backup og meta

သင့်ရဲ့ လိင်စွမ်းဆောင်ရည်ကို ဒုက္ခပေးမယ့် ဆီးချိုရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရဲ့ လိင်စွမ်းဆောင်ရည်ကို ဒုက္ခပေးမယ့် ဆီးချိုရောဂါ

    သင့်ရဲ့ လိင်စွမ်းဆောင်ရည်ကို ဒုက္ခပေးမယ့် ဆီးချိုရောဂါ ……. အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ကိုယ်ချစ်သူခင်သူနဲ့ အိပ်ယာပေါ် နှစ်ပါးသွားချိန်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်မျိုးနဲ့ စိတ်ကျေနပ်မှုပေးချင်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် သင်တို့ရဲ့ လိင် စွမ်းဆောင်ရည် နဲ့သက်ဆိုင်တဲ့ အိပ်မက်တွေကို ဆီးချိုရောဂါက ဖျက်ဆီးနိုင်တယ်ဆိုတာကို သိပြီးပြီလား။

    သင့်ရဲ့ လိင်စွမ်းဆောင်ရည်ကို ဒုက္ခပေးမယ့် ဆီးချိုရောဂါ

    အမျိုးအစား -၂ ဆီးချိုရောဂါဟာ အမျိုးသားရော၊ အမျိုးသမီးရောရဲ့ လိင် စွမ်းဆောင်ရည် ကို ကျဆင်းစေပါတယ်။ တကယ်လို့ ကိုယ့်မှာ ဆီးချို ဝေဒနာ ရှိနေတယ်ဆိုရင် ဒီအချက်ကို သတိထားသင့် ပါတယ်။

    တစ်ခါတရံ ရုတ်တရက် ကိုယ့်ရဲ့ ချစ်မှုရေးရာ စွမ်းဆောင်ရည် ကျဆင်းလာတာမျိုး၊ အိပ်ယာပေါ်မှာ မစွမ်းတော့တာမျိုးတွေ ကြုံဆုံလာရရင် ဆီးချို ရှိ၊ မရှိကလည်း ထည့်သွင်း စဉ်းစားရမယ့် အချက် တစ်ချက် ဖြစ်ပါတယ်။

    အမျိုးသားရော အမျိုးသမီးပါ သက်ရောက်နိုင်တယ်

    ဟုတ်ပါတယ်။ ဆီးချို ရှိနေရင် အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် လိင် စွမ်းဆောင်ရည် ကျဆင်းသွားနိုင်ပါတယ်။ ဆီးချို ဝေဒနာက သင့်ရဲ့ စိတ်ဆန္ဒ၊ အစွမ်းအစ နဲ့ ကျေနပ်မှုတွေ အားလုံးကို လျော့ပါးသွားစေမှာပါ။

    ဒီလို ဖြစ်စေရတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါ အတိုင်း ပါပဲ။

    • မှီဝဲနေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်
    • အဝလွန်လာတာကြောင့်
    • သွေးဖိအား ကျဆင်းလာတာကြောင့်
    • ခွန်အား နည်းပါးလာတာကြောင့်
    • စိတ်ဓာတ် ကျလာတာကြောင့်
    • ဟိုမုန်း ပြောင်းလဲလာတာကြောင့်
    • စိတ်ဖိစီးမှု၊ ပူပင်သောကတွေကြောင့်
    • ဆီးချိုရောဂါကြောင့် ဖြစ်သော အာရုံကြောရောဂါ (Diabetic Neuropathy) ကြောင့် စတာတဲ့ ပြဿနာတွေကြောင့်ပါပဲ။

    ရှင်းရခက်သော ပြဿနာများ

    ဒီလို စွမ်းဆောင်ရည် ကျဆင်းလာရင် ကိုယ့်ရဲ့ ဆက်ဆံဖော်နဲ့ ဖြေရှင်းရခက်တဲ့ ကိစ္စတွေ ပြောရဆိုရတာ စိတ်မောဖို့ ကောင်းလှပါတယ်။ ဒါပေမယ့် မလွှဲသာမရှောင်သာ ကြုံရဆုံရတတ်တာမို့ ဆီးချို မဖြစ်အောင် ကြိုတင် ကာကွယ်ဖို့ ဦးစွာ ပထမ တိုက်တွန်းပါရစေ။

    ဒီလိုမှမဟုတ်ရင်တော့ စွမ်းဆောင်ရည် နည်းလို့ စိတ်ဓာတ်ကျတာ နဲ့ ဆီးချိုကြောင့် ခန္ဓာကိုယ် ထိခိုက်လာတာ ပေါင်းစပ်ပြီး ပိုမို စိတ်ဓာတ် ကျသွားတာမျိုးတွေ ကြုံဆုံရတတ်တာကြောင့်ပါ။

    မလွှဲသာ မရှောင်သာ ဆီးချိုဝေဒနာ ခံစားနေရပြီး လိင် စွမ်းဆောင်ရည် ကိုလည်း သိသိသာသာ မလျော့ပါးချင်ဘူး ဆိုရင်တော့ဖြင့် အောက်ပါ နည်းလမ်းတွေကို လိုက်နာပြီး ကြိုးစားကြည့်သင့်ပါတယ်။

    • နေ့စဉ် ပုံသေ အချိန် မသတ်မှတ်ထားဘဲ၊ ဆန္ဒ အာသီသ ပြင်းပြလာချိန် စောင့်ဆိုင်းပြီး လိင်ဆက်ဆံတာမျိုး
    • ရေကို အခြေခံပြီး ထုတ်ထားတဲ့ ချောဆီ ပုံမှန် အသုံးပြုပေးတာမျိုး
    • ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ဆေးဝါး မှီဝဲတာမျိုး
    • ဆက်ဆံဖော်ကို ပွင့်ပွင့်လင်းလင်း ကြိုတင်ဖွင့်ပြောထားတာမျိုး
    • ကျန်းမာစွာ နေထိုင်စားသောက်တာမျိုး
    • သင့်လျော်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်း ပြုလုပ်တာမျိုးတွေ ပြုလုပ်ဖို့သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement