backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

သွားမှာ မတော်တဆ ထိခိုက်မိသွားရင် ဘာတွေလုပ်ရမလဲ

သွားမှာ မတော်တဆ ထိခိုက်မိသွားရင် ဘာတွေလုပ်ရမလဲ
သွားမှာ မတော်တဆ ထိခိုက်မိသွားရင် ဘာတွေလုပ်ရမလဲ

ခန္ဓါကိုယ်က အမာဆုံး အစိတ်အပိုင်း တစ်ခုကို ပြပါဆိုရင် သွားကိုသာ အရင်ဆုံးပြေးမြင်ရလောက်အောင် သွားက ကိုယ်ပေါ်မှာ အမာကြောဆုံး အရာတစ်ခုပါ။ ကိုယ်တို့ စားသမျှ အရာ တွေ မာမာပျော့ပျော့ သူကပဲ မညည်းမညူ ကြိတ်ချေပေးတာပါ။ အစားစားတဲ့ နေရာမှာ သူရှိမှ ဖြစ်တဲ့ သွားလည်းတစ်ခါတစ်ရံ ထိခိုက်မိပြီး ကျိုးတာ၊ပဲ့တာတွေရှိနိုင်ပါတယ်။ ကိုယ်ပေါ်က တခြားနေရာတွေ ထိခိုက်မိရင် အရေးပေါ် ကုသပြုစုနည်းတွေ ရှိပေမယ့် သွားတစ်ခုခုထိခိုက်မိရင်တော့ ဘာလုပ်ရမလဲဆိုတာ သိပ်မသိကြသေးတာကြောင့် ခုပြောပြပေးချင်ပါတယ်။

သွားကို ဘယ်အရာကထိခိုက်စေတတ်တာလဲ

ဘယ်လောက်ပဲ မာတယ်ပြောပြော သွားကလည်း ကျိုးနိုင်၊ ပဲ့နိုင်၊ ပြုတ်ထွက်နိုင်ပါတယ်။ သူ့ဘာသာသူ ကျိုးတယ်ဆိုတာ ကလေးဘဝကသွားအသစ်လဲတဲ့ အချိန်မှာပဲဖြစ်နိုင်ပြီး လူကြီးသွားတွေကတော့ တစ်ခုခုပြင်းပြင်းထန်ထန် ထိခိုက်မိလို့သာ ကျိုးပဲ့ကုန်တာပါ။ သွားကိုထိခိုက်စေတတ်တာတွေကတော့

  • သွားထက်မာတဲ့ အရာတစ်ခုကို သင်စားမိလိုက်လို့ သွားပဲ့သွားတာ
  • ရန်ဖြစ်ရင်း အထိုးခံရလို့ သွားကျိုးတာ
  • ချော်လဲတာ
  • မတော်တဆ ယာဉ်တိုက်မှုဖြစ်ပြီး သွားပြုတ်ထွက်ကုန်တာ
  • သွားပိုးစားတာတွေ ပဲဖြစ်ပါတယ်။

သွားကျိုးသွားပဲ့ဖြစ်တာကို ဘယ်လိုသိနိုင်လဲ။ ။

သွားပဲ့ပြီဆို အကုန်ပြုတ်သွားတာ မဟုတ်တဲ့အတွက် နာတော့မနာပါဘူး။ ဒါပေမယ့် ပဲ့လို့ကျန်ခဲ့တဲ့ အပိုင်းလေးက လျှာကို ထိထိမိနေတတ်တာကတော့ စိတ်အနှောင့်အယှက်ဖြစ်စရာပဲလေ။ သွားတစ်ချောင်းလုံးပြုတ်ထွက်သွားရင်တော့ သွေးတွေအများကြီးထွက်ပြီး တော်တော့်ကိုနာပါတယ်။ သွားစိလို့ ဖိလိုက်မိတဲ့ အခါ သွားအောက်မှာရှိတဲ့ အာရုံခံအကြောလေးတွေကိုလည်း သွားထိခိုက်မိတဲ့ အတွက် နာကျင်တာ၊ကိုက်ခဲတာတွေဖြစ်ပြီး အစားလည်းကောင်းကောင်းမစားနိုင်တော့ပါဘူး။

သွားကျိုး သွားပဲ့ပြီဆို သွားဆရာဝန်ဆီ မသွားခင် သင်ဘာတွေ လုပ်ထားသင့်သလဲ။ ။

သွားနဲ့ ပတ်သက်ရင် သိပ်မသိကြတဲ့ အတွက် သွားကို ထိခိုက်မိရင် ဘာလုပ်ရမလဲဆိုတာ မသိဖြစ်နေတတ်ပါတယ်။ သွားဆရာဝန်ဆီကတော့သွားကိုသွားရမှာပါ။ ခုပြောပြချင်တာကတော့ သွားဆရာဝန်ဆီ မသွားခင် အိမ်မှာ လုပ်နိုင်တဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်။

အရင်ဆုံး သွားကျိုးရင် လုပ်ရမှာကို ပြောပြပေးချင်ပါတယ်။

သွားကျိုးသွားပြီ ထိခိုက်မိသွားပြီဆိုတာနဲ့

သွားပဲ့ ရင်တော့ နာလည်းမနာ၊သွားကိုပုံမှန်အတိုင်း အသုံးပြုလို့ရနေတတ်တော့ ချက်ချင်း ကြီး သွားဆရာဝန်ဆီကို သွားစရာ မလိုပါဘူး။ တစ်ခုပါပဲ။ ပဲ့သွားလို့ကျန်ခဲ့တဲ့ သွားအပိုင်းလေးက အစာစားရင် လျှာနဲ့ နှုတ်ခမ်းကို ထိခိုက်နိုင်တာကြောင့် နောက်ပိုင်းမှာသွားဆရာဝန်ဆီသွားပြပြီး ပဲ့နေတာလေးကို ပြန်ချောပေးဖို့ တော့လိုပါလိမ့်တယ်။

အမာဆုံးသွားလည်းပဲ ကျိုးနိုင်၊ ပဲ့နိုင် ထိခိုက်နိုင်ပြီး သေချာဂရုမစိုက်ရင် ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်ကိုပါ ထိခိုက်နိုင်တာကြောင့် သွားဆရာဝန်ဆီသွားပြီး သေချာကုသမှု ခံယူသင့်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့ သွားကျန်းမာရေး အတွက် သွားကိုမှန်မှန်တိုက်ေပးတာမျိုး၊ မာတဲ့ ချိုတဲ့ အစားအစာတွေကို လျှော့စားတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Fractured And Broken Teethhttps://www.colgate.com/en-us/oral-health/conditions/dental-emergencies-and-sports-safety/fractured-and-broken-teeth Accessed Date 11.10.2018

First Aid: Teeth Injurieshttps://kidshealth.org/en/parents/tooth-sheet.htmlAccessed Date 11.10.2018

ယခုပုံစံ

04/10/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement