backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းပင်က နွေရာသီမှာ အတော်လေး အေးမြတဲ့ အရိပ်ကိုပေးပါတယ်။ အညာဒေသတွေမှာဆိုရင် မန်ကျည်းပင် အုံ့အုံ့ဆိုင်းဆိုင်းတွေကို အများဆုံး မြင်တွေ့ရပါတယ်။

မန်ကျည်းလို့ ပြောလိုက်ရင် လူအများစုက မန်ကျည်းသီးစိမ်း၊ မန်ကျည်းသီးမှည့်၊ မန်ကျည်းရွက်နုလေးတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ ဒါတွေက စားသုံးလို့ ရသလို ကျန်းမာရေးအတွက်လည်း ကောင်းစေတယ် ဆိုတာကိုး။

တကယ်က မန်ကျည်းပင်က အရွက်ကစလို့ အစေ့၊ ပင်စည်၊ အသီး၊ အမြစ် အားလုံးက အသုံးဝင်ပါတယ်။ ဒီတစ်ခေါက်တော့ မန်ကျည်းပင်စည်က အခေါက်ထူထူလေးတွေက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးပါမယ်။ မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံကို အတူတူကြည့်လိုက်ရအောင်နော်။

မန်ကျည်းခေါက် ဆိုတာ

မန်ကျည်းခေါက် ဆိုတာက ပင်စည် ဒါမှမဟုတ် အကိုင်းရင့်ရင့်လေးတွေရဲ့ ပင်စည် အပြင်ဘက်ကနေ ကာရံထားတဲ့ အခေါက်လေးတွေပါ။ အညိုပွေး ရှိပါတယ်။

မန်ကျည်းခေါက် က အနီရောင်ထွက်တာ ရှိသလို မန်ကျည်းအဖြူခေါက်လည်း ရှိပါတယ်။

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းပင် အခေါက်လေးက အခုလို ဆေးဖက်ဝင်ပါတယ်။ မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ က

မန်ကျည်းခေါက်လေးကို ဗိုက်ထဲက စူးပြီးအောင့်တာ၊ လေထိုးလေအောင့်တာ၊ အစာမကြေတာ၊ အော့အန်တာ၊ ခံတွင်းပျက်တာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာတွေကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။

ဝမ်းဗိုက်ပြဿနာ ကင်းစေဖို့ဆိုရင် မန်ကျည်းခေါက်လေးကို ပျားရည်နဲ့ တွဲဖက် အသုံးပြုပေးလို့ ရပါတယ်။

မျက်စိနာတဲ့အခါ ရေစင်အောင်ဆေးထားတဲ့ မန်ကျည်းခေါက် (အထူးသဖြင့် မန်ကျည်း အနီခေါက်) ကို ကျောက်ပျဉ်မှာ သွေးပြီး မျက်လုံးတဝိုက်ကို ကွင်းလူးပေးပါ။

အရေပြားပေါ်က မိတ်ဖုတွေကို သက်သာစေဖို့ဆိုရင် မန်ကျည်းခေါက်ကို ရေကျဲကျဲလေး သွေးပြီး လမ်းပေးလို့ ရပါတယ်။ အရေပြားပေါ်က ယားယံတဲ့ အဖုအပိမ့်တွေ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

ထိခိုက်ဒဏ်ရာတွေ ရတဲ့အခါ ပိုးမဝင်စေဖို့လည်း သေချာ သန့်စင်ထားတဲ့ မန်ကျည်းခေါက်ကို ပြုတ်လို့ ရတဲ့ အရည်နဲ့ ဆေးကြောပေးလို့ ရပါတယ်။ ပုရွက်ဆိတ်၊ ခါချဉ်ကိုက်တဲ့ နေရာတွေကို သက်သာစေဖို့လည် မန်ကျည်းခေါက် သွေးလူးပေးလို့ ရပါတယ်။

ဆီးမသွားတာ၊ ဆီးအောင့်တာ၊ ဆီးကျဉ်တာတွေကို သက်သာစေဖို့အတွက်လည်း မန်ကျည်းခေါက်ကို အသုံးပြုပေးလို့ ရပါတယ်။

သွေး မသန့်တာ​ကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေ၊ အရေပြား ဓာတ်မတည့်မှုတွေကို သက်သာစေဖို့အတွက်လည်း မန်ကျည်းခေါက်ကို အသုံးပြုပေးလို့ ရပါတယ်။

မန်ကျည်းခေါက်ကို သွေးပြီး လိမ်းပေးတာက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အရေပြားပေါ်က ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ မန်ကျည်းခေါက်ရဲ့ နောက်ထပ်အာနိသင် တစ်ခုက အရေပြားကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်တာပါ။

ဘေးထွက်ဆိုးကျိုးများ

မန်ကျည်းခေါက်က အလွန်အကျွံ စားသုံးရင် လေချုပ်စေနိုင်ပါတယ်။ အရေပြားမှာ တိုက်ရိုက်လိမ်းကျံ အသုံးပြုတာကြောင့်တော့ ထိခိုက်စေတာမျိုး မရှိပါဘူး။

ဘာတွေ သတိထားရမလဲ

မန်ကျည်းခေါက်လေးက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ဘေဘီလေးတွေ၊ ကိုယ်ဝန်ဆောင်မေမေတွေ၊ နို့တိုက်မိခင်တွေ၊ ရောဂါအခံရှိသူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

ဒါ့ပြင် ဒီအချက်တွေက ဗဟုသုတအတွက် မျှဝေထားတာသာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်မှာခံစားနေရတဲ့ ဝေဒနာတွေက မသက်သာဘူးဆိုရင်တော့ အချိန်ဆွဲမနေဘဲ တတ်ကျွမ်းသူများနဲ့သာ ပြသပြီး စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံကတော့

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement