backup og meta

ပျော်ပျော်နေ သေခဲ

ပျော်ပျော်နေ သေခဲ

ငယ်ငယ်က ကြားခဲ့ဖူးတဲ့ ပျော်ပျော်နေ သေခဲ ဆိုတဲ့ စကားလေးက တကယ်ကို မှန်တာပါ။ ပျော်ရွှင်နေတဲ့ စိတ်ကလေးက စိတ်ပိုင်းဆိုင်ရာကိုရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရသလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ပျော်ပျော်နေ သေခဲ

ပျော်ရွှင်နေတဲ့ စိတ်ကလေးက ပေးတဲ့ ကျန်းမာရေး တွေက ဘာတွေများ ဖြစ်မလဲ။ ပျော်ပျော်နေ သေခဲ …….. နေ့ရက်တိုင်းမှာ စိတ်ပျော်ရွှင်မှုရနေသူတွေက စိတ်ပျော်ရွှင်မှုတင် မဟုတ်ဘဲ အခုလို ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကိုပါ ရရှိနိုင်ပါတယ်။

ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ပိုင်ဆိုင်ကြတယ်

စိတ်ပျော်ရွှင်နေတာက ကျန်းမာတဲ့ လူနေမှုပုံစံကို လိုက်နာဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ပျော်ရွှင်နေသူတွေက စိတ်ညစ်နေသူတွေထက် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမိတတ်​ကြပါတယ်။

လေ့လာမှုတွေအရ စိတ်ပျော်ရွှင်နေသူတွေဟာ လတ်ဆတ်တဲ့ သစ်သီးတွေ။ ဟင်းသီးဟင်းရွက်တွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကောက်နှံတွေကို ပိုမို စားသုံးမိကြတယ်၊ လို့တွေ့ရပါတယ်။ ဒီလို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးမိတာက ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပြီး နှလုံးရောဂါ ခံစားရနိုင်ခြေနဲ့လေဖြတ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

စိတ်ပျော်ရွှင်နေသူတွေက တက်တက်ကြွကြွ လုပ်ဆောင်နေထိုင်တတ်ကြပြီး တစ်ပတ်ကို ၁၀ နာရီနဲ့ အထက် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်ကြသူတွေပါ။ ပုံမျန် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်တာက အင်အားပြည့်ဝစေပြီး အရိုးအဆစ်တွေ သန်မာစေနိုင်သလို ကိုယ်တွင်းက အဆီတွေကို ကျစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးရောဂါ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။

ကိုယ်လက်လှုပ်ရှားဖြစ်တာက ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေပြီး အာရုံစူးစိုက်နိုင်စွမ်းနဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်းတွေကို တိုးတက်စေနိုင်ပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ခန္ဓာကိုယ် ကျန်းမာနေစေဖို့အတွက် ကိုယ်ခံအား ကောင်းမွန်နေဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ လေ့လာမှုတွေအရ စိတ်ပျော်ရွှင်နေတတ်သူတွေဟာ ပုံမှန်ထက် ကိုယ်ခံအား ပိုကောင်းမွန်တတ်ကြပါတယ်။
သူတို့က အအေးမိဖျားနာတာမျိုး ဖြစ်ခဲသလို ခန္ဓာကိုယ်က ရောဂါတွေကို တိုက်ထုတ်ဖို့ အမြဲလိုလို အသင့်ဖြစ်နေတတ်ကြပါတယ်။  ရောဂါတွေကို ခုခံဖို့ ပဋိပစ္စည်း ထုတ်လုပ်နိုင်စွမ်းလည်း ကောင်းကြပါတယ်။

စိတ်ဖိစီးမှု ကင်းစေတယ်

နှလုံး ကျန်းမာစေတယ်

ပျော်ရွှင်မှုက သွေးပေါင်ချိန်ကို ကောင်းမွန်စေပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသလို နှလုံး ကျန်းမာစေပါတယ်။ ပျော်ပျော်နေတတ်သူတွေက ပုံမှန်ထက် သွေးတိုးရောဂါ ဖြစ်နိုင်ခြေ ၉ ရာခိုင်နှုန်း နည်းနေသလို နှလုံးရောဂါ ဖြစ်နိုင်ခြေကလည်း ၁၃ ရာခိုင်နှုန်းကနေ ၂၆ ရာခိုင်နှုန်းအထိ နည်းနေပါတယ်။

ပျော်ပျော်နေတတ်သူတွေက သွေးတွင်းကိုလက်စထရော ကျဆင်းနေတတ်ပြီး ကျန်းမာတဲ့ နှလုံးကို ပိုင်ဆိုင်ထားကြသူတွေပါ။

အသက်ရှည်ကြတယ်

ပျော်ပျော်နေတတ်သူတွေက အခြားသူတွေနဲ့ ယှဉ်ရင် အသက်ရှည်ရှည်နေရနိုင်ခြေ ၁၄ ရာခိုင်နှုန်း ပိုများနေပါတယ်။ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါလိုမျိုးရောဂါအခံတွေရှိနေရင်တောင်မှ အသက်ရှည်ရှည်နေကြရပါတယ်၊ လို့ လေ့လာမှုပေါင်း ၇၀ ကျော်ရဲ့ ရလဒ်တွေအရ သိရပါတယ်။

ပျော်ပျော်နေတတ်သူတွေက ပြင်းထန်တဲ့ ရောဂါအခြေအနေတွေကနေ ပြန်လည် ကျန်းမာနိုင်စွမ်း မြင့်ကြသလို ရှင်သန်နိုင်ခြေလည်း ပိုများကြသူတွေပါ။

နာကျင်မှုတွေ သက်သာစေနိုင်တယ်

အသက်အရွယ်ရလာတာနဲ့အမျှ အရိုးအဆစ်တွေ တောင့်တင်းတာ၊ နာကျင်တာတွေ ခံစားရနိုင်ခြေ ပိုများလာပါတယ်။ အဆစ်ရောင်ရောဂါ ခံစားနေရသူတွေမှာဆိုလည် အဆစ်တွေ နာကျင်တောင့်တင်းနိုင်ခြေက တော်တော်လေး များတာပါ။

ဒီနာကျင်မှုတွေကို အကောင်းဆုံး ခုခံနိုင်ဖို့ဆိုရင် ပျော်ပျော်နေတာက နည်းလမ်းကောင်း တစ်ခုပါ။ ဒီလေိုပြောရတာက လေ့လာမှုတွေအရ ပျော်ပျော်နေတာက အဆစ်အမြစ်တွေ နာကျင်မှုနဲ့ ခန္ဓာကိုယ်က အမျိုးမျိုးသော နာကျင်မှုတွေကို ၁၃ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တာကြောင့်ပါ။

ပျော်ရွှင်နေအောင် ဘာလုပ်ကြမလဲ။

ပျော်ရွှင်တာက အသက်ရှည်စေတယ်ဆိုတော့ ပျော်ရွှင်နေအောင် ဘယ်လိုနေရမလဲဆိုပြီး သိချင်နေလောက်မယ်ထင်ပါတယ်။ ဒီတော့ ပျော်ရွှင်နေစေဖို့ ဒီလို အလေ့အထလေးတွေ မွေးမြူပါ။

ကျေးဇူးတင်ပါ – တစ်ယောက်ယောက်က ကူညီတိုင်းမှာ ကျေးဇူးတင်တတ်တဲ့ အလေ့အထကို မွေးမြူပါ။ ဒါက သင့်ကို ပျော်ရွှင်မှုတွေ တိုးစေပါလိမ့်မယ်။

တက်တက်ကြွကြွနေပါ – နေ့တိုင်းမှာ လမ်းလျှောက်တာလိုမျိုး လှုပ်ရှားမှုလေးတွေ လုပ်ပြီး တက်တက်ကြွကြွနေပါ။ ဒါကလည် ပျော်ရွှင်ခြင်း ဟော်မုန်းတွေကို တိုးစေပြီး စိတ်ပျော်ရွှင်စေမှာပါ။

အိပ်ရေးဝဝအိပ်ပါ – ညဘက်မှာ ကောင်းကောင်း အိပ်ပျော်တာက စိတ်ပျော်ရွှင်စေဖို့ အများကြီး အထောက်အကူပြုပေးနိုင်ပါတယ်။

တရားထိုင်ပါ – တရားထိုင်တာက စိတ်ဖိစီးမှုကို သက်သာစေပြီး စိတ်ပျော်ရွှင်စေဖို့ အားဖြည့်ပေးမှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How Being Happy Makes You Healthier https://www.healthline.com/nutrition/happiness-and-health Accessed Date 17 June 2020

The Surprising Benefits Of Being Happy https://www.refinery29.com/en-us/happiness-health-benefits Accessed Date 17 June 2020

Six Ways Happiness Is Good for Your Health https://greatergood.berkeley.edu/article/item/six_ways_happiness_is_good_for_your_health Accessed Date 17 June 2020

ယခုပုံစံ

25/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့

ပျော်ရွှင်ချင်သူတိုင်း မွေးမြူသင့်တဲ့ အလေ့အထ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement