ်ဒီကယ်တွေ ထွက်ရှိခြင်းဟာ ပိုမိုများပြားလာတတ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement