
ရောဂါတစ်ခုခုခံစားနေရလားဆိုတာကို ဆေးစစ်ကြည့်တာ၊ ခံစားနေရတဲ့ လက္ခဏာတွေကို ဆန်းစစ်ကြည့်တာကနေ သိနိုင်တယ်ဆိုတာက အထွေအထူးပြောပြနေစရာမလိုပါဘူး။ ဒီတစ်ခေါက်တော့ သင့်လက်ကလေးတွေကိုကြည့်ပြီး ရောဂါမှန်းပြမယ်ဆိုရင် ဘယ်လိုလဲ။ ကိုယ့်မှာ ဘယ်လိုရောဂါတွေဖြစ်နေလဲဆိုတာကို တူတူစစ်ဆေးကြည့်မလား Hello ဆရာဝန်ပရိသတ်ကြီးရေ…….
လက်ချောင်းလေးတွေရဲ့ အလျား၊ လက်ရဲ့ဆုပ်ကိုင်နိုင်အား၊ လက်ဗွေကနေစလို့ လက်သည်းလေးတွေအထိ အားလုံးက ခန္ဓာကိုယ်ထဲမှာ ခံစားရနိုင်ခြေရှိနေတဲ့ ရောဂါတွေကို ဖော်ပြပေးနေပါတယ်။
လက်ကတစ်ခုခုကိုင်တိုင်း မြဲမြဲမြံမြံကိုင်လို့မရဘူး။ လက်ကညှစ်နိုင်စွမ်းနည်းနေမယ်ဆိုရင် သင့်မှာ ရုတ်တရက်နှလုံးရပ်နိုင်ခြေများနေသလို လေဖြတ်နိုင်ခြေလည်းတော်တော်လေးများနေပါတယ်။ ဒီအခြေအနေက သွေးပေါင်ချိန်ထက်ပိုပြီးတိကျတဲ့ နှလု့းရောဂါဖြစ်နိုင်တယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာတစ်ရပ်ပါ။ ကြွက်သားတွေရဲ့ သန်စွမ်းမှုကနေတဆင့် ရောဂါခံစားရနိုင်ခြေကို ဖော်ပြပေးနေတာပါ။
လက်ဖဝါးမှာချွေးတွေအမြဲလိုလိုထွက်နေတာ သွေးဆုံးလက္ခဏာတစ်ရပ်ဖြစ်နိုင်သလို သိုင်းရွိုက်ပြဿနာရှိနေတယ်ဆိုတာကိုလည်း ဖော်ပြပေးနေပါတယ်။ လက်ဖဝါးတင်မဟုတ်ဘဲ ခြေဖဝါး၊ ချိုင်းကြားတွေမှာ ပုံမှန်ထက် ချွေးပိုထွက်နေမယ်ဆိုရင် သိုင်းရွိုက်ကို စစ်ဆေးကြည့်ဖို့ပြောပါရစေ။