backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

တစ်နေ့တာအတွက် အရေးပါတဲ့ မနက်စာကိုဘာတွေစားကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

တစ်နေ့တာအတွက် အရေးပါတဲ့ မနက်စာကိုဘာတွေစားကြမလဲ

ခန္ဓါကိုယ်ကျန်းမာပြီး အားပြည့်နေစေဖို့က အိပ်ရာကနေနိုးလာပြီး မနက် ၉ နာရီမတိုင်ခင်မှာ မနက်စာစားဖို့လိုပါမယ်။ ဒီလိုမှလည်း ခန္ဓါကိုယ်က တစ်နေ့တာလုံးမှာ အားအင်ပြည့်ဝစွာနဲ့ လှုပ်ရှားသွားလာနိုင်မှာဖြစ်ပါတယ်။ ဒီတော့ တစ်နေ့တာအတွက် အရေးပါတဲ့ မနက်စာကို ဘာတွေများစားကြမလဲ။ မနက်စာကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာဖြစ်အောင် ဘာတွေစားမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမျာ ဖတ်ကြည့်လိုက်ပါ။

အကောင်းဆုံးသော မနက်စာ

မနက်ကို အကောင်းဆုံးသောအရာတွေနဲ့စတင်ဖို့ဆိုရင် မနက်စာကိုလည်း ကောင်းမွန်ပြည့်ဝစွာ စီစဉ်တတ်ဖို့လိုပါမယ်။ ဒီတော့ မနက်စာကို ဘာတွေစားမလဲ…

မုန့်ဟင်းခါး – ငါး၊ ဆန်မှုန့်၊ ပဲမှုန့်တို့နဲ့ အဓိကချက်ထားပြီး ဆန်ကနေလုပ်ထားတဲ့ မုန့်ဖတ်နဲ့တွဲဖက်စားသုံးရတဲ့ မုန့်ဟင်းခါးမှာ ကစီဓါတ်၊ ပရိုတင်း နဲ့ ဗီတာမင်တွေပြည့်ဝစွာပါဝင်နေတာကြောင့် အာဟာရပြည့်ဝစေမှာပါ။

ထမင်းကြော်ထမင်းက ခန္ဓါကိုယ်အတွက်လိုအပ်မယ့် ကစီဓါတ်ကိုပေးစွမ်းနိုင်သလို ထမင်းကြော်ကို အသား၊ ပဲပြုတ်၊ ကြက်ဥတို့နဲ့ တွဲဖက်စားသုံးမယ်ဆိုရင် ပရိုတင်း၊ ဗီတာမင် D နဲ့ အမျှင်ဓါတ်တွေကိုပါရရှိစေနိုင်မှာပါ။

ကော်ဖီ နဲ့ ပေါင်မုန့်မီးကင် – ကော်ဖီက ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် နှလုံးကျန်းမာစေနိုင်သလို လန်းဆန်းမှုကိုပါရရှိနိုင်မှာပါ။ ပေါင်မုန့်ဆိုတဲ့နေရာမှာလည်း ပေါင်မုန့်အဖြူထက် ဂျုံကြမ်းနဲ့လုပ်ထားတဲ့ ပေါင်မုန့်တွေက အမျှင်ဓါတ်ကြွယ်ဝနေမှာဖြစ်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

Oatmeal – အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေသလို သံဓါတ်၊ ဖောလိတ် နဲ့ အခြားသောဗီတာမင်၊ သတ္တုဓါတ်တွေကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကိုကျန်းမာစေသလို နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ သွေးတွင်းကိုလက်စထရော ကျစေနိုင်မယ့် မနက်စာပါ။

ဂျုံခေါက်ဆွဲပြုတ် – မနက်ခင်းမှာ ကြက်စွပ်ပြုတ်ပူပူလေးထဲကို ဂျုံခေါက်ဆွဲထည့်ပြုတ်ပြီးစားပေးတာက ပရိုတင်း( အသားဓါတ်) အပြင် ကစီဓါတ်ကိုပါရရှိစေနိုင်ပါတယ်။ အသီးအရွက်တွေပါထည့်ပြီး စားသုံးမယ်ဆိုရင် အစာခြေစနစ် ကျန်းမာစေမယ့် အမျှင်ဓါတ်ကိုပါရရှိစေမှာပါ။

ခေါက်ဆွဲကြော်၊ ကြာဇံကြော် – ဆန်နဲ့လုပ်ထားတဲ့ ကြာဇံ၊ ဂျုံနဲ့လုပ်ထားတဲ့ ခေါက်ဆွဲတို့ကို အသား၊ အသီးအရွက်၊ ကြက်ဥတို့နဲ့တွဲစပ်မှုက အရသာရှိရုံတင်မဟုတ်ဘဲ ပရိုတင်း (အသားဓါတ်)၊ ကစီဓါတ်၊ အရိုးတွေကိုသန်မာစေနိုင်တဲ့ ဗီတာမင် D နဲ့ အစာခြေစနစ်ကို ကျန်းမာစေနိုင်တဲ့ အမျှင်ဓါတ်တို့ကိုပါရရှိစေနိုင်မှာပါ။

နွားနို့ နဲ့ ကွတ်ကီး – နွားနို့ မှာ ပရိုတင်း (အသားဓါတ်)၊ အရိုးနဲ့သွားတွေကြံ့ခိုင်စေတဲ့ ကယ်လ်ဆီယမ်၊ ခန္ဓါကိုယ်ကျန်းမာဖို့လိုအပ်တဲ့ ရေဓါတ်အပြင် အခြားအရေးပါတဲ့ အာဟာရဓါတ်များစွာပါဝင်နေပါတယ်။ နွားနို့ကို အုတ်ဂျုံနဲ့လုပ်ထားတဲ့ကွတ်ကီးနဲ့တွဲဖက်မှုက နှလုံးကျန်းမာစေပြီး သွေးတိုးနဲ့ ဆီးချိုကိုပါအထိရောက်ဆုံးဟန့်တားပေးနိုင်တဲ့ မနက်စာဖြစ်လာစေမှာပါ။ အကြောင်းကတော့ အုတ်ဂျုံမှာ သွေးအားကောင်းစေတဲ့ သံဓါတ်၊ ကော့ပါး၊ ဗီတာမင် B1၊ ဗီတာမင် B5 တို့ပါဝင်နေတာကြောင့် အာဟာရပြည့်ဝပြီး ကျန်းမာတဲ့မနက်စာဖြစ်စေမှာပါ။

ကဲ..မနက်ခင်းလေးကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာလေးနဲ့ စတင်လိုက်ကြရအောင်လား……….

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


သက်ဆိုင်သည့် ဆောင်းပါး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement