၂၀၀၀ခုနှစ်နောက်ပိုင်း ကမ္ဘာကိုကိုင်လှုပ်ခဲ့သော ကူးစက်ရောဂါ များ

ရေးသားသူ

ဟိုးအရင်ကတည်းက ကမ္ဘာပေါ်မှာ လူတွေကို အစုလိုက် အပြုံလိုက် သေစေခဲ့တဲ့ ကူးစက်ရောဂါ တွေ အများကြီးရှိပါတယ်။ အခုအခါမှာ ကိုရိုနာဗိုင်းရပ်စ်ကလည်း အဖြစ်များနေတဲ့အတွက် ၂၀၀၀ခုနှစ်ကစပြီးတော့ ကမ္ဘာမှာဖြစ်ခဲ့တဲ့ လူအများကြီးကို သေစေတဲ့ ရောဂါတွေနဲ့နှိုင်းယှဉ်ပြီး ပြောပြသွားပါမယ်။

၂၀၀၃ ဆားစ်ရောဂါ (SARS)

  • SARSရောဂါဟာ ယခုလက်ရှိဝူဟန်ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲပါ။ SARS-CoVလို့ခေါ်ပါတယ်။
  • ၂၀၀၂ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ တရုတ်နိုင်ငံ ဂွမ်ဒေါင်းမြို့မှာ စတွေ့ခဲ့ပါတယ်။ ကြောင်ကတိုးကနေစပြီးကူးစက်ခဲ့ပါတယ်။
  • လူလူချင်းလည်းကူးစက်ပါတယ်။ အသက်ရှူလမ်းကြောင်းကနေရော မစင်ကနေပါကူးစက်ပါတယ်။
  • ၂၀၀၂ခုနှစ် နိုဝင်ဘာ ၁ရက်နေ့မှ ၂၀၀၃ခုနှစ် ဇူလိုင်လ ၁၁ရက်နေ့အထိ တင်ပြချက်များအရ နိုင်ငံပေါင်း ၂၉နိုင်ငံကို ပျံ့နှံ့သွားပြီး လူပေါင်း၈၀၀၀ကျော် ကူးစက်ခံရပါတယ်။ လူပေါင်း၈၀၀ခန့်လည်း သေဆုံးခဲ့ပါတယ်။ သေနှုန်း case fatality rateကတော့ ၉.၆ရာခိုင်နှုန်းပါ။ အခုထက်ထိ ကာကွယ်ဆေးမရှိသေးပါဘူး။

၂၀၀၉ ဝက်တုပ်ကွေး

  • ဝက်တုပ်ကွေးဆိုတာ H1N1ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ သူ့မတိုင်ခင်ကတော့ ရာသီတုပ်ကွေးကြောင့် လူတွေအများကြီးသေရမယ်လို့ ဘယ်သူမှ တွေးမိမှာမဟုတ်ပါဘူး။ သာမန်ရာသီတုပ်ကွေးပိုးနဲ့မတူတဲ့အတွက် သူ့ကို H1N1pdm09ဗိုင်းရပ်စ်လို့ခေါ်ပါတယ်။
  • ၂၀၀၉ နွေဦးရာသီမှာ မြောက်အမေရိကမှာ စတွေ့ခဲ့တဲ့ ဒီရောဂါဟာ သိပ်မကြာခင်မှာပဲ ကမ္ဘာအနှံ့ကိုပျံ့နှံ့သွားပြီး ၂၀၀၉ ဇွန်လမှာတော့ WHOက pandemic (ကမ္ဘာလုံးဆိုင်ရာ)ပျံ့နှံ့မှုအဖြစ်ကြေငြာလိုက်ရပါတယ်။
  • ဝက်တုပ်ကွေးလို့ခေါ်ရတာက ဝက်တွေမှာစတွေ့လို့ပါ။ ငှက်တွေ၊ လူတွေမှာဖြစ်တဲ့ တုပ်ကွေးပိုးကနေ မျိုးဗီဇပြောင်းပြီး ဝက်တွေမှာပြန်တွေ့ရလို့ပါ။
  • လူလူချင်းကူးစက်ပုံတော့ နှာချေချောင်းဆိုးလို့ ထွက်လာတဲ့အမှုန်အမွှားတွေကို ရှူမိတာ၊ အမှုန်အမွှားတွေပေနေတဲ့ ပစ္စည်းတွေကို ထိမိပြီး နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံးကို ကိုင်မိရာက ကူးစက်တတ်ပါတယ်။ ဝက်တုပ်ကွေးဆိုပေမယ့် ဝက်သားစားရာက ကူးစက်တာ မဟုတ်ပါဘူး။
  • ၂၀၀၉ ဇွန်လအထိ တင်ပြချက်များအရ နိုင်ငံပေါင်း၇၄နိုင်ငံကို ပျံ့နှံ့ခဲ့ပြီး လူပေါင်း၂၀၃,၀၀၀သေဆုံးခဲ့ပါတယ်။သေနှုန်း case fatality rateကတော့ တစ်ကမ္ဘာလုံးမှာရောဂါဖြစ်ပွားနှုန်းနဲ့ တွက်ရင် ၀.၀၀၁-၀.၀၀၇ရာခိုင်နှုန်းပါ။

၂၀၁၂ မားစ်ရောဂါ

  • မားစ်ရောဂါဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး MERS-CoVလို့ခေါ်ပါတယ်။
  • ၂၀၁၂ခုနစ် အရှေ့အလယ်ပိုင်းဒေသမှာ စတွေ့ခဲ့ပြီး ကုလားအုတ်ကနေ စတင်ကူးစက်ပါတယ်။
  • တိရစ္ဆာန်ကနေ လူကိုကူးစက်ပုံကိုတော့ သေချာမသိပေမယ့် ကုလားအုတ်ကနေကူးစက်တယ်လို့ ယူဆပါတယ်။ လူလူချင်းကတော့ အသက်ရှူလမ်းကြောင်းကနေတဆင့်(နှာချေ ချောင်းဆိုး)ကူးစက်တတ်ပါတယ်။ နောက်ပြီး ရောဂါပိုးရှိသူနဲ့ အနီးကပ်နေရာကလည်း ကူးစက်တတ်ပါတယ်။
  • ၂၀၁၉ နိုဝင်ဘာလကုန်ထိ ထုတ်ပြန်ချက်အရ ရောဂါပိုးရှိသူ ၂၄၉၄ရှိပြီး သေဆုံးသူ ၈၅၈ယောက်ပါ။ သေနှုန်း case fatality rateကတော့ ၃၄.၄ရာခိုင်နှုန်းပါ။ အခုထက်ထိ ကာကွယ်ဆေးမရှိသေးပါဘူး။

၂၀၁၄ အီဘိုလာ

  • အီဘိုလာရောဂါဟာ အီဘိုလာဗိုင်းရပ်စ်ကြောင့် ဖြစ်ပါတယ်။ ၁၉၇၆ကနေ ၂၀၁၈ခုနှစ်အထိ ပေါ်လိုက်ပျောက်လိုက်ပါပဲ။ အဆိုးဆုံးကတော့ ၂၀၁၄မှာဖြစ်ခဲ့တာပါ။
  • ၂၀၁၄မတ်လလောက်မှာ အနောက်အာဖရိကမှာ စတွေ့ခဲ့ပါတယ်။ လင်းနို့တွေ၊ လူဝံတွေ၊ မျောက်တွေကနေ ကူးစက်ပါတယ်။
  • လူလူချင်းကူးစက်ပါတယ်။ ရောဂါပိုးရှိသူ ဒါမှမဟုတ် သေဆုံးသူရဲ့ သွေး၊ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေကို ကိုင်တွယ်မယ်၊ ရောဂါပိုးရှိသူရဲ့ အသုံးအဆောင်ပစ္စည်းတွေကိုကိုင်မိမယ်ဆိုရင် ကူးပါတယ်။
  • ၂၀၁၄ မတ်လမှ ၂၀၁၆ ဇွန်လ ၁၀ရက်နေ့အထိ တင်ပြချက်များအရ အီဘိုလာဟာ ကမ္ဘာ့နိုင်ငံတော်တော်များများကို ပျံ့နှံ့ခဲ့ပြီး လူပေါင်း ၂၈၆၁၆ကူးစက်ခံရကာ ၁၁၃၁၀သေဆုံးခဲ့ပါတယ်။ သေနှုန်း case fatality rateကတော့ ၅၀ရာခိုင်နှုန်းပါ။ ၂၀၁၅က ကာကွယ်ဆေးထွင်ခဲ့ပေမယ့် ဆက်လက်လေ့လာမှုကို လုပ်ရပါဦးမယ်။

၂၀၁၅ ဇီကာရောဂါ

  • ဇီကာရောဂါက ဇီကာဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။
  • ၂၀၁၅နှစ်ဦးပိုင်းမှာ ဇီကာရောဂါepidemicဖြစ်ခဲ့ပါတယ်။ ဘရာဇီးကစပြီး ကမ္ဘာ့နိုင်ငံအတော်များများကို ပျံ့နှံ့သွားပါတယ်။
  • Aedesခြင်ကိုက်ရာကဖြစ်ပါတယ်။ နေ့ရောညပါကိုက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသားကို ကူးစက်နိုင်ပြီး မွေးလာတဲ့ကလေးမှာ ချိုယွင်းချက်ပါနိုင်ပါတယ်။ လိင်ဆက်ဆံရာကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။ သွေးသွင်းရာကနေကူးစက်နိုင်ပေမည့် အတိအကျတော့ မပြောနိုင်သေးပါဘူး။
  • ဇီကာရောဂါက သေနှုန်းနည်းပေမယ့် ဘရာဇီးနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ကြောင့် မွေးရာပါဦးခေါင်းသေးတာက ၈.၃ရာခိုင်နှုန်းရှိပါတယ်။ ဇီကာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိ​သေးပါဘူး။

၂၀၁၉ နိုဗယ်ကိုရိုနာ အဆုတ်ရောင်ရောဂါ

  • ဒီအဆုတ်​ရောင်ရောဂါက ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး 2019n-CoVလို့ခေါ်ပါတယ်။
  • ၂၀၁၉နှစ်ကုန်ပိုင်း​လောက်က တရုတ်နိုင်ငံ ဝူဟန်မြို့မှာစတွေ့ပြီး လင်းနို့ကနေစတင်ကူးစက်တယ်လို့ ယူဆကြပါတယ်။
  • လူလူချင်းကူးစက်တာကိုလည်း တွေ့နေရပါတယ်။ ကူးစက်ပုံကို သေချာမပြောနိုင်သေးပေမယ့် အရင်ကိုရိုနာဗိုင်းရပ်စ်တွေလိုပဲ ချောင်းဆိုးနှာချေရာက ဗိုင်းရပ်စ်ပိုးတွေ လေထဲကတဆင့် အသက်ရှူလမ်းကြောင်းကို တိုက်ရိုက်ကူးစက်တာ၊ ပစ္စည်းတွေမှာ ကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ထိတွေ့မိရာက ကူးတယ်လို့ ယူဆပါတယ်။
  • ၂၀၂၀ ဇန်နဝါရီ ၂၇အထိ ထုတ်ပြန်ချက်များအရ တရုတ်အပါအဝင် နိုင်ငံပေါင်း၁၃နိုင်ငံကိုပျံ့နှံ့သွားပြီး ကူးစက်သူ ၂၈၁၁၊ သေဆုံးသူ၈၀ပါ။ သေဆုံးသူအားလုံးမှာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။ အခုထိ ကာကွယ်ဆေးမရှိသေးပါဘူး။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဇန်နဝါရီ 27, 2020 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 27, 2020

ပုံစံတူသောဆောင်းပါးများ
ကျန်းမာစွာနေထိုင်ခြင်း, ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ
ဝူဟန်ကိုရိုနာ ရောဂါဖြစ်စဉ် အချိန်ဇယား
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ လက်သန့်ဆေးရည်နဲ့ လက်ဆေးတာ စိတ်ချရပါ့မလား
ကျန်းမာစွာနေထိုင်ခြင်း, ကျန်းမာခြင်းနည်းလမ်းများ
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ လက်သန့်ဆေးရည် နဲ့ လက်ဆေးတာ စိတ်ချရပါ့မလား
နှာခေါင်းစည်း တပ်ထားရုံနဲ့ ဝူဟန် ကာကွယ်ဖို့လုံလောက်ပြီလား
ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ, ကျန်းမာရေးစင်တာ
နှာခေါင်းစည်း တပ်ထားရုံနဲ့ ဝူဟန် ကာကွယ်ဖို့လုံလောက်ပြီလား
ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံ
ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ, ကျန်းမာရေးစင်တာ
ဝူဟန်က ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံကို ရောက်လာခဲ့ရင်
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။