backup og meta

ဓမ္မတာချိန် ချစ်တင်းနှောရန် သင့်၊ မသင့်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဓမ္မတာချိန် ချစ်တင်းနှောရန် သင့်၊ မသင့်

     ဓမ္မတာလာချိန် မှာ လိင်ဆက်ဆံခြင်း မပြုလုပ်သင့်ဘူး ဆိုတဲ့ သက်သေအထောက်အထား ယနေ့အချိန်ထိ မရှိသေးပါဘူး။ တချို့စုံတွဲတွေက ကြောက်တတ်ကြသလို တချို့ကတော့ ဓမ္မတာလာချိန် ကာမဆက်ဆံခြင်းဟာ စိတ်ကျေနပ်မှုကို ပိုမိုပေးစွမ်းနိုင်တယ်လို့  ထင်ကြပါတယ်။

    လစဉ်ဓမ္မတာလာချိန်မှာ ချစ်တင်းနှောတာဟာ ကလေးမရနိုင်ဘူးလို့တော့ ယောင်လို့တောင် မထင်လိုက်ပါနဲ့။ ကိုယ်ဝန်ရနိုင်ပါသေးတယ်။ လိင်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ ကူးစက်နိုင်မှုနှုန်းဟာလည်း တခြားအချိန်တွေနဲ့ အတူတူပါပဲနော်။

    ဓမ္မတာလာချိန် မှာ ချစ်တင်းနှောခြင်းရဲ့ အကျိုးကျေးဇူးများ

    ရာသီလာချိန်ဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်မှာ ဇီဝကမ္မဖြစ်ပျက်မှုတွေများတာကြောင့် ဖိုမ ဆက်ဆံတဲ့အခါမှာ ကောင်းတာတွေရှိပါတယ်။

    ကိုက်ခဲမှုသက်သာခြင်း

    ဓမ္မတာလာတယ်ဆိုတာ သားဥအိမ်က ဥကြွေပြီး သားအိမ်နံရံတွေကွာကျတာပါ။ သားအိမ်နံရံ ကွာကျဖို့ရန်အတွက် သားအိမ်ကြွက်သားဟာ ညှစ်ရပါတယ်။ ဒါကြောင့် နာကျင်ရတာပါ။ လိင်ဆက်ဆံ လိုက်လို့ ဆန္ဒပြီးမြောက်ခြင်း (Orgasm)ဟာ နာကျင်ကိုက်ခဲမှုတွေကို ဖြေဖျောက်ပေးနိုင်တယ်လို့ အမျိုးသမီးအများစုက ဖြေထားကြပါတယ်။ ဆန္ဒပြီးမြောက်ချိန်မှာ သားအိမ်ကြွက်သားက ညှစ်ပြီးဖြေလျော့လိုက်တဲ့အတွက် ကြွက်သားတင်းမာမှုတွေ ပျောက်သွားလို့ပါ။ ဒါ့အပြင် လိင်ဆက်ဆံတဲ့အချိန်မှာ ခန္ဓာကိုယ်က ထွက်လာတဲ့ ‘endorphins’ ဆိုတဲ့ ဟော်မုန်းဟာ နာကျင်မှုတွေကို ပြေလျော့သက်သာ စေပါတယ်။

    ဓမ္မတာလာချိန်တိုတောင်းခြင်း

    လိင်ဆက်ဆံမှုဆန္ဒပြီးမြောက်ခြင်း (Orgasm) ဖြစ်ပေါ်နေချိန်မှာ သားအိမ်ကြွက်သားဟာ အကြိမ်ရေများစွာ ညှစ်ရပါတယ်။ ဒီလို ညှစ်ခြင်းကြောင့် သားအိမ်ထဲက ပစ္စည်းတွေ (သားအိမ်နံရံ၊ မမျိုးဥအပိုင်းအစနဲ့ အကျိအချွဲတွေ) ကို အမြန်ဆုံးကုန်သွားစေရန် အားပေးပါတယ်။ ဒါကြောင့် ရာသီလာတဲ့ရက် တိုသွားခြင်းပါ။

    ခေါင်းကိုက်သက်သာခြင်း

    ချစ်တင်းနှောချိန် လှုပ်ရှားမှုတွေဟာ ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါ တယ်။ ‘endorphins’ ဟော်မုန်းထွက်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ချောဆီအနေနဲ့ ဆောင်ရွက်ပေးနိုင်ခြင်း

    စုံတွဲတွေချစ်တင်းမနှောခင်မှာ အမျိုးသမီးဘက်ကမနာကျင်ရအောင်၊ အစစအရာရာ အဆင်ပြေ ချောမွေ့အောင် ရှေ့ပြေးဆောင်ရွက်မှု (Foreplay) လိုအပ်ပါတယ်။ ဒါဟာ မိန်းမကိုယ်မှာ သဘာဝ အတိုင်း အချွဲတွေထွက်လာဖို့ပါ။ ဒီအချွဲရည်တွေဟာ ဓမ္မတာဆက်ဆံရာမှာ ပိုမိုလွယ်ကူစေပါတယ်။ ကြွက်သားတွေပြဲထွက်မှုကိုလည်း  ကာကွယ်ပေးနိုင်ပါတယ်။ ဓမ္မတာလာချိန်မှာတော့ သွေးဆင်းနေတဲ့အတွက် မိန်းမကိုယ်ဟာ ခြောက်သွေ့မနေဘဲ ချောဆီအနေနဲ့ ရှိနေနိုင်ပါတယ်။

    သတိထားစဉ်းစားစရာများ

    ဓမ္မတာလာချိန်မှာလည်း ကိုယ်ဝန်ရနိုင်ပါတယ်။ ဥကြွေပြီးပြီဆိုပေမယ့် သုက်ပိုးဟာလည်း မွေးလမ်းကြောင်းထဲမှာ (၅)ရက်လောက် နေနိုင်တာကြောင့်ပါ။

    ကလေးမလိုချင်သေးရင်တော့ သန္ဓေတားထားတာ အကောင်းဆုံးပါပဲ။

    ဓမ္မတာလာချိန်ရော သာမန်အချိန်တွေမှာပါ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဟာ လိင်မှ တစ်ဆင့်ကူးစက်တဲ့ရောဂါတွေ ဖြစ်ပေါ်လာစေနိုင်တာမို့ ကာကွယ်ချင်ရင်တော့ ကွန်ဒုံးသုံးခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်မှာပါ။ Tampons (ရာသီလာချိန် မိန်းမကိုယ်ထဲထည့်သွင်း အသုံးပြုသော အတောင့်) ကိုတော့ လိင်ဆက်ဆံမှု မပြုလုပ်ခင် ဖယ်ရှားပါ။

    Tampons ကို မေ့လျော့ပြီး မဖယ်ရှားပါက မိန်းမကိုယ်အတွင်းထဲထိ ပိုမိုဝင်ရောက်သွား နိုင်ပြီး ဘက်တီးရီးယားပိုးမွှား ဝင်ရောက်နိုင်ပါတယ်။ မဖယ်မိလိုက်ဘဲ အတွင်းနက်နက်ထိ ဝင်ရောက်သွားပြီ ဆိုရင်တော့ ဆရာဝန်ဆီ သွားရောက်ဖယ်ရှားသင့်ပါတယ်။

    ကြိုတင်ပြင်ဆင်ပါ။

    ဓမ္မတာလာချိန်မှာ လိင်ဆက်ဆံမှုကို မရှောင်လွှဲနိုင်လောက်ဖူးလို့ ထင်ရင်တော့ အစကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပါ။

    ပမာဏနည်းတဲ့နေ့တွေမှာ စဉ်းစားပါ

    (၃)ရက်မြောက်နေ့ကနေ (၅)ရက်မြောက်နေ့အထိဟာ ပမာဏနည်းသွားတတ်ပြီမို့ ဒီလိုနေ့ တွေမှာ လိင်ဆက်ဆံမှု ပြုနိုင်ပါတယ်။သွေးဆင်းမှုကို နည်းစေပါတယ်။

    ‘Menstrual Cup’ ဓမ္မတာလာချိန် မိန်းမကိုယ်ထဲထည့်ရတဲ့ ခွက်မျိုးကိုအသုံးပြုနိုင်ပါတယ်။

    Tampon တွေ Sanitary pad တွေထက် ပိုကောင်းပါတယ်။ ‘Menstrual cup’ ဟာ သားအိမ်ကသွေးတွေကို စုဆောင်းထားတဲ့အတွက် မိန်းမကိုယ်ဟာ သန့်ရှင်းနေမှာပါ။

    ပြန်လည်အသုံးပြုနိုင်တဲ့ ‘Menstrual Cup’တွေကို လိင်ဆက်ဆံပြီးတာနဲ့ ထုတ်ယူပြီး ပြန်လည်သန့်စင်အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အချို့ အမျိုးသမီးတွေဟာ ဒီနည်းလမ်းကို မကြိုက်ကြပါဘူး။ မိန်းမကိုယ်လမ်းကြောင်းထဲ ပြည့်နှက်နေတယ်လို့ ခံစားရပြီး ပိုနာလို့ပါတဲ့။ Menstrual cup ဟာ ကိုယ်ဝန်ကို မတားဆီးပေးနိုင်တာကိုလည်း သတိ ချပ်စေချင်ပါတယ်။

    တဘက် တစ်ရှူးတို့ကိုတော့ အရန်သင့်အနားမှာဆောင်ထားပါ။

    လိင်ဆက်ဆံမှုမပြုလုပ်ခင်မှာ အိပ်ရာခင်းတွေ၊ ခေါင်းအုံးတွေ စွန်းထင်းပေကျံမှုမရှိစေရန် Towels ခင်းထားနိုင်ပါတယ်။ Tissue ကတော့ လိင်ဆက်ဆံမှုအပြီးမှာ သန့်စင်ဖို့ပါ။ ရေနဲ့ သန့်စင်ရင်တော့ ပိုကောင်းပါတယ်။

    အနေအထားဟာ သင့်တော်ပါစေ

    ဓမ္မတာလာချိန်မှာ အမျိုးသမီးကိုလဲလျောင်းတဲ့ အနေအထားနဲ့ ဆက်ဆံစေတာ အကောင်းဆုံးပါ။ သွေးဆင်းမှုကို နည်းပါးစေလို့ပါ။ သားအိမ်ခေါင်းဟာ ပို၍အောက်ရောက်ပြီး ထိလွယ်ရှလွယ်တာကိုလည်း သတိထားပါ။ နာကျင်မှုရှိလာရင်တော့ ပါတနာကို ပြောပါ။ ညင်ညင်သာသာဆက်ဆံပါစေ။

    ရေချိုးရင်း ဆက်ဆံမှုပြုလုပ်နိုင်ပါတယ်။ (Shower Sex)

    ရေပန်းအောက်က ချစ်တင်းနှောခြင်းဟာ သွေးဆင်းတာကို အလိုလိုသန့်စင်စေနိုင်ပြီး ပေကျံမှုတွေကို လျော့ချပေးနိုင်ပါတယ်။

    ရှေ့ပြေးလှုံ့ဆော်မှုတွေကို ပြန်စဉ်းစားပါ။

    သာမန်အချိန်တွေအတွက် Foreplay ဟာ ကောင်းပေမယ့် ဓမ္မတာလာနေချိန်မှာတော့ ညစ်ပတ်ပေရေ စေနိုင်တာမို့ တခြားနည်းလမ်းတွေကို စဉ်းစားကြည့်ပေးပါ။ Oral Sex – ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကို အမျိုးသမီးဘက်မှသာ ပြုလုပ်ပေးသင့်ပါတယ်။ Menstrual cup ထည့်ထားရင်တော့ အမျိုးသားဘက်မှလည်း ပြုလုပ်နိုင်ပါ တယ်။ အခြားနိုင်ငံတွေမှာတော့ ‘Dental Dans’ လို့ခေါ်တဲ့ သွားဆရာဝန်တွေ သွားနှုတ်ရာ၊ သွားခံတွင်းဆိုင်ရာပြုလုပ်ချက်တွေမှာ အသုံးပြုကြတဲ့ ရာဘာစကို သုံးစွဲနိုင်ပါတယ်။ Dental Dams ကို လိင်ဆက်ဆံ မှုမှာ ပါးစပ်နဲ့ မိန်းမကိုယ်(သို့) စအိုအကြား တစ်ဆင့်ခံအသုံးပြုနိုင်ပါတယ်။ ပေကျံမှုတွေကို ကာကွယ်ပေး နိုင်တဲ့အပြင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါပိုးတွေကိုလည်း အတော်အသင့် ကာကွယ်ပေးနိုင်ပါသေး တယ်။

    ဓမ္မတာလာချိန် ဆက်ဆံမှုပြုလုပ်ရမှာကို ကြိုက်တဲ့သူရှိသလို မကြိုက်သူလည်း ရှိမှာပါပဲ။ ဒါကြောင့် ပါတနာ နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ထားပါ။ ဘာသာတရားတွေ၊ နိုင်ငံနဲ့လူမျိုးရေး အလေ့အထအချို့မှာလည်း ဒါကို လက်မခံထားတာတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် နှစ်ဦးနှစ်ဖက်ရဲ့ ခံစားမှုတွေ ယုံကြည်မှုတွေကို အလေးထားခြင်းသာ အကောင်းဆုံးပါ။ မိမိရဲ့ပါတနာနဲ့အတူ စိုးရိမ်မှုတွေ၊ ဘယ်လိုခံယူထားသလဲဆိုတာတွေနဲ့ သဘောထားတွေကို အရင်ဆုံးမေးမြန်းသင့်ပါတယ်။ အကောင်းနဲ့ အဆိုးဟာ ဒွန်တွဲနေတဲ့အလျောက် မိမိတို့ချစ်သူစုံတွဲ အချင်းချင်းညှိနှိုင်းတိုင်ပင်ပြီး အကောင်းဆုံးဖြတ်သန်း လိုက်ပါ။

    ရေးသားသူ-ဒေါက်တာမှူးခင်

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement