LASIK လို့ခေါ်တဲ့ laser in-situ keratomileusis ဆိုတာဟာ အနီးမှုန်၊ အဝေးမှုန်သူတွေ နဲ့ သူငယ်အိမ်စောင်းခြင်း (astigmatism) ရှိသူတွေကို အမြင်အာရုံကောင်းမွန်အောင် လေဆာနည်းနဲ့မျက်စိကုသခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီကုသမှုက မျက်ကြည်လွှာရဲ့အသွင်သဏ္ဍာန်ကိုပြောင်းလဲစေပါတယ်။
လေဆာဖြင့်မျက်စိပါဝါဖျောက်ခြင်း (LASIK ) ကုထုံးမှာ မျက်စိအထူးကုပညာရှင်က အရင်ဆုံး microkeratome ကိရိယာကိုသုံးပြီး မျက်ကြည်လွှာမှာ တိကျပါးလွှာတဲ့corneal flap တစ်ခုကို အရာပေး ဖန်တီးပါတယ်။ ပြီးမှ flap ကိုခွာပြီး မျက်ကြည်လွှာတစ်ရှူုးအောက်ခံလွှာပေါ်လာစေပါတယ်။ အဲ့ဒီနောက်မှာတော့ အထူးပြုလုပ်ထားတဲ့ excimer laser နဲ့ လူနာရဲ့မျက်စိပါဝါအနေအထားကိုမူတည်ပြီး မျက်ကြည်လွှာကို ပြန်လည်ပုံသွင်း ကုသပေးပါတယ်။နောက်မှ ပြန်ချုပ်စရာမလိုဘဲ flapလေးကို မျက်ကြည်လွှာပေါ်ညင်သာစွာနေရာပြန်ချပေးတာဖြစ်ပါတယ်။
လူသားတွေရဲ့မျက်လုံးမှာ မျက်လုံးအတွင်းမှာရှိတဲ့မျက်ကြည်လွှာနဲ့မှန်ဘီလူးတို့က မျက်စိအာရုံစူးစိုက်မှုစနစ်ကို လုပ်ဆောင်ပေးပြီးမြင်လွှာပေါ်ကို အလင်းရောင်ကျရောက်မှုကို ကင်မရာတွေမှာ focus ချိန်ပေးသလို တုံ့ပြန်ပေးတာဖြစ်ပါတယ်။ ကောင်းမွန်တဲ့အမြင်အာရုံစနစ်တစ်ခုမှာ မျက်ကြည်လွှာနဲ့မှန်ဘီလူးအကွာအဝေး ကိုက်ညီမှုရှိပြီး ပုံရိပ်နဲ့ မျက်လုံးကြားအကွာအဝေးမှန်မှန်နဲ့ ကြည်လင်နေမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ အပြန်အလှန်ကိုက်ညီမှုမရှိရင်refractive error လို့ခေါ်တဲ့ ပုံရိပ်ပြတ်သားမှုမရှိပဲ တချို့နေရာတွေမှာ ဝါးတားတားတွေဖြစ်နေနိုင်ပါတယ်။
မျက်စိမှုန်ခြင်း အမျိုးအစားသုံးမျိုးရှိပါတယ် –
သင့်မှာ အနာကျက်နှေးစေတဲ့ဆေးဝါးတွေသောက်သုံးနေရရင်၊ အနာကျက်နှေးနိုင်တဲ့ရောဂါတစ်ခုခုရှိရင်မခံယူသင့်ပါဘူး။lupus(နာတာရှည်ရောင်ရမ်းနာ)နဲ့လေးဖက်နာအဆစ်ရောင်ရောဂါလိုမျိုးautoimmuneရောဂါတွေ၊ အိတ်ခ်ျအိုင်ဗီလို ကိုယ်ခံအားကျဆင်းတဲ့ရောဂါတွေ၊ ဆီးချိုသွေးချိုရောဂါတို့နဲ့ (retinoic acid and steroids)တို့လိုဆေးဝါးတချို့က မျက်စိခွဲစိတ်ကုသမှုနောက်ပိုင်း အနာကျက်ဖို့နှေးစေနိုင်ပါတယ်။
လက်ဝှေ့၊ နပမ်း၊သိုင်းပညာ သို့မဟုတ် မျက်နှာနဲ့မျက်လုံးကိုထိခိုက်စေတဲ့တခြားလှုပ်ရှားမှုတွေလုပ်ဆောင်လေ့ရှိသူဖြစ်ရင်လေဆာကုသမှု မခံယူသင့်ပါဘူး။
အသက် ၁၈ နှစ်မပြည့်သေးသူဖြစ်ရင် Lasik ကုသမှုအတွက် ခွင့်ပြုမထားပါဘူး။
LASIK ခွဲစိတ်ကုသမှုမခံယူမီ ကုသမှုအတွင်းနဲ့နောက်ပိုင်း ဘာတွေဖြစ်နိုင်သလဲဆိုတာ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးပါ။ ဒီအပိုင်းမှာ သင့်ရဲ့ဆေးမှတ်တမ်းကိုပြန်လည်သုံးသပ်ပြီး မျက်စိပြန်လည်စစ်ဆေးမှာဖြစ်ပါတယ်။ အစပိုင်းစစ်ဆေးမှုတွေလိုပဲ မျက်ကြည်လွှာရဲ့အထူအပါး၊ အလင်းယိုင်ခြင်း၊corneal mapping၊လေထုဖိအား၊ သူငယ်အိမ်အကျယ် တို့ကိုတိုင်းတာစစ်ဆေးခြင်းတို့ပါဝင်ပါတယ်။ ကနဦး စစ်ဆေးမှုတွေပြီးသွားတာနဲ့ ခွဲစိတ်ဆရာဝန်နဲ့တွေ့ဆုံပြီး သိလိုတာတွေမေးမြန်းနိုင်ပါတယ်။ပြီးရင်တော့ ခွဲစိတ်ဖို့ ရက်ချိန်းယူလို့ရပါပြီ။
သင်က rigid gas permeablecontact lensesမျက်ကပ်မှန်တပ်သူဖြစ်ရင်ဆေးမစစ်မီ အနည်းဆုံး ၃ ပတ်လောက်တည်းက မျက်ကပ်မှန်မသုံးပါနဲ့။ တခြားအမျိုးအစားမျက်ကပ်မှန်ဆိုရင်တော့ မစစ်ဆေးမီ အနည်းဆုံး ၃ရက်အတွင်း မတပ်ဘဲနေသင့်ပါတယ်။ ဆရာဝန်ဆီလာတဲ့အခါ ကိုယ်သုံးနေတဲ့မျက်မှန်တွေယူလာဖို့ မမေ့ပါနဲ့။
ခွဲစိတ်တဲ့နေ့မှာ ဆရာဝန်ဆီမသွားခင် အစာနည်းနည်းစားပြီး ညွှန်ကြားထားတဲ့ဆေးတွေအားလုံးသောက်ပါ။ မျက်နှာကိုဘာမှမလိမ်းပါနဲ့။လေဆာအောက်မှာ ဦးခေါင်းအနေအထားမှန်ကန်ကျနစေဖို့ ဆံပင်မှာ ဘာမှတပ်မလာပါနဲ့(ခေါင်းညှပ်၊ကလစ်၊စသည်)။ မနက်ပိုင်းမှာနေလို့သိပ်မကောင်းဘူးဆိုရင် ခွဲစိတ်မှုကို ရက်ရွှေ့လို့ရမရ ဆရာဝန်ကိုဆက်သွယ်ဆွေးနွေးပါ။
Lasik ကုသမှုမှာ အကျိုးကျေးဇူးတွေအများကြီးရှိပါတယ် –
သိလိုတာရှိရင်၊ နာကျင်ကိုက်ခဲမှုခံစားရရင်၊ အမြင်အာရုံဆုတ်ယုတ်မှုဖြစ်လာရင်၊ မျက်စိနီရဲလာရင်၊ မျက်ဝတ်တွေထွက်လာရင်၊ ဆရာဝန်ကို အမြန်ဆုံးပြသပါ။
လေဆာနဲ့မျက်စိပါဝါဖျောက်ပြီးနောက် ထိခိုက်မှု သို့မဟုတ်ရောဂါပိုးဝင်ခြင်း မဖြစ်စေဖို့အောက်ပါသတိပေးချက်တွေကို လိုက်နာဆင်ခြင် နိုင်ပါတယ် –
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။