backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဒန့်သလွန်စေ့ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဒန့်သလွန်စေ့ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ဒန့်သလွန်သီးကို ချက်စားမယ်ဆိုပါစို့။ တခြားအသီးတွေလို အစေ့ကိုဖယ်ရတာမဟုတ်၊ အစေ့နဲ့အသားကို အဓိကစားကြတာပါ။ ဒီလိုချက်စားမယ်ဆို နုတဲ့အသီးမှ ရွေးရပါတယ်။ ဒါပေမယ့် ဒန့်သလွန်ပင် ရှိနေတဲ့အိမ်မှာတော့ အသီးအရင့်တွေကို အခြောက်ပဲခံလိုက်တော့တယ်။ မျိုးစေ့ယူရတာကိုး။ ဒီလိုမျိုး မျိုးစုံအသုံးဝင်တဲ့ ဒန့်သလွန်စေ့ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ က ဘာတွေများဖြစ်မလဲ။

ဒန့်သလွန်စေ့ ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

  • သွေးချိုကျစေတယ်
  • ဒန့်သလွန်စေ့ရဲ့ ထင်ရှားတဲ့အာနိသင်တစ်ခုက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်စွမ်းရှိတာပါပဲ။၂၀၁၅ ခုနှစ်က သုတေသနတစ်ခုမှာ ဆီးချိုရှိတဲ့ ကြွက်တွေကို တစ်ရက် ဒန့်သလွန်စေ့ ၅၀-၁၀၀ မီလီဂရမ် ကျွေးခဲ့ရာ အခြေအနေတိုးတက်လာတာကို တွေ့ရပါတယ်။ ဒါက ဆက်လေ့လာဖို့တော့ လိုပါသေးတယ်။

  • ကိုလက်စထရော ကျစေတယ်
  • ဒန့်သလွန်ဟာ ကိုယ်လက်စထရောနဲ့ အဆီဓာတ်တွေနဲ့ပတ်သက်ရင် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့အာနိသင်တွေရှိတယ်ဆိုတာ လူသိများပါတယ်။ ၂၀၀၃ ခုနှစ်က လေ့လာမှုမှာ ယုန်လေးတွေကို ရက် ၁၂၀ ကြာ ဒန့်သလွန်စေ့ (တစ်နေ့ ၂၀၀ မီလီဂရမ်)ကျွေးထားပါတယ်။ လေ့လာမှုရလဒ်အရ သူတို့မှာသွေးတွင်းကိုလက်စထရောနဲ့ triglyceride ပမာဏပိုနည်းလာတာတွေ့ရပါတယ်။ သူတို့ရဲ့ အသည်းနဲ့ နှလုံးမှာလည်း အဆီတွေနည်းလာတာ တွေ့ရပါတယ်။

    • နှလုံးကျန်းမာရေးအတွက်ကောင်းတယ်

    ဒန့်သလွန်စေ့က နှလုံးသွေးကြောစနစ်အတွက် ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ အာနိသင်တွေ ပိုင်ဆိုင်ထားပါတယ်။ ဒါ့ကြောင့်ပဲ သွေးတိုးကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲနှလုံးပြဿနာတွေကို  ကာကွယ်ပေးပါတယ်။

    • ဓာတ်တိုးဆန့်ကျင်အာနိသင်တွေရှိတယ်

    ဒန့်သလွန်စေ့မှာ ရောင်ရမ်းမှုကို လျော့ကျစေနိုင်စွမ်းနဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ အများကြီးပိုင်ဆိုင်ထားတယ်ဆိုတာ လေ့လာတွေ့ရှိထားပါတယ်။

    • ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုတယ်

    ဒန့်သလွန်စေ့က အာရုံစူးစိုက်နိုင်စွမ်းကို ပိုကောင်းစေပြီး ဦးနှောက်ကို ကျန်းမာစေပါတယ်။ ဦးနှောက်အတွက် အကောင်းဆုံးအာဟာရတွေဖြစ်တဲ့ အမိုင်နိုအက်စစ်၊ အိုမီဂါသရီး၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင်အီး တို့အားလုံး ဒန့်သလွန်စေ့မှာပါရှိတယ်ဆိုတော့ ဦးနှောက်ကျန်းမာစေပြီပေါ့။

    • အသည်းကျန်းမာစေတယ်

    ဒန့်သလွန်စေ့က အသည်းထိခိုက်မှုကို လျော့နည်းစေပြီး အသည်းကျန်းမာရေးကို ပိုကောင်းစေပါတယ်။ ဒန့်သလွန်စေ့က အသည်းမာ၊ အသည်းခြောက်ခြင်းကို ကာကွယ်နိုင်ပြီး အသည်းကို ထိခိုက်စေမယ့်အရာတွေကို ကုသပေးနိုင်ပါတယ်။

  • အိပ်လို့ပျော်စေတယ်
  • ဒန့်သလွန်စေ့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်တဲ့အပြင် အိပ်စက်ခြင်းကို အားပေးတဲ့ဟော်မုန်းတွေကို နှိုးဆွပေးနိုင်တဲ့ အမိုင်နိုအက်စစ်တွေ ပါဝင်ပါတယ်။

    • မျက်စိအားကောင်းစေတယ်

    ဒန့်သလွန်စေ့က အမြင်အာရုံအတွက်ကောင်းတဲ့ ဗီတာမင်အေလည်း ပါဝင်မှုမနည်းပါဘူး။ ဒန့်သလွန်စေ့ကို စားသုံးတဲ့သူတွေကို လေ့လာရာမှာ အမြင်အာရုံအားကောင်းတာကို တွေ့ရပါတယ်။

    • သွေးအားကောင်းစေတယ်

    ဒန့်သလွန်စေ့က သံဓာတ်ကြွယ်ဝလို့ သွေးအားနည်းခြင်းကို ကာကွယ်နိုင်၊ အားဖြည့်နိုင်ပါတယ်။ သွေးအားနည်းခြင်းကြောင့်ဖြစ်တဲ့ မောပန်းနေတာ၊ အားနည်းနေတာ၊ ခေါင်းကိုက်တာ၊ အသက်ရှူမဝတာတွေကို သက်သာစေနိုင်ပါတယ်။

    လက်ရှိမှာတော့ ဒန့်သလွန်စေ့က ထုတ်တဲ့ဆေးဝါးတွေ၊ အဆီတွေအများကြီးရှိပါတယ်။ ဆံသားနဲ့ အသားအရေအတွက်ဆို ဒန့်သလွန်စေ့အဆီက သိပ်ကိုအကျိုးများပါတယ်တဲ့။

    ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ

    ဒန့်သလွန်စေ့က ကျန်းမာရေးအတွက် ကောင်းကျိုးများပေမယ့်

    • ရောဂါအခံ ရှိသူတွေ
    • ကိုယ်ဝန်ဆောင်တွေ
    • နို့တိုက်မိခင်တွေ အနေနဲ့ အသုံးမပြုခင်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    သာမန်သူတွေအနေနဲ့လည်း အလွန်အကျွံ အသုံးပြုတာကို ရှောင်ကြဉ်သင့်ပါတယ်။

    ဘာတွေ သတိထားရမလဲ

    ဒန့်သလွန်စေ့က အလွန်အကျွံ  အသုံးပြုမိမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

    ဒန့်သလွန်စေ့က ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် သိပ္ပံနည်းကျ အတည်ပြုဖို့ လိုပါသေးတယ်။ သဘာဝကရတယ်ဆိုပေမဲ့ ဓာတု‌ဗေဒနည်းအရ သန့်စင်ထားတာမျိုး မရှိရင် ဥပါဒ်ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးက ဗဟုသုတအနေနဲ့သာ မျှဝေထားခြင်း ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement