အစားတစ်ခုခုစားပြီးမှဆေးသောက်ရင် ရရှိလာမယ့် အကျိုးကျေးဇူးတွေက
ဆေးမသောက်ခင် တစ်ခုခုစားသုံးလိုက်တဲ့အခါ အူနံရံတွေဆီသွေးရောက်ရှိမှု ပိုကောင်းလာတာ၊ သည်းခြေရည်ပိုထွက်ရှိတာ၊ ကိုယ်တွင်း pH ပမာဏပြောင်းလဲလာတာ လိုမျိုးခန္ဓါကိုယ်မှာပြောင်းလဲမှုတွေအများအပြားဖြစ်ပေါ်လာပါမယ်။ ဒီပြောင်းလဲမှုတွေကပဲ ခန္ဓါကိုယ်အနှံ့သွေးကြောတွေဆီကို ဆေးအာနိသင်တွေပိုမိုရောက်ရှိသွားအောင်လုပ်ဆောင်ပေးပြီးမြန်မြန်နေကောင်းစေပါတယ်။
ဆေးမသောက်ခင်မှာ တစ်ခုခုစားလိုက်တာက ခန္ဓါကိုယ်ကို အားပြည့်သွားစေနိုင်ပြီးဆေးရှိန်ပြင်းတာကြောင့်ဖြစ်လာနိုင်တဲ့ ရင်တုန်တာ၊ မူးဝေတာ၊ အားမရှိသလိုဖြစ်တာ၊ မအီမသာဖြစ်တာ၊အော့အန်တာမျိုးတွေ ဖြစ်နိုင်ခြေကိုလျော့နည်းသွားစေနိုင်ပါတယ်။နေမကောင်းတဲ့အခါ အစားမစားဘဲနေတာထက် အစားစားပေးတာက ကိုယ်ခံအားကိုမြန်မြန်ပြန်ကောင်းလာစေနိုင်ပြီး အဖျားတာတိုစေနိုင်ပါတယ်။
အစားစားပါဆိုတဲ့နေရာမှာလည်း ကိုယ့်ကျန်းမာရေးအခြေအနေနဲ့ တည့်အောင် ဂရုစိုက်စားသုံးသင့်ပါတယ်။နေမကောင်းပါဘူးဆိုမှ ရေခဲမုန့်တို့ ကိုလာတို့သောက်တာမျိုးတော့ မဖြစ်သင့်သလို အားမဖြစ်စေမယ့် သရေစာတွေတော့ရှောင်ပေါ့။နေမကောင်းလို့စားချင်ရင် အားဖြစ်စေမယ့် အစားအစာတွေ အစာကြေလွယ်မယ့် အစားအစာမျိုးတော့ရွေးချယ်စားသုံးဖို့လိုပါမယ်။ ဒါမှသာ ခန္ဓါကိုယ်အတွက် အထောက်အကူပြုပြီးဆေးအာနိသင်ကို ထိရောက်စေမှာပါ။
ဆေးမသောက်ခင် အစားစားပေးတာကနေရရှိနိုင်မယ့် နောက်အကျိုးကျေးဇူးတစ်ခုက အစာအိမ်ထိခိုက်တာမျိုးကို ကာကွယ်ပြီးသားဖြစ်သွားတာပါ။
ဆေးမသောက်ခင် အစားအစာကို ဘယ်လောက်ပမာဏအထိစားသုံးရမလဲ
ဒါကတော့ အတိအကျမရှိပါဘူး။ ကိုယ်သောက်သုံးရမယ့်ဆေးပေါ်မူတည်ပြီး အဆာပြေ အစားအစားလောက်ကနေ စလို့ပြည့်ပြည့်ဝဝစားသုံးရတဲ့အထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အချို့ဆေးတွေက အာနိသင်ပြင်းတဲ့အခါမျိုးမှာ ပေါင်မုန့်လေးတစ်ဖဲ့လောက်ကိတ်မုန့်လေးတစ်ကိုက်လောက်နဲ့ အဆင်မပြေပါဘူး။ခေါက်ဆွဲပြုတ် တစ်ပန်းကန်လုံးစာလောက် ကြာဇံ ဒါမှမဟုတ်မြူစွမ်ပြုတ်တစ်ပန်းကန်လောက်တော့သောက်ပေးဖို့လိုပါမယ်။နေမကောင်းလို့ အဖက်တွေမစားချင်ဘူးဆိုရင်လည်း ကြက်စွပ်ပြုတ်တစ်ခွက်လောက်သောက်သုံးပေးပါ။
အတိအကျသိရဖို့က ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးဖြစ်မှာပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။