backup og meta

အသည်းတစ်ခြမ်းနဲ့ လူသား


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းတစ်ခြမ်းနဲ့ လူသား

    အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါပဲ။ အသည်းဟာ ပျက်စီးပြီးတဲ့နောက် အလိုလို ပြန်ကောင်းလာနိုင်တဲ့ တစ်ခုတည်းသော အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ အသည်းရဲ့ လုပ်ဆောင်ချက်တွေကတော့

    ဒီမှာပြောစရာ ရှိလာတာက “အသည်းပျက်စီးနေတဲ့သူတွေ၊ မဖြစ်မနေ အသည်းအစားထိုးဖို့ လိုအပ်လာတဲ့သူတွေအတွက် အသည်းတစ်ခြမ်း လှူမယ့် အလှူရှင်တွေကရော ပုံမှန်အတိုင်း အသက်ရှင်နိုင်ပါ့မလား။” ဆိုတဲ့ အသည်းလှူလိုသူတွေရဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းကို ဖြေဖို့ အရင်ဆုံး သိထားရမှာက အသည်းရဲ့ ၂၅ % ကနေ ၃၀% ရှိနေရင်ကို အသည်းက သူ့ရဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နိုင်ပြီး လူကလည်း ပုံမှန် ဖြစ်နိုင်ပါတယ် ဆိုတာပါပဲ။

    • အသည်းလှူတဲ့အခါ အလှူရှင်ရဲ့ အသည်း ၄၀% ကနေ ၆၀% ကို ဖယ်ရှားပြီး လိုအပ်တဲ့သူထဲကို ထည့်ပေးမှာပါ။
    • အလှူရှင်နဲ့ အလှူခံ နှစ်ဦးလုံးရဲ့ အသည်းတွေဟာ ခွဲစိတ်ပြီးနောက်ပိုင်း ပုံမှန် အလုပ်လုပ်နိုင်ပါလိမ့်မယ်။
    • အသည်းရဲ့ ပြန်လည်ကြီးထွားလာမှုဟာ ချက်ချင်းစတင်ပြီး ၂ပတ်အတွင်း အသည်းက ပုံမှန်အရွယ်အစားနီးပါး ပြန်ဖြစ်သွားမှာပါ။

    ဒါဆို အသည်းတစ်ခြမ်းနဲ့ လူသားတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို လေ့လာကြည့်ရအောင်။

    အသည်းအလှူရှင်တွေဟာ ခွဲစိတ်မှု ပြီးတဲ့နောက် အားနည်းနေသလိုနဲ့ ပင်ပန်းတာကို ခံစားရမှာဖြစ်ပြီး ဆေးရုံမှာ တစ်ပတ်လောက်နေရမှာဖြစ်ပါတယ်။ ခွဲစိတ်ထားတဲ့ ဒဏ်တွေကြောင့် နာကျင်မှုကိုတော့ ခံစားရမှာဖြစ်ပေမဲ့ ကျန်တာ ပုံမှန်ပါပဲ။ အကိုက်အခဲပျောက်ဆေးသောက်မယ်၊ ပေးထားတဲ့ ဆေးတွေကို သေချာ သောက်မယ်၊ ဂရုစိုက်မယ်ဆိုရင် သက်သာသွားမှာပါ။

    ခွဲစိတ်ပြီး တစ်ရက်၊ နှစ်ရက် အတွင်းမှာလည်း ထပြီး လှုပ်ရှားမှု နည်းနည်း လုပ်ဖို့၊ အသက်ရှူလေ့ကျင့်ခန်း လုပ်ဖို့ ဆရာဝန်က တိုက်တွန်းတာတွေ ရှိနိုင်ပြီး ငြိမ်နေလို့ ကြွက်သားအားနည်းတာတွေကို ဒီလို လှုပ်ရှားမှုတွေက လျော့နည်းသွားစေပါတယ်။

    အသည်းလှူတဲ့ ခွဲစိတ်မှုအပြီး ၂ပတ် အကြာမှာ Checkup (စစ်ဆေးမှု) တစ်ခေါက် လုပ်ရမှာဖြစ်ပြီး အသည်းဟာ ပုံမှန်အနေအထားရောက်ဖို့ လျင်လျင်မြန်မြန်ပဲ ကြီးထွားလာပါလိမ့်မယ်။ ပထမ (၂) ပတ်အတွင်းမှာတင်ကို အသည်းက ပြန်လည် ကြီးထွားလာမှာဖြစ်ပြီး သူ့ရဲ့ ကြိုးစားပမ်းစား အလုပ်လုပ်နေမှုကြောင့်ပဲ လှူပြီး ပထမ လအတွင်းမှာ ပင်ပန်းလွန်းသလို ခံစားရမှာ ဖြစ်ပါတယ်။ ၂ပတ် ကနေ ၄ ပတ်အတွင်း အကိုက်အခဲပျောက်ဆေးတွေ လိုအပ်နိုင်ဦးမှာ ဖြစ်သလို ပိုးမဝင်စေဖို့ Antibiotics တွေလည်း လိုအပ်ပါတယ်။

    နေ့စဉ်အတွက် လမ်းလျှောက်လေ့ကျင့်ခန်းနဲ့ အသက်ရှူ လေ့ကျင့်ခန်းတွေ၊ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေက ပြန်ကောင်းလာဖို့ အထောက်အကူ ဖြစ်စေမှာပါ။

    ဒါတွေအပြင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ဆေးရုံမှာ နေနေစဉ်အတွင်း အော့အန်တာ၊ ဖျားတာ  ဒါမှမဟုတ် အသေးစား ပိုးဝင်မှုတွေ ဖြစ်နိုင်ပါတယ်။ ခွဲစိတ်မှု အပြီး ၂လ – ၃လ အလွန်မှာတော့ ပုံမှန်ပြန်ဖြစ်သွားပါပြီ။ များသောအားဖြင့် ရက်သတ္တပတ် ၆ပတ် ကနေ ၈ ပတ်အတွင်း အလုပ်သွားနိုင်ကြပြီဖြစ်ပါတယ်။ လေ့ကျင့်ခန်းလေးတော့ ပုံမှန် လုပ်ပေးဖို့ လိုတာပေါ့နော်။

    Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement