အရိုးဖွဲ့စည်းမှုတစ်ခုရဲ့မပါမဖြစ် အရွတ်တွဲ( Ligaments) နဲ့ အရွတ်( tendon ) ဘာကွာခြားလဲ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကိုယ်ခန္ဓါတစ်ခုရဲ့ အရိုးဖွဲ့စည်းမှု စနစ်လို့ဆိုလိုက်တာနဲ့ အရွတ်တွဲနဲ့ အရွတ်ကို ချန်ခဲ့လို့မရပါဘူး။ အရွတ်တွဲ ( Ligaments) ဆိုတာ အရိုးအချင်းချင်းဆက်ပေးတာဖြစ်ပြီး အရွတ် ( tendon ) ကတော့ အရိုးနဲ့ ကြွက်သားကိုဆက်ပေးတဲ့ အရာဖြစ်ပါတယ်။ သူတို့နှစ်ခုလုံးကို fibrous connective tissue လို့ခေါ်တဲ့ ကော်လာဂျင်အလွှာထူထူကြီးတွေနဲ့ သိပ်သည်းစွာ ဖွဲ့စည်းထားတာပါ။

collagenous tissues တွေရဲ့ ကျုံ့နိုင်ဆန့်နိုင်အားက ကောင်းနေပေမယ့် အရွတ်တွေအပေါ် ပြင်းထန်တဲ့ ထိခိုက်မှုတစ်ခုခု ရှိခဲ့မယ်ဆိုရင်တော့ အရွတ်ပြဲတာ၊ အရွတ်စုတ်တာလိုမျိုး ဒဏ်တွေ ဖြစ်သွားနိုင်ပါတယ်။

အရွတ်တွဲနဲ့ အရွတ် ဘာကွာခြားလဲ ။ ။

အရွတ်တွဲ ( Ligaments)

အရွတ်တွဲတွေဆိုတာ အရိုးတစ်ခုနဲ့ တစ်ခုကြားက အဆစ်ထဲမှာ အရိုးတွေကိုဆက်ပေးထားတဲ့ အရွတ်တွဲဖြစ်ပါတယ်။ ဒါ့ကြောင့် အရွတ်တွဲကျန်းမာနေမှ အဆစ်အမြစ်တွေ လှုပ်ရှားရတာ လွယ်ကူချောမွေ့မှာပါ။ အဆစ်တွေကို အားပြုသုံးတဲ့ အပေါ်မှာ မူတည်ပြီး အရွတ်တွဲ တွေရဲ့ ပုံသဏ္ဍန်နဲ့ အရွယ်အစားတွေ ကွဲပြားသွားပါတယ်။

အရွတ် ( Tendons)

အရွတ်ဆိုတာ ကြွက်သားနဲ့ အရိုးကြားကို ဆက်သွယ်ပေးထားတဲ့အရာတစ်ခုပါ။ သူ့ရဲ့တာဝန်ကတော့ ကြွက်သားက ထုတ်လိုက်တဲ့ အင်အားကို အရိုးဆီကို လွှဲပြောင်းပေးရတဲ့ တာဝန်ဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် အရိုးတွေရဲ့ လှုပ်ရှားနိုင်အား တာဝန်ယူရတဲ့ အရွတ်ပါ။

သူတို့တွေလည်း ဒဏ်ရာရတတ်ပါတယ် ။ ။

ကိုယ်ခန္ဓါပေါ်က အရာတွေအားလုံး မနိုင်ဝန်ထမ်းရတဲ့အခါမှာ ဒဏ်ဖြစ်တတ်တာ သဘာဝပါ။ ဒီလိုပဲ အရွတ်တွဲတို့ အရွတ်တို့ဟာ တစ်ရှူးဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာကြောင့် သူတို့အားနဲ့ မမျှတဲ့အရာတွေ လုပ်ဆောင်ရတဲ့အခါ ဒဏ်ရာရပြီး စုတ်ပြဲလေ့ရှိပါတယ်။

အရွတ်တွဲ စုတ်ပြဲခြင်း – အရွတ်တွဲစုတ်ပြဲတဲ့ ဒဏ်ရာဟာ ခြေကျင်းဝတ်နဲ့ လက်ကောက်ဝတ်မှာ အများဆုံး ဖြစ်တတ်ပါတယ်။ ခြေချော်ပြီးခေါက်လဲတာတို့၊ အလေးအပင်မလိုက်တဲ့အခါ ဒဏ်ဖြစ်သွားတာမျိုးပါ။ ဒီလို အရွတ်တွဲစုတ်ပြဲသွားတဲ့အခါ အနာပြန်ကျက်ဖို့အတွက် အဆင့် ၃ ဆင့် ရှိပါတယ်။

  • ပထမ အဆင့် – ပြဲသွားတဲ့နေရာမှာ သွေးတွေထွက်လာပြီးသွးခဲခြင်းစတင်ပါတယ်။ စုတ်ပြဲသွားတဲ့ ဒဏ်ကြောင့် တစ်ရှူးတွေ ရောင်ရမ်းခြင်းလည်း ဖြစ်လာပါတယ်။
  • ဒုတိယအဆင့် – inorganic salts, primarily hydroxyapatite and some calcium carbonate, and collagen fiber တို့နဲ့ ဖွဲ့စည်းထားတဲ့ matrix ရယ်၊ ကော်လာဂျင် အရွတ် တစ်ရှူးတွေရယ် ပွားလာပါတယ်။
  • နောက်ဆုံး အဆင့်မှာတော့ – matrix ဟာ နဂိုမူလပုံစံဖြစ်အောင် remodeling သူ့ဘာသာ ပြန်ဖန်တီးယူပါတယ်။ ဒီအဆင့်ကနေ အကောင်းအတိုင်းပြန်ဖြစ်ဖို့ အချိန်တစ်ခုတော့ ယူရပါတယ်။

အရွတ်စုတ်ပြဲခြင်း – အပေါ်မှာပြောခဲ့တဲ့ အတိုင်းပါပဲ။ အရွတ်ဟာ သူမနိုင်တဲ့ဝန်ကို ထမ်းရတဲ့အခါ စုတ်ပြဲတဲ့ ဒဏ်ရာတွေရတတ်ပါတယ်။ ဒီလို အရွတ်စုတ်ပြဲတဲ့ ဒဏ်ရာဟာ ရုတ်တရက်ကြီးဖြစ်လာနိုင်သလို တဖြည်းဖြည်းနဲ့ ဒဏ်ပိပြီးမှ စုတ်ပြဲတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အရွတ်တွဲလိုပဲ အရွတ်ကလည်း စုတ်ပြဲတဲ့ ဒဏ်ရာပြန်ကျက်ဖို့အတွက် အဆင့် ၃ ဆင့်လိုပါတယ်။

  • ပထမ အဆင့် – စုတ်ပြဲသွားတဲ့နေရာမှာ ရောင်ရမ်းခြင်းတွေစတင်ဖြစ်လားပြီး အနာကျက်ခြင်းကို အားပေးဖို့အတွက် သွေးကြောအသစ်လေးတွေ နဲ့ ကော်လာဂျင် တစ်ရှူးအသစ်တွေ အဲဒီနေရာမှာ စပေါ်လာပါတယ်။
  • ဒုတိယအဆင့် – အရွတ်ကို ဖွဲ့စည်းထားတဲ့ reticular fibersတွေ အများကြီးစုလာပြီး
  • နောက်ဆုံးအဆင့်မှာတော့ နဂိုအတိုင်းဖြစ်အောင်remodeling ပြန်လည်ပုံသွင်း အချောသတ်တဲ့ ဖြစ်စဉ်လာပါတယ်။ အသစ်ပေါ်လာတဲ့ ဆဲလ်လေးတွေဟာ fibrous tissue တွေ အဖြစ်ပြောင်းလဲသွားပြီး နောက်ပိုင်း scar-like tendon tissue လို့ခေါ်တဲ့အမာရွတ် ေတွရှိတဲ့ အရွတ်အဖြစ် ပြောင်းလဲဖွဲ့စည်းပါတယ်။

ဒါတွေကတော့ အရိုးနဲ့ ကြွက်သားဖွဲ့စည်းမှု ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ၂ ခုဖြစ်တဲ့ အရွတ်တွဲ နဲ့ အရွတ်အကြောင်း သေချာရှင်းပြထားတာပဲဖြစ်ပါတယ်။ ပုံမှန်ဆိုရင်သူတို့ရဲ့ အရေးပါပုံကို မသိပေမယ့် သူတို့ဒဏ်ဖြစ်တဲ့အခါကျ တော့ လမ်းလျှောက်တာ၊ လှုပ်ရပြုရတာ အင်မတန်မှ အခက်တွေ့ပါတယ်။ ဒါ့ကြောင့် အရိုးနဲ့အဆစ်တွေရဲ့ လှုပ်ရှားမှုချောမွေ့အောင် ပြုလုပ်ပေးတဲ့ အရွတ်နဲ့ အရွတ်တွဲတို့ရဲ့ ကျန်းမာရေးကို သေချာစောင့်ရှောက်ဖို့ အရေးကြီးတာပါ ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဖနောင့်အတက်ထွက်ခြင်းအား ခွဲစိတ်ကုသခြင်း

ဖနောင့်အတက်ထွက်ခြင်းဆိုတာကတော့ ခြေဖနောင့် ဒါမှမဟုတ် ဖဝါးရဲ့အောက်မှာ ကယ်လ်ဆီယမ်ဓာတ်များ စုပုံလာပြီး အရိုးကဲ့သို့ အတက်ဖြစ်လာခြင်းကို ဆိုလိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

Gym ယုံတမ်းစကား ကြွက်သား ကိုယ်အလေးချိန် ကျန်းမာရေး အလှအပ ခန္ဓာကိုယ် ဝက်ခြံ ကျားဟော်မုန်း လိင်အင်္ဂါ လိင်မှုကိစ္စ သုက်လွှတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုဗစ်ကာလမှာ အိမ်မှာနေရင်းဇက်ကြောတက်တာကို ဘယ်လိုကာကွယ်မလဲ

အရိုးအဆစ် လေ့ကျင့်ခန်း ကြွက်သား ကွန်ပျူတာ ဖုန်း အကိုက်အခဲ ဆီးသွား ဇက်ကြောတက် ကိုဗစ် ထိုင်ခုံ ညောင်းကိုက် ခါးကြော ရုံးတက် ညောင်းညာ ခါးညောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 25, 2020 . 2 mins read

အရိုးနဲ့ ကြွက်သားစနစ်မှာ ဘာတွေပါလဲ။

အရိုးနဲ့ ကြွက်သားစနစ်မှာ အရိုး၊ ကြွက်သား၊ အရွတ်၊ အရွတ်တွဲ၊ အာရုံကြော၊ အဆစ်၊ အရိုးနု စတာတွေ ပါဝင်ပါတယ်။ သူတို့တွေ စုပေါင်းထားတာကြောင့် လှုပ်ရှားလို့ရတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာ (Bone Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 11, 2021 . 3 mins read
ခါးနာခြင်း

ခါးနာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 10, 2020 . 3 mins read
အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read