backup og meta

အရပ်အမောင်း နဲ့ ပတ်သက်ပြီးဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရပ်အမောင်း နဲ့ ပတ်သက်ပြီးဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

    အံ့အားသင့်စရာကောင်းတဲ့အချက်တစ်ချက်က လူတော်တော်များများက သူတို့ရဲ့အရပ်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုမရရှိကြပါဘူး။ အချို့က သူတို့ကိုယ်သူတို့ အရပ်အရမ်းမြင့် တယ်၊လို့ယူဆနေကြပြီး အချို့ကသူတို့အရပ် အရမ်းပုလို့ အလိုမကျဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်။ အရပ်ရှည်ခြင်း၊ပုခြင်းက များသောအားဖြင့်တော့ မျိုးရိုး နဲ့ဆိုင်ပါတယ်။ ဘဝနေထိုင်မှုပုံစံနဲ့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကလည်းအနည်အကျဉ်းလောက် သက်ရောက်မှုရှိနေပါတယ်။ ဖြစ်ရပ်တော်တော်များများမှာတော့ကျွန်တော်တို့က အရပ် အတိုင်းအထွာ ကို မပြောင်းလဲနိုင်ပါဘူး။ ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ် ရှိတဲ့အရပ်အတိုင်းနေနေကြရပါတယ်။ အရပ်နဲ့ပတ်သက်ပြီးဖြေရှင်းမှုလေးတွေလုပ်ဖို့လိုအပ် ပါလိမ့်မယ်။ အချက်အနည်းငယ်ပြောပါရစေ။

    ၁။ အရပ်အတိုင်းအတာက ပြဿနာတစ်ရပ် မဟုတ်ဘူးဆိုတာကိုသိထားဖို့လိုပါတယ်။

    အရပ်အမောင်းကြောင့် အနိုင်ကျင့်ဗိုလ်ကျခံရတဲ့ အပေါ်မှာ ပြဿနာကအခြေတည်ပါတယ်။ အရပ်ကြောင့် လူတွေက သင့်ကိုမထီမဲ့မြင် ဆက်ဆံတာကြောင့် ကိုယ့်အရပ်အမောင်းကိုယ် မုန်းနေသလား။ အဖြေကတော့ မဖြစ်သင့်ပါဘူး လို့ ပဲဆိုပါရစေ။ သင့်ရဲ့အတွေးအမြင်ကပဲ လူမှုရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ထင်ဟပ်ပုံဖော်ပေး တာဖြစ်ပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သင်ဟာဘယ်တော့မှစိတ်အလိုကျ ပြီးပြည့်စုံတယ် ရယ်လို့မရှိတာကို သတိထားမိလာပါလိမ့်မယ်။ အရပ်အရမ်းရှည်နေရင်ပဲဖြစ်ဖြစ် ပုနေရင်ပဲဖြစ်ဖြစ် ဝေဖန်နေရတာကိုကြိုက်တဲ့သူတွေက တစ်ခုမဟုတ်တစ်ခုပြောဖို့အကြောင်းအရင်းရှာနေပါလိမ့်မယ်။ အခြားသူတွေရဲ့ စိတ်ခံစားချက် အတိုင်း လိုက်လုပ်နေစရာတော့ မလိုပါဘူး။ သင့်ကို တကယ်ချစ်တဲ့သူက သင်ဘာတွေပဲ ဖြစ်နေဖြစ်နေချစ် မှာပါပဲ။ သင့်ကိုအနိုင်ကျင့်တဲ့သူတွေကို အရေး မစိုက်ကြောင်းပြောရပါမယ်။ ကိုယ်ပုံစံကို ကိုယ်နှစ်ခြိုက်သဘောကျတဲ့အကြောင်းပြသရပါမယ်။ ယုံကြည်ချက်ရှိရှိရှေ့ဆက်ပါ။ ခေါင်းမော့ရင်ကော့ ထားပါ။ မျက်လုံးချင်းဆိုင်ပါ။ လူတွေကိုရှက်ကြောက် နေစရာမလိုပါဘူး။ သင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မိဘတွေ၊ဆရာ၊ဆရာမတွေနဲ့ ကြီးကြပ်သူတွေကိုပြောပြဖို့ တွန့်ဆုတ်မနေပါနဲ့ လိုအပ်ပါက ဥပဒေအရအကာအကွယ်ရယူပါ။

    ၂။ အရပ်အမောင်းကြောင့်စိတ်မညစ်ပါနဲ့။

    အရပ်အနည်းငယ်မြင့်ချင်ရင် ဆရာဝန်နဲ့ ဆွေးနွေးပါ။ သင်ကကြီးထွားနေဆဲအရွယ်လည်းဖြစ်မယ်။ သင့်တင့်တဲ့ အစားအသောက်နဲ့လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးမယ်ဆိုရင် အရပ်လက်မ အနည်းငယ်လောက်ထွက်လာဖို့ဆိုတာ ကဖြစ်နိုင်ပါတယ်။ အရပ်ရှည်ပြီးသား ဆိုရင်တော့လည်း ဆက်လက်မကြီးထွားအောင် လုပ်ဖို့မလိုအပ်ပါဘူး။ အရပ် ရှည်ရှည်၊ပုပု ကိုယ့်ကိုယ်ကို သဘောကျနေဖို့အရေးကြီးပါတယ်။ ဖက်ရှင်မဂ္ဂဇင်းတွေကိုကြည့်ပြီး ကိုယ်နဲ့လိုက်မယ့် အဝတ်အစားတွေကိုရွေးချယ်ပါ။ အရပ်ရှည်တာကို အကျိုးရှိရှိအသုံးချနိုင်မယ့် အားကစား ကလပ်တွေနဲ့ ဆက်သွယ်ပါ။ ခန္ဓါကိုယ် သေးတဲ့သူတွေအနေနဲ့ လည်း gym ဆော့တာ၊ကတာတွေကို လုပ်ဆောင် လို့ရပါတယ်။ အရပ်မြင့်သူတွေအနေနဲ့လည်း ဘတ်စကတ်ဘောနဲ့ ဘောလီဘောတွေကစားလို့ရ ပါတယ်။ ကျန်းမာပျော်ရွှင်စေမယ့် သင့်တော်မယ့် နည်းလမ်းကိုရှာဖွေဖို့ လိုအပ်ပါတယ်။

    ရိုးသားရပါမယ်။ အချိန်ယူပြီး ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ဖို့ကြိုးစားရပါမယ်။ အရပ်အမောင်း နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် အားငယ်ဖို့ မလိုကြောင်းသိထားရပါမယ်။ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးလိုက်ပါ။ အနှေးနဲ့အမြန်ဆိုသလို အဖြေ ထွက်လာပါလိမ့်မယ်။ လူတွေကသင့်ကို စိတ်မသက်မသာဖြစ်အောင် လုပ်ကြပါလိမ့်မယ်။ ဒါတွေကို တုံ့ပြန်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်း ကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး အပျက်သဘော ဆောင်နေသူတွေနဲ့ ခပ်ဝေးဝေးနေဖို့ပဲဖြစ်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement