မျက်လုံးတွေ ကြည့်လို့ မကောင်းဘူး၊ ရီဝေဝေနဲ့ရယ်။ စာဖတ်လို့လည်း အဆင်မပြေဘူး။ ကြည့်ရတာ အားမရဘူး ဆိုတာ မကြာခဏ ကြားရပါတယ်။ အကြောင်းရင်းတွေက အများကြီး ရှိနိုင်တယ်နော်။ မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။
မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ
မှုန်ရီဝေတဲ့ အမြင်အာရုံဖြစ်လာတာ ဘာကြောင့်ဖြစ်မလဲ ဆိုတော့
- မျက်မှန်လိုနေပြီ
မျက်စိအသုံးပြုရတာများလို့ အပါအဝင် အကြောင်းရင်းအမျိုးမျိုးကြောင့် အဝေးမှုန်၊ အနီးမှုန် မျက်စိပါဝါတွေရှိလာတာ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ မျက်စိကျန်းမာရေးစစ်ဆေးပြီး မျက်မှန်လုပ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
- မျက်စိညောင်းနေတာဖြစ်နိုင်တယ်
တီဗီ၊ ကွန်ပျူတာ သို့မဟုတ် ဖုန်းကို အကြာကြီး ကြည့်နေတတ်တဲ့သူလား။ ဒီလိုကြည့်တဲ့အခါ မျက်တောင်ခတ်တာနည်းတတ်ပါတယ်။ မျက်တောင်တစ်ခါခတ်တိုင်းမှာ မျက်လုံးထဲမှာ မျက်ရည်တွေကဖြန့်ကြက်ပြီး အစိုဓါတ်ပေးနိုင်တယ်၊လန်းဆန်းစေတယ် ။ ဒါ့ကြောင့် မျက်စိမညောင်းရအောင် ဒီလိုအကြာကြီးကြည့်တဲ့အခါ မကြာခဏမျက်တောင်ခတ်ဖို့ကို မမေ့ပါနဲ့။
- အသက်ကြီးလာလို့
အသက် ၄၀လောက်ရောက်တဲ့အခါ စာဖတ်တာကအစ အနီးကပ်အာရုံစိုက်ရအဆင်မပြေတော့တာ သတိထားမိလာပါလိမ့်မယ်။ ဒါဟာ အသက်ကြီးလာတဲ့ပုံမှန်လက္ခဏာတစ်ခုပါပဲ။ စာကြည့်မျက်မှန်တွေဖြစ်ဖြစ် ဆရာဝန်နဲ့တိုင်ပင်ပြီး အသုံးပြုသင့်ပါတယ်။
- ဆီးချိုရှိနေတာများလား
သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းမထိန်းချုပ်နိုင်တဲ့အခါ မျက်စိမှန်ဘီလူးအတွင်းကို အရည်တွေ စိမ့်ဝင်စေနိုင်ပြီး ဖောင်းလာစေပါတယ်။ ဒါကို ကုသမှုမလုပ်မချင်း ဆက်ပြီး ဖြစ်နေနိုင်တဲ့ လက္ခဏာပါ။ သကြားဓာတ်ပမာဏပုံမှန်ဖြစ်မှ မှန်ဘီလူးလည်း ပုံမှန်ပြန်ဖြစ်မှာပါ။ ဆီးချိုရောဂါရှိတဲ့သူတွေမှာ retinopathy မျက်စိရောဂါ ဖြစ်နိုင်ခြေ ပိုများတာကြောင့် အမြင်အာရုံ မှုန်ဝါးလာရင် ဆီးချိုကိုလည်းသတိပြုပါ။
- မျက်လုံးက ရောင်နေတာ
မျက်လုံးမှာ ထိခိုက်ထားတာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်ကပ်မှန်တပ်ရင်း အိပ်မိတာ၊ သေချာမသန့်စင်တာ၊ သိမ်းဆည်းပုံ မမှန်ကန်ဘဲပစ်ထားတာတွေက မျက်စိကို ရောဂါပိုးဝင်စေနိုင်ပါတယ်။ ဆိုရီရေးစစ်အရေပြားရောဂါ၊ လေးဘက်နာအဆစ်ရောင်ရောဂါတို့လို ခန္ဓာကိုယ်တခြားအစိတ်အပိုင်းတွေမှာဖြစ်တဲ့ ကိုယ်ခံအားဆိုင်ရာရောဂါတွေကြောင့်လည်း မျက်စိကိုရောင်ရမ်းစေတတ်ပါတယ်။
ရောဂါအခံ ဒါမှမဟုတ် ရေဓာတ်ခန်းခြောက်တာကြောင့် သွေးပေါင်ကျနေနိုင်ပါတယ်။ သောက်သုံးနေရတဲ့ ဆေးဝါးတချို့၊ နှလုံးနဲ့ဆိုင်တဲ့ ပြဿနာတချို့၊ အာဟာရမပြည့်ဝတာ၊ ဟော်မုန်း မညီမျှတာ၊ အိပ်ရေးပျက်တာ စတာတွေက သွေးပေါင်ကျပြီး အမြင်အာရုံ ဝေဝါးစေတဲ့အကြောင်းရင်းတွေထဲပါဝင်ပါတယ်။
[embed-health-tool-bmi]