ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ ဆိုတာကို သိချင်နေပြီလား! ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။
ပန်းနာရင်ကျပ် (Asthma)
ပန်းနာရင်ကျပ်ဆိုတာကလေပြွန်ကျဉ်းမြောင်း၊ရောင်ရမ်းပြီး ချွဲသလိပ်တွေအများကြီးဖြစ်နေတဲ့ အခြေအနေတစ်ရပ်ပါ။ ဒီအခြေအနေက အသက်ရှုရခက်စေပြီးချောင်းဆိုးတာ၊ အသက်ရှုပြတ်တောင်းပြတ်တောင်းဖြစ်တာ နဲ့ အသက်ရှုတဲ့အခါ တရွှီရွှီမြည်တာမျိုးတွေဖြစ်နိုင်ပါတယ်။
ပန်းနာရင်ကျပ်ရောဂါက အချို့သူတွေအတွက်တော့ အသေးစားကျန်းမာရေးပြဿနာလို့ ဆိုနိုင်ပေမယ့် အချို့သူတွေအတွက်ကတော့နေ့စဉ်လုပ်ဆောင်မှုတွေကိုပါထိခိုက်တဲ့အထိဖြစ်စေနိုင်သလို အသက်အန္တရာယ်ကိုပါဖြစ်စေနိုင်ပါတယ်။
ပန်းနာရင်ကျပ်ရောဂါကို အမြစ်ပြတ်ပျောက်ကင်းသွားအောင် မကုသနိုင်ပေမယ့်ရောဂါလက္ခဏာတွေကိုတော့ ထိန်းချုပ်လို့ရပါတယ်။ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာတွေဖြစ်ပေါ်ပုံက တစ်ချိန်နဲ့တစ်ချိန်မတူနိုင်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့ပြသပြီး သင့်တော်တဲ့ ကုသမှုကိုခံယူနိုင်ဖို့ကအရေးကြီးပါတယ်။သေချာဂရုစိုက်နေထိုင်မယ်ဆိုရင် ပန်းနာရင်ကျပ်ဝေဒနာသည်တွေကလည်း သာမန်လူတွေလိုပဲ ကျန်းကျန်းမာမာနေထိုင်မှာပါ။
ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ
ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ ဆိုတာကို ဆက်ကြည့်လိုက် ပါဦးနော်။
ပန်းနာရင်ကျပ်ဝေဒနာရဲ့ လက္ခဏာတွေက
ပန်းနာရင်ကျပ်ရောဂါ လက္ခဏာတွေက လူတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ဒါပေမယ့် ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူတွေမှာ အခုလိုလက္ခဏာတွေကတော့ပြသနိုင်ပါတယ်။
- အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်မယ်
- ရင်ဘတ်ထဲက တင်းတင်းကျပ်ကျပ်ကြီးဖြစ်နေမယ်
- ရင်ဘတ်အောင့်မယ်
- အသက်ရှုတစ်ချက်တစ်ချက်ရပ်သွားတာကြောင့်ကောင်းကောင်းအိပ်မပျော်တာမျိုးဖြစ်မယ်
- အသက်ရှုတဲ့အခါ တရွှီရွှီမြည်နေမယ်
- အအေးမိတာ၊ တုပ်ကွေးဖြစ်တဲ့အခါချောင်းဆိုးတာက အခြားသူတွေထက် ပိုဆိုးမယ်
- အသက်ရှုလမ်းကြောင်းပိုးဝင်တဲ့အခါ ပုံမှန်ထက်ပိုပြီး ပြင်းပြင်းထန်ထန်ခံစားရတာ
- အသက်ရှုရခက်လာတာ
ပန်းနာရင်ကျပ် အမျိုးအစားတွေက
ပန်းနာရင်ကျပ်ဝေဒနာရှိကြတာချင်းတူပေမယ့်ရောဂါကို စတင်ဖြစ်ပေါ်စေတဲ့ အခြေအနေချင်းတော့မတူပါဘူး။
Exercise-induced asthma(လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကျပ်ရောဂါ) – ပတ်ဝန်းကျင်လေထုကအေးမြခြောက်သွေ့တဲ့အခါ ပိုဆိုးနိုင်ပါတယ်။
Occupational asthma ( လုပ်ငန်းခွင်အခြေအနေကြောင့်ဖြစ်သောပန်းနာရင်ကျပ်ရောဂါ)- အလုပ်ခွင်မှာနေ့စဉ်ထိတွေ့နေရတဲ့ ဓါတ်မတည့်မှုဖြစ်စေတဲ့ ပစ္စည်းတွေ၊ အနံ့တွေ၊ သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ ဖုန်မှုန့်တွေနဲ့ထိတွေ့မှုကြောင့်ဖြစ်နိုင်ပါတယ်။
Allergy-induced asthma (ဓါတ်မတည့်တဲ့အရာတွေကြာင့်ဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါ) –လေထုထဲမှာပါလာတဲ့ ဓါတ်မတည့်တဲ့ပစ္စည်းတွေ – ဝတ်မှုန်၊ ဖုန်မှုန့်တွေ နဲ့တိရစ္ဆာန်အမွှေးတွေနဲ့ ထိတွေ့မှုကနေတဆင့် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ပါတယ်။
ပန်းနာရင်ကျပ်ရှိရင်ဆောင်ရရှောင်ရမယ့် အစားအစာတွေက
အစာလည်းဆေး၊ဆေးလည်းအစာဆိုတဲ့စကားအတိုင်း ပန်းနာရင်ကျင်ရောဂါရှိသူတွေအနေနဲ့ အစားအသောက်ကို ဂရုတစိုက် စားသုံးမယ်ဆိုရင်လည်းရောဂါဝေဒနာကနေ သက်သာမှာ အသေအချာပါ။
စားသုံးပေးသင့်တဲ့ အစားအစာတွေက –
- Carotenoid ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ဘယ်ရီသီး၊ ကန်စွန်းဥ၊ မုန်လာဥနီ နဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းရွက်တွေ
- Folate ပါဝင်မှုများတဲ့အစားအသောက်တွေဖြစ်ကြတဲ့ အစိမ်းရောင် ဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ အခွံမာသီးအမျိုးမျိုး
- ဗီတာမင် C ကြွယ်ဝတဲ့အစားအစာတွေဖြစ်ကြတဲ့ အချဉ်ဓါတ်ရှိတဲ့ အသီးတွေ၊ ဘယ်ရီသီးတွေ၊ အစိမ်းရောင်အရွက်တွေ
- ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ကြတဲ့ အခွံမာသီးတွေ၊ အစေ့အဆန်တွေ၊ ဟင်းသီးဟင်းရွက်ဆီတွေ
- မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့အစားအစာတွေဖြစ်ကြတဲ့ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ ကိုးကိုးစေ့
- ပန်းဂေါ်ဖီ၊ဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း လိုမျိုး အစားအစာတွေ
- ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အစားအစာတွေဖြစ်ကြတဲ့ ကြက်သွန်ဖြူ။ ကြက်သွန်နီ၊ မုန်ညှင်းစေ့
- နို့နဲ့နို့ထွက်ပစ္စည်းတွေ
- အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ
- Omega – 3 ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေနဲ့ ဗီတာမင် B5 ပါဝင်တဲ့အစားအစာတွေကို စားသုံးပေးလို့ရပါတယ်။
ပန်းနာရင်ကျပ်ရှိရင်ဒါတွေကိုရှောင်ပါ
ကြော်ထားတဲ့အစားအစာတွေ၊ အဆီများတဲ့အစားအစာ။ အချိုကဲတဲ့အစားအစာ၊ အသင့်စားအစာအစာတွေ၊ပြုပြင်ထားတဲ့ အသားတွေ၊ တာရှည်ခံဆေးတွေ၊ မှိုသတ်ဆေး နဲ့ ဓါတုဗေဒဆိုးဆေးပါဝင်နေတဲ့ အစားအစာတွေ၊ စားအုန်းဆီပါဝင်ပြုလုပ်ထားတဲ့ အစားအစာတွေကိုတော့ မစားဖို့ပြောပါရစေ။
[embed-health-tool-bmi]