Mers-Cov (ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အရှေ့အလယ်ပိုင်းတွင်စတွေ့ရသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစု )

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Mers-Cov (ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အရှေ့အလယ်ပိုင်းတွင်စတွေ့ရသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစု ) ကဘာလဲ။

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အရှေ့အလယ်ပိုင်းတွင်စတွေ့ရသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစု (MERS) ဆိုသည် မှာ အဆုတ်အတွင်းသို့ ကိုရိုနာ အမည်ရှိဗိုင်းရပ်စ်ပိုး ကူးစက်ဝင်ရောက်ခြင်းဖြစ်ပါသည်။

MERS ရောဂါသည် ၂၀၁၅ ခုနှစ်တွင် ကိုရီးယားနိုင်ငံတွင်ဖြစ်ပွားခဲ့ပြီး ကူးစက်သူ ၁၈၀ အနက် ၃၅ ဦးသေဆုံးခဲ့ရသည်။ ၎င်းရောဂါသည် ကူးစက်ခံရသူများအနက် ၃၆%ကိုသေစေသော်လည်း စိုးရိမ်ကြောက်လန့်စရာမလိုကြောင်း သိပ္ပ္ပံပညာရှင်များက ပြောပါသည်။ အကြောင်းမှာ ထို MERS ရောဂါသည် ရောဂါပိုးရှိသူနှင့် အနီးကပ်နေထိုင်မှ ကူးစက်သောကြောင့်ဖြစ်သည်။

Mers-Cov (ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အရှေ့အလယ်ပိုင်းတွင်စတွေ့ရသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစု ) က ဘယ်လောက်အဖြစ်များသလဲ

MERS ရောဂါသည် အလွန် အဖြစ်များသောရောဂါဖြစ်ပြီး အသက် ၁ နှစ်မှ ၉၉နှစ်အတွင်း အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။

သို့သောရောဂါဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

လက္ခဏာများ

Mers-Cov (ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အရှေ့အလယ်ပိုင်းတွင်စတွေ့ရသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစု ) ရဲ့လက္ခဏာတွေကဘာတွေလဲ

MERS ရောဂါကူးစက်ခံရသူများသည် တခါတရံတွင် ရောဂါလက္ခဏာမပြဘဲနေတတ်ကြသည်။

ရောဂါလက္ခဏာများသည်လည်း ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သောအခြားရောဂါလက္ခဏာများနှင့် တူပါသည်။

  • ဖျားခြင်း
  • ချောင်းဆိုးခြင်း
  • အသက်ရှုမဝခြင်း
  • ပျို့ခြင်း
  • အန်ခြင်း
  • ဝမ်းလျှောခြင်း
  • နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်ခြင်း
  • ချမ်းတုန်ခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ကိုယ်လက်ကိုက်ခဲခြင်းတို့ဖြစ်ပါသည်။

တခါတရံတွင် ကျောက်ကပ် ပျက်စီးခြင်းတို့ဖြစ်နိင်ပါသည်။ အထက်တွင်မဖော်ပြထားသော လက္ခဏာများကျန်နေနိုင်ပါသေးသည်။ ပိုသိလိုသော် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်တွင်ဖော်ပြထားသော လက္ခဏာများရှိပါကဆရာဝန်နှင့်တိုင်ပင်သင့်သည်။

လူတယောက်နှင့် တယောက် ရောဂါ၏တုံပြန်ပုံခြင်းမတူညီသည့်အတွက် မိမိ၏အခြေအနေကို သိရှိကာထိရောက်စွာကုသနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်သင့်သည်။

အကြောင်းရင်းများ

Mers-Cov (ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အရှေ့အလယ်ပိုင်းတွင်စတွေ့ရသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစု ) ကိုဘာတွေကဖြစ်စေသလဲ

MERSရောဂါသည် အဆုတ်အတွင်းသို့ ကိုရိုနာ အမည်ရှိဗိုင်းရပ်စ်ပိုး ကူးစက်ဝင်ရောက်ခြင်းဖြစ်ပါသည်။SARS ရောဂါကဲ့သို့ပင် MERSရောဂါသည် ကာကွယ်ဆေးမရှိပါ။

ရောဂါပိုးသည် အနေနီးသောကြောင့်ကူးစက်ခြင်းဖြစ်ပြီး တိရိစ္ဆာန်မှ လူသို့ကူးစက်နိုင်သလို လူ အချင်းချင်း လည်းကူးစက်နိုင်သည်။ တုပ်ကွးနှင့် အအေးမိခြင်းတို့ကဲ့သို့ လွယ်ကူစွာမပြန့်ဘဲ ကိုရိုနာ ဗိုင်းရပ်စ်သည် ရောဂါရှိနေသောသူနှင့် အတူနေထိုင်ခြင်းနှင့် အနီးကပ် ပြုစုစောင့်ရှောက်ခြင်းတို့ဖြင့် ကူးစက်နိုင်သည်။

ဖြစ်နိုင်ခြေများ

Mers-Cov (ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အရှေ့အလယ်ပိုင်းတွင်စတွေ့ရသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစု ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

MERS ရောဂါကို ဖြစ်စေနိုင်သော အချက်များမှာ

အရွယ်ရောက်ြပ်ီး လြူင်္ကီးများ

ကိုယ်ခံအားနည်းသူများ နှင့် ဆီးချို၊ အဆုတ်ရောဂါကဲ့သို့သော နာတာရှည် ကိုယ်ခံအားနည်းစေသောရောဂါ ခံစားနေရသူများ

ကိုယ်တွင်းအင်္ဂံါအစားထိုးသူများတွင် ကိုယ်ခံအားချပေးသည့် ဆေးများသောက်နေရချိန် တို့ဖြစ်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Mers-Cov (ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အရှေ့အလယ်ပိုင်းတွင်စတွေ့ရသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစု ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဗိုင်းရပ်စ်ပိုး၏ DNA ကိုသိရှိရန် PCR စစ်ရပါသည်။ MERS ရောဂါဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ် ကိုတိုက်ခိုက်သော ပစ္စည်းတမျိုးကို သွေး သို့မဟုတ် အသက်ရှုလမ်းကြောင်းတွင် ရှိမရှိစစ်ဆေးခြင်းကို ပြုလုပ်ရပါသည်။

Mers-Cov (ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အရှေ့အလယ်ပိုင်းတွင်စတွေ့ရသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါစု ) ကို ဘယ်လိုကုသပါသလဲ

ကံဆိုးစွာပင် MERS ရောဂါ ကိုကုရန် ဆေးမရှိသေးပါ။ ခံစားနေရသော ရောဂါ လက္ခဏာများသက်သာရန်နှင့် နောက်ဆက်တွဲဆိုးကျိုးများမဖြစ်စေရန်သာ ကာကွယ်နိုင်သည်။

သင့်ဆရာဝန်က ဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုနှင့် ပက်သက်ပြီး ကာကွယ်နိုင်ရန် လိုက်နာသင့်သည်များကို ရှင်းပြပါလိမ့်မည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် MERS ရောဂါအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်သလဲ။

အောက်ပါ နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကိုပြုလုပ်ခြင်းဖြင့် MERS ရောဂါ ပြန့်ပွားမှုကို ကာကွယ်နိုင်ပါမည်။

  • လက်ဆေးရာတွင် ရေ၊ ဆပ်ပြာတို့ အသုံးပြုကာ စက္ကန့် ၂၀ ခန့်ဆေးကြောခြင်း
  • နှာချေ၊ ချောင်းဆိုးရာတွင် နှာခေါင်းနှင့် ပါးစပ်ကို တစ်သျူးဖြင့်အုပ်ခြင်း၊ အသုံးပြုထားသော တစ်သျူးကို ချက်ချင်း အမှိုက်ပုံးထဲသို့လွှင့်ပစ်ပြီး လက်ဆေးခြင်းပြုလုပ်ပါ။ သင့်တစ်သျူးကို စည်းကမ်းမဲ့စွာပစ်ထားပါက ဗိုင်းရပ်စ်ပိုးများ ကူးစက်နိုင်ပါသည်။
  • အများသုံး တံခါးလက်ကိုင်နှင့် စားပွဲခင်းများကို ပိုးသတ်ခြင်း
  • သင့် မျက်နှာ၊ နှုတ်ခမ်းနှင့် နှာခေါင်းတို့ကို လက်မဆေးဘဲထိခြင်းမှ ရှောင်ကျဉ်ခြင်း
  • ခွက်များ၊ နှင့် အခြားအသုံးအဆောင် ပစ္စည်းများကို မျှဝေသုံးစွဲခြင်းမှရှောင်ကျဉ်ခြင်း စသည်တို့ဖြစ်ပါသည်။

သင် ထပ်သိလိုသည်များရှိသော် ဆရာဝန်နှင့်တိုင်ပင်ကာ ပိုမိုကောင်းမွန်သော အကြံဉာဏ်များရယူနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    အရိုးအဆစ် ဒီလိုဖြစ်ရင် အမြန်ဆုံးကုသသင့်ပါတယ်

    အရိုးအဆစ် ဒီလိုဖြစ်ရင် အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။ မကုသရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပြီး အခန့်မသင့်ရင် အရေးပေါ် ခွဲစိတ်ကုသရနိုင်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Yun Sandi Nan Mon

    ဘူနီယွန် ကြောင့် ခြေမအဆစ်ရောင်ရမ်းကိုက်ခဲခြင်း သက်သာစေမယ့်နည်းလမ်း (၅) ခု

    ဘူနီယွန် ခြေမ အဆစ် အဆစ်နာ ရောင်ရမ်း နာကျင်ကိုက်ခဲခြင်း သက်သာစေမယ့်နည်းလမ်း ကုသမှု ခြေထောက် ခြေဖဝါး အရိုးအဆစ် ဖိနပ် ရေနွေး ရေခဲကပ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ကြက်ညှာချောင်းဆိုးရောဂါ ကူးစက်တဲ့ရောဂါ ကိုယ်အလေးချိန် မေးခိုင် ရောဂါ ဦးနှောက်အမြှေးရောင် ရောဂါလက္ခဏာများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint

    ဒီပရက်ရှင် ဝင်တာ ဂုဏ်ယူစရာ မဟုတ်ပါ

    စိတ်ကျ စိတ်ဓာတ်ကျ ဒီပရက်ရှင် စိတ်ဖိစီးမှု လက္ခဏာ နောက်ဆက်တွဲ ပြဿနာ စိတ်ကျန်းမာရေး ဝမ်းနည်း အထီးကျန် အဆုံးစီရင် အန္တရာယ် ကုသမှု အားပေးမှု

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    သင့်အတွက် ရွေးချယ်ထားသည်

    ခံတွင်းကင်ဆာအကြောင်းသိကောင်းစရာ

    ခံတွင်းကင်ဆာအကြောင်းသိကောင်းစရာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read

    သုက်ထွက်မြန်တဲ့ အမျိုးသားများ ကုသမှုခံယူဖို့ လိုအပ်လာပြီဆိုရင်…

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 3 mins read
    နှလုံးရောဂါ အကြောင်း

    နှလုံးရောဂါ အကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 5 mins read
    နာတာရှည်‌ခြေထောက်သွေးပြန်ကြောရောဂါ ရှိသူတွေအတွက် ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ

    နာတာရှည်‌ခြေထောက်သွေးပြန်ကြောရောဂါ ရှိသူတွေအတွက် ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Yun Sandi Nan Mon
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 2 mins read